စိုးရိမ်စိတ် လောဘစိတ်

in #myanmar5 years ago

image

ကျွန်တော့်အမေသည် အသက် ၈၅နှစ်သို့
ဝင်ရောက်ခဲ့ပြီဖြစ်သည်။ အသက်ကြီးလာ
သည်နှင့်အမျှ သားသမီးများကို ခင်တွယ်ကာ
စိုးရိမ်စိတ်ပိုလာသည်ဟုထင်ပါသည်။ ကျွန်တော်
ခရီးဝေးများထွက်သည်ကို မကြိုက်တော့ချေ။
တစ်ညအိပ်နေ့ချင်းခရီးများကို မပြောသော်လည်း
နှစ်ည သုံးညအိပ်ခရီးရှည်များကို မသွားစေချင်
တော့ပေ။ ကျွန်တော် ခရီးသွားသည့် ရက်များ၌
ညအချိန်များတွင် အမေသည်ကောင်းမွန်စွာ
မအိပ်ကြောင်း အစ်မကပြောသည်။

ထို့ကြောင့် ညအိပ်ရက်ရှည်ခရီးများကို ကျွန်တော်
မသွားဖြစ်တော့ပါ။ တစ်နေ့က ရုံးမှအဖွဲ့များ
ပုသိမ်မော်တင်စွန်းသို့ဘုရားဖူးသွားကြသည်။
ကျွန်တော့်အားခေါ်ပါသော်လည်း မလိုက်ဖြစ်ခဲ့ပါ။
ကိုယ်ခရီးသွားနေစဉ် အမေဖြစ်သူက စိုးရိမ်သောက
များနေလျှင် ကိုယ့်ရဲ့ခရီးမှာအဓိပ္ပါယ်မရှိတော့ပါ။
ကိုယ်ခရီးသွားနေချိန် ကျန်နေသူအမေက ရင်တမမ
ဖြစ်သည်ဟုပြော၍ ခရီးသွား ဆင်ခြင်ရပါတော့
သည်။ အမေသည် အသက်အရွယ်ကြီးလာ၍
သားသမီးများနှင့် ပူးပူးကပ်ကပ်နေချင်ရှာ၍
ဖြစ်ပေမည်။

image

image

ခရီးသွားသည်ဆိုရာမှာ ကျွန်တော် အတွက်တော့
စိတ်အပန်းဖြေခြင်းနှင့် ဒေသန္တရဗဟုသုတရရန်ဖြစ်ပါသည်။ Steemit မှာစာရေးနေတော့ စာရေးဖို့
ကုန်ကြမ်းလေးလည်းရချင်သည်။ တခါတရံ
အမေသည် အိမ်နီးချင်းကလေးများနှင့် ရန်ဖြစ်
တတ်သည်။ အိမ်နီးချင်း မထက်မှ နှစ်လုံးထိုး၍
ပေါက်လျင် အမေကဝမ်းပါးတတ်သည်။

”ဟဲ့ မိထက် ညည်းထိုးတဲ့ဂဏန်း ငါ့လည်း
ပြောအုံး ငါလည်းထိုးချင်တာ။ ညည်းပေါက်ရင်
ငါလည်းပေါက်ချင်တာအေ့”

”အမေကတော့ လုပ်ပြီး အမေပဲပြောထားတာလေ
လောင်းကစား မှန်သမျှဘယ်ဟာမှ မကောင်းဘူးဆို။
ခုတော့ အမေက လောဘတက်နေတာပေါ့”

”အေဟေ့ မိထက်ပေါက်တော့ ငါလည်းဝမ်းပါး
တာပေါ့”

”ကိုယ့်အိတ်ထဲကအရင်ပါသွားတာတော့ အမေက
မသိဘူး ကဲ မထက် ပြောလိုက်ပါအုံးဗျာ အရင်က
ထိုးလို့ကုန်ထားတဲ့ငွေ ဘယ်လောက်ရှိပြီဆိုတာ”

”ဟုတ်တယ် အမေကြီး အစမလုပ်နဲ့ ကျွန်မမှာ
စမိထားတာမို့ ငွေတွေကုန်လှပေါ့ အိမ်ကလူ
မသိအောင် အကြံအဖန် လုပ်နေရတာ အကြွေး
လေးတွေ ကျေနိုးနဲ့ထိုးနေတာ လုံးချာလိုက်နေတာ
ပါ”

image

image

”ကဲ ကြားတယ်နော် အမေ နှစ်လုံးပေါက်တော့
အမေက ဘာလုပ်မလို့လဲ”

”ပိုက်ဆံလေးများရင် ရွာပြန်ပြီး ရွာဘုန်းကြီးကျောင်း
လှူချင်တာ။ သူငယ်ချင်းတွေနဲ့ တွေ့ချင်ပေသိ
သူတို့တွေလည်း မရှိရှာကြတော့ပါဘူးလေ။ ပြောသာ ပြောရတယ် စိတ်သာရှိပြီးခန္ဓာကိုယ်ကြီးက
မလိုက်နိုင်ပါဘူး။ အော် လောဘ လောဘ
အတောမသတ်နိုင်ပါလား”

အမေသည် အဝေးကိုကြည့်ရင်း တစ်ခွန်းချင်း
ပြောနေပါတော့သည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ ကျေးဇူးပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

မိဘဆိုတာကတော့ဒီလိုမျိုးအသက်ကြီးလာလေ သားသမီးတွေနဲ့ နီးနီးနေချင်လေပါ၊ဘဝကံလွဲနေကြတော့ တနယ်တကျေး အဝေးရောက်သူလည်းရောက်ပေါ့

Posted using Partiko Android

ဟုတ်တယ်ဦးမင်း တခါတလေ ဆိုးတဲ့သူကို မိဘများက ပိုသတိရနေတတ်ကြတယ်

အမေ မှ မဟုတ်ပါဘူး အေ ကိုဒေလည်း အဲ့လိုဘဲ ထီဖွင့်ရက် ထီပေါက်ချင် သူများ၂လုံး ပေါက်တယ်ဆိုတော့ ပေါက်ချင်ပြန်ရော ထိုးထားသလား ဆိုတော့ ထိုးပေါင် အေ

ဟားဟား ပျဉ်မနား က ဆရာတော်ပြီးရင် ဒီဖက်
စစ်ကိုင်း မန္တလေးဘက်ကို သိန်းတစ်သောင်းခွဲ ရောက်လာကောင်းပါရဲ့ 😁

ရင်ထဲထိတယ် ဦးထွေးရေ

ဟုတ်ကဲ့ပါဗျာ

ဒီအရွယ်​ထိအ​မေသက်​ရှိထင်​ရှားရှိ​နေတာကံ​ကောင်းမှူတခုပါပဲရှင်

ဟုတ်တယ်ဗျို့ ကံကောင်းတဲ့ဆုလာဘ်တစ်ခုပ

သံယောဇဉ်တွေဖြတ်ဖို့ဆိုတာ မလွယ်ကူဘူးကိုထွေးကြီး အသက်ကြီးလာလေ အဖော်လိုလာလေပဲဖြစ်မယ်ဗျို့

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 62177.56
ETH 2918.14
USDT 1.00
SBD 3.66