SPUD5 နှင့် ရတာယူမယ်...ရတာယူမယ်

in #myanmar5 years ago (edited)

image

ယနေ့တော့ အတိတ်လည်းကောင်းတာ။
နမိတ်လည်းကောင်းတာ ထီပေါက်လိမ့်မယ်
ထင်တာ။ဗေဒင်ဆရာကိန်းအကျ သိန်းရမှာ
ဧကန်ပါပဲ........ခင်ဗျာ။ ဒီနေ့ မြန်မာပြည်ကြီး
မှာလည်းအောင်ပါလေ ထီဖွင့်ရက် အပြင်......
ယနေ့ သည် SPUD5 ရဲ့ပြိုင်ပွဲနေ့ ဆိုတော့
ပြိုင်ပွဲဝင်တွေအားလုံး ဆုတွေရကြပါစေ။
ကိုယ်လဲ ရချင်တာပေါ့လေ။ ထီလည်းပေါက်ချင်တာပေါ့လေ 😁။

SPUD5 ပြိုင်ပွဲဝင်ဖို့ ကိုဟိန်းပို့စ် ဖတ်ပြီး steem
တွေစုထားရသည်။ ကိုယ်တွေ ရက်၂၀ ကျော်
လောက်စုတာ steem 20 ခန့်သာရှိသည်။
ကိုဟိန်း သည် spud5 နေ့တွင် steem 444
Steem Power Up မည်ဖြစ်သည်။ ကိုဟိန်း
ဘယ်လိုများစုသလဲ သိချင်မိသည်။ ယခင်
SPUD ပြိုင်ပွဲတွင်လည်း steem 300 ကို
ပါဝါအပ်ခဲ့ပြီး ကိုဟိန်းက ပထမဆု ရရှိခဲ့သည်။

q2qu3x5jr1.jpg

ဆု များနှင့်ပတ်သက်၍ ကျွန်တော်တို့အများဆု
သည် ပမထဆု ရရှိသူအား သတိထားမိ တတ်
သည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထ ဆုရရှိသူ
များကို သတိမမူမိကြပေ။ သူတို့လည်း ကြိုးစား
အားထုတ်ခဲ့ကြသည်။ သို့သော်လည်း သူတို့အား
အမှတ်မထားမိခဲ့ကြပေ။

ကဲ ...... ဒါကြောင့် SPUD4 မှာ
ဆုရရှိသူများကို
ပြန်လည်မှတ်မိစေရန်
အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

FIRST PLACE @golden.future

SECOND PLACE @gargi

THIRD PLACE @javiersebastian

FOURTH PLACE @nayhlaingsoe

Screenshot_20190901-143829_Samsung Internet.jpg

သူတို့တွေအတွက်လည်း လက်ခုပ်သံလေးတွေ
ကြားချင်ပါတယ်။ အဟမ်း ကိုယ့်ကိုကိုယ်
အစီစဉ်တင်ဆက်သူ လိုလို ဘာလိုလိုပေါ့။

မကြာခင် အချိန်အတွင်းမှာ ကျရောက်လာတော့
မည့် SPUD5 ရဲ့

ပထမ First

ဒုတိယ Second

တတိယ Third နှင့်

အယောက် ၂၀ မှာ ဘယ်သူတွေ ပါမလဲဆိုတာကို
ရင်ခုန်စွာ စောင့်မျှော်ရင်း SPUD5 မှာ ပါဝင်
လိုက်ကြပါစို့။

ကဲ စာလေးလည်း အနည်းအပါး ရေးပြီးပြီဆို
တော့ power up ဖို့ wallet ထဲသွားလိုက်အုံးမယ်ဗျာ။ ဖြစ်ညှစ်ပြီ စုထားတဲ့ steem 20 ကို
Power Up ရမှာဆိုတော့ နည်းနည်းတော့
ဘဝင်မြင့်တာပေါ့ 😁။

ဆု ရတာ မရတာတော့ ပြိုင်ပွဲလုပ်တဲ့သူတွေ
ဦးနှောက်စားပါစေ။ ပါဝင်ပြိုင်ရတာက ကိုယ်
အလုပ်ဆိုတော့ အနည်းဆုံး ပြိုင်ပွဲလုပ်သူတို့
၏ vote တစ်ချက်တော့ ကိုယ့်အတွက် ရတာ
ပေါ့။ နောက်ဆုံး ဆုမရတော့လည်း အပျိုကြီးများ
သနပ်ခါးကျောက်ပျဉ်သွေးသလို
ရတာယူမယ်...
ရတာယူမယ်.....။

အော် ပြိုင်ပွဲဝင်တဲ့အထဲ အပျိုကြီးတွေများ
ပါလာရင်ကျုပ်ကို ဒေါင်းဗုတ်တွေ၊ အလံတွေ
များ လာပြလေးမလား (ဖျားဖျား) ဘုရား ဘုရား။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations @htwegyi for #spud5 power up post !

သူများဆီက စတင်း ၁၀၀ ချေးပြီး 607 SP ဒီနေ့ up ပစ်လိုက်တယ်😁😁 ကြွားတာဗျ

Posted using Partiko Android

Oh ဒါကနော့ တော်တော်ကိုလွန်တာပေါ့ ကိုဟိန်းရာ 😁

up… up … up … power

ဟု ဟု မမ ဟု

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.027
BTC 60654.57
ETH 2343.25
USDT 1.00
SBD 2.48