စကားလုံးများ၏ အဓိပ္ပါယ်

in #myanmar5 years ago (edited)

image

ငထွေးငယ်စဉ်က ၈တန်း ၉တန်း ၁၀တန်း
ကျောင်းသားဘဝမှာ ပြင်ပကျူရှင်များ
ရှိခဲ့သည်။ ထိုကျူရှင်များသည် အင်္ဂလိပ်စာ၊
သင်္ချာနှင့် အခြားဘာသာများကို တစ်ခုချင်း၊
တစ်ဘာသာချင်းသင်ပေးသည့် ကျူရှင်များ
ဖြစ်သည်။ဥပမာ မန္တလေးရှိ ဦးဘုန်း ဓာတု၊ သင်္ချာသန်းကို၊ မျိုးမင်း၊ အင်္ဂလိပ်စာ သင်သည့်
ကျူရှင်ဆရာများနှင့် ဂုဏ်ထူး ဦးသိန်းနိုင်
မြန်မာစာ အစရှိသည့်ကျူရှင်ဆရာများရှိခဲ့
ပါသည်။

အဆိုပါ ကျူရှင်များကို ငထွေးတက်ရောက်ခဲ့
ခြင်းမရှိပါ။ သူငယ်ချင်းများပြောစကားနှင့်
ကြော်ငြာများကြောင့် အမည်များကို ကြားနေ
ခဲ့ခြင်းဖြစ်သည်။ ကျူရှင်ဆရာများက တစ်ဦး
နှင့်တစ်ဦး ပြိုင်ဆိုင်ကြ၍ အသင်အပြလည်း
ကောင်းကြသည်ဟု သိရသည်။

tpfv9zvkao.jpg

ည က fm လေဒီယို ဖွင့်နားထောင်သည့်အခါ
မြန်မာစာ အရေးအသားနှင့်ပတ်သက်၍
ဆရာဦးသိန်းနိုင် အားမေးမြန်ထားသည့်
အကြောင်းအရာလေးကို နားထောင်လိုက်ရ
သည်။ ကားကြီးဝင်းတစ်ခုတွင်

”ဟိုင်းဝေး ဟိုင်းနီး ကားများရပ်ရန်”

ဆိုင်းဘုတ်ရေးထားသည်။ ထိုအရေးအသားသည်
အင်္ဂလိပ်စကား အသံထွက် ဟိုင်းဝေးကိုယူ၍
ရေးသားထားသည်။ လူများက ဖတ်၍ သိနိုင်
သော်လည်း စကားလုံးအရေးအသားမှာ မှား
နေကြောင်းပြောသည်။ ဟိုင်းနီးဆိုသည့် စကား
မှာ မရှိချေ။ အဓိပ္ပါယ်လည်းမရှိချေ။

eeilaxs0on.jpg

သို့သော် မိုးလေဝသဌာနမှ ကြေငြာသည့်
မိုးလေဝသ သတင်းများတွင် မိုးသက်လေပြင်း
ကျရောက်နိုင်သဖြင့်

”ကမ်းနီး ကမ်းဝေး”

ငါးဖမ်းသင်္ဘေများ သတိထားမောင်နှင်းကြရန်
သတိပေးထားသည်။ အဆိုပါ ”ကမ်းနီး ကမ်းဝေး”
တွင် ပင်လယ်ကမ်းနှင့် အနီးအဝေးဟူသော
အဓိပ္ပါယ်ကို ဆိုလိုရင်းဖြစ်သည်။

တောရွာများတွင် စပါးစိုက်ပျိုးသူများကို
လယ်သမား၊ လယ်စိုက်သူ ဟုခေါ်သည်။
စပါးမစိုက်ပျိုးပဲ အခြားသီးနှံများကို စိုက်ပျိုးသူ
များကို ”တောင်သူ” ဟုခေါ်သည်။ စိုက်ပျိုးရေး
နှင့် အသက်မမွေးပဲ ထင်းခုတ်ရောင်းသူ၊
ဆေးဆရာများနှင့် အခြားလုပ်ငန်း လုပ်သူ
များကိုတော့ ”မြောက်သူ”ဟုခေါ်ပြန်သည်။
”တောင်သူနှင့် မြောက်သူ” အကြောင်းကို
ယခင်ကပင် ငထွေးသည် အမေ့ကို မေးထား၍
သိထားပြီဖြစ်သည်။

ထို့ကြောင့် steemit မိတ်ဆွေများလည်း
ဗဟုသုတရရန် ပြန်လည်ဝေမျှလိုက်ပါသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 6000 comments. Your next target is to reach 6500 comments.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Thanks steemitboard

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63643.10
ETH 2582.85
USDT 1.00
SBD 2.75