စာဖတ်ပါ ရဲရဲတွေး ရဲရဲရေးပါ

in #myanmar6 years ago

Steemit မှာ စာရေးစရာ ကုန်သွားပြီလား
Steemit မှာ စာရေးခဲ့သည်မှာ တစ်နှစ်သားကျော်ခဲ့သည်။ရေးခဲ့သည့်စာတွေ စာမျိုးစုံလင်လှသည်။
ကိုယ်ရေးတဲ့စာ ကိုယ်ပဲဖတ်ခဲ့တာမို့ ကိုယ်တိုင်သာ
တည်းဖြတ်၊ ကိုယ်တိုင်ပို့စ်တင်ပြီး ကိုယ်တိုင်
ဗုတ်ပေးခဲ့တာ။ မကောင်းတာရော၊ ဖတ်လို့ အဆင်မပြေတာရော၊ ဘာတွေရေးထားမှန်းမသိတာရော
အားလုံး သည်းခံပြီး ဗုတ်ပေးခဲ့ကြသည့် ဘော်ဒါတွေ
အထူးသဖြင့် msc. အဖွဲ့မှ မိတ်ဆွေများအားလုံးကို
ကျေးဇူးဥပါသကာရအထူးတင်ရှိပါသည်။

image

image

ကိုယ်ရေးခဲ့သည်စာများက ကိုယ့်ကိုကိုယ်တော့
စုံလှသည်ဟုထင်မိပါသည်။ကိုယ့်ကိုတော့
အဟုတ်ကြီးမှတ်နေသည်။ တရုတ်ကြီးတွေ
မန္တလေးမြို့ကို ခါးစောင်းတင်နေတာတော့
မသိရှာဘူး။ နွားခြေရာခွက်တောင်ဟုတ်ဘူး
အပ်နဖားပေါက်ကနေ ကျေနပ်နေတဲ့ ကိုယ့်ဘဝ
သေလိုက်စမ်းလို့တောင်ပြောရတယ်။တင်းတိမ်
ရောင့်ရဲတာမြန်မာ၊ မေတ္တာတရားတွေပြည့်ဝ
နေတာလဲ ကျုပ်တို့ရွှေမြန်မာပါပဲလေ။

ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကျအုံးမည်။
အေးအေးဆေးဆေးနေ တာပဲကောင်းပါတယ်။
အေးဆေးနေတော့လဲ ငအ ငနုံတဲ့ အနိုင်ကျင့်ခံ
ရမယ်မှတ်။လူပေါ် လူဇော်လုပ်နိုင်မှ သူများ
လုပ်တာ မခံရမယ်တဲ့။ ကဲ့ ကျွန်တော်တို့က
သည်းခံရမလား၊ ပြန်လှန်ရမလား စိတ်ကြိုက်
ပြောကြည့် အဲရေးကြည့်ပေးကြပါအုံး။မြှောက်ပေးတာမဟုတ်ဘူးနော်၊ လျှောက်လဲတွေးမနေကြနဲ့အုံး။
Steemit မှာစာရေးနေတာ အေးစက်နေကြသ
လားလို့ အနွေးဓာတ်လေး ပေးကြည့်တာ။
ဟာ... ဟိုက ကိုသက်တို့အဖွဲ့ ပုလင်းဖွင့်ခိုင်းတာ
မဟုတ်ဘူးလေ။ အံမယ်...လူတောင်စုနေပြီ
မှန်း ...အမြည်းတွေတောင် ဖွယ်ဖွယ်ရာရာ နဲ့
တယ် တက်ကြွကြသကိုး။သူတို့ အနွေးဓာတ်က
တစ်မျိုး ပုလင်းဖွင့်နေတာဗျို့။

Steem ဈေးတွေကျနေလို့ စိတ်ညစ်နေမယ်များ
မှတ်နေလား။ စိတ်မညစ်ပေါင် steem ဈေးကျလို့
MSC ကနေ့စဉ် pro ပေးနေတာ အဲ့ဒါအမြတ်ပဲ။
ကိုယ်ပို့စ်တင်ကြည့် pro မရှိရင် 0.5 ကျော်မှာ
မဟုတ်ဘူး ကြွားတာဟုတ်ဘူး တကယ်ကိုမရတာ။
ခုတော့ အေးအေးဆေးဆေး တစ်ရက်ခြားတစ်ခါ
MSC Pro လေးနဲ့ ငြိမ့်လို့ ကျေးဇူးထပ်တင်ပါ
သည် MSC။

image

ဘာ...စာရေးရတာ ခက်ခဲလား?
နည်းနည်းတော့ အားစိုက်ရ မှာပေါ့
အလကားရတာဆိုတာ မကောင်းဘူး
အလကား ရတာဆိုတာကိုက တန်ဘိုးမရှိဘူး။
အလကားရတာကို တန်ဘိုးမထားကြဘူး။
ကိုယ့်ရဲ့အတွေးတွေ ချရေးလိုက်။ ချရေးလိုက်တဲ့
စာလုံးလေးတွေက ဒေါ်လာလေးတွေအဖြစ်
ပြောင်းသွားတာ ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ။

အဓိက ကကိုယ့်ရဲ့စိတ်ကူးအတွေးတွေ၊ ဗဟုသုတ
တွေ၊ ဖတ်ထားတဲ့ မှတ်သားထားတဲ့အကြောင်းအရာတွေ၊ ကိုယ့်ရဲ့အတွေ့အကြုံတွေ အဲ့ဒါတွေ....
အဲ့ဒါတွေကို စာလုံးဖြစ်အောင်ရေးချဖို့ပဲ..ဒါပဲ
စာလုံးလေးတွေဖြစ်သွားဖို့ပဲ အရေးကြီးပါတယ်။
ကောင်းတာ မကောင်းတာက စာဖတ်သူစိတ်ကြိုက်
ပေါ့။ဒီစာလုံးလေးတွေဖြစ်လာအောင် ကြိုးစားခဲ့တာ
ဆိုတော့ ကိုယ်သာအသိဆုံး။

image

ကိုယ့်စာကြောင့် သူတစ်ပါးမထိခိုက်ရန်၊
ဘာသာရေးမထိခိုက်ရန် နှင့် နိုင်ငံရေးတွင်
ပြဿနာမတက်စေဖို့ ဒါလေးတွေကိုတော့
ရှောင်ရှားစေချင်ပါတယ်။ ဒီအချက်တွေကိုတော့
MSC စည်းကမ်းမှာလဲ ပါပြီးဖြစ်ပါတယ်။
ကျွန်တော်၏အရင်ပို့စ်များမှာလဲ ဖော်ပြရေးပြ
ထားပြီးဖြစ်ပါသည်။

ကဲ...စာရေးတာကြာလို့ ကိုယ့်စိတ်ကူးအတွေးတွေ
ကုန်သွားပြီလား စာတွေဖတ်ပါ ။ ဘာစာပဲဖြစ်ဖြစ်
အကုန်ဖတ်ပါ။ ဖတ်ရင်းမှ ဘယ်စာကဘယ်လို
ကိုယ့်အကြိုက်အလိုက်ရွေးချယ်သွားပါလိမ့်မည်။
ဆရာကြီးလုပ်တာဟုတ်ဘူးနော့။ လူငယ်တွေ
ရေးပါ အားပေးနေပါတယ် လူငယ်တွေရင်ထဲမှာ
ရေးစရာတွေများမှာပါ။

image

ရေး ရဲရဲရေး
တွေး ရဲရဲတွေး
အချစ်လား ရေးပေါ့
သူကလဲ ရေးစရာတွေ များမည်ဖြစ်ခြင်း
လူငယ်တွေအတွက်အများကြီးရေးစရာပေးတဲ့
အချစ်က ဘဏ္ဍာတိုက်ကြီးပဲဟာ။
တွေးရင်း ရေးရင်း တဖြည်းဖြည်းခြင်း
လက်သွက်လာမယ်၊ ရင့်ကျက်လာမယ်။
စာတွေဖတ်မယ် ရေးမယ် ဘယ်သူပြောနိုင်မှာလဲ
ကွယ်... msc က ထွက်ပေါ်ထွန်းပေါက်လာမည့်
လူငယ်စာရေးဆရာတစ်ယောက် က
”မင်းကိုယ်တိုင်”
ဖြစ်နေမည်ဆိုတာကို။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

ဟုတ်တယ်ရဲရဲသာရေး အမှန်ပဲ

Posted using Partiko Android

အဟီး ဦးမင်းကတော့ လုပ်ပြီး 😁

@htwegyi, go and place your daily vote for Steem on netcoins! http://contest.gonetcoins.com/

Yes introduce.bot

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ဟုတ်ပါဘီ မှန်ပါဘီ ရေးနေဘာဘီလေ ☺
ကသက်က ပုလင်းမဖွင့်ပါဘူး သူက ဂေါက် ပဲ ☺
esteem ကလာရင်တော့ 0.5 မကဘူးရယ် ☺
အလကားရတိုင်းမကောင်းဘူး ဆိုတာမှားဒယ် လေကအလကားရတာ တန်ဖိုးမသိတာပဲ ရှိပါဒယ် ☺
ဘယ်သူ့မှ မထိခိုက်စေရပါဘူး ထိချင်းထိရင် မျက်လုံးပဲ ထိပါတယ် ☺
ဘာစာပဲဖြစ်ဖြစ် ဆိုပေမယ့် ဟိုစာတွေတော့ မဖြစ်ချေဘူးဗျို့ ☺
ရေးတာတော့ ရဲသလားမမေးနဲ့ ချင်းချင်းကို နီလို့ပါ ☺
ဝမ်းနည်းစရာအကောင်းဆုံးကတော့ အချစ်ဆိုတဲံ ဘဏ္ဍာတိုက်ကြီးကို ဖွင့်ပေးလိုက်တာတောင် ဘူမှလာမယူကြဘူးဗျာ ☺☺☺

လေ ကတရုတ်ပြည်မှာ ဝယ်ရတယ်တဲ့
ဟိုစာတွေ မဖတ်စေချင်ဘူးဆိုလေ
အဲ့စာ ဘာစာလဲရှာဖတ်မှာပဲ မဖတ်ရဘူး မလုပ်ရဘူး
ဆိုလေ......လူ့သဘောပါလေ။

တွေး​တွေးပြီး ​ရေး​နေရတာပဲ ဦး​ထွေး​ရေ 😊😊

Posted using Partiko Android

တွေးရင်း ရေးရင်း ငေးရင်း
တဖြည်းဖြည်းချင်း စတီးဈေးလေးများတက်စေရင်းပေါ့လေ

Steem ​ဈေး​လေးတက်​ရင်​​တော့ ​ပျော်​ပီ​ပေါ့ 😁

Posted using Partiko Android

ကိုဒေကတော့ များများစား မြန်မြန်ရေး ဘဲ

များများမော့ မြန်မြန်မူးမှ မောင်မောင်မှာ 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

Proသာမရှိရင်​0.3​လောက်​ရဖို့ကိုမလွယ်​ဘူး...ခုချိန်​လည်းစာပုံမှန်​​ရေးရင်း​ပျော်​ပါတယ်​...

Posted using Partiko Android

ဟုတ်ပါတယ်ဗျာ proလေးရှိတော့ ရေးရတာ အားရှိတာပ

မှန်​တာ​ပေါ့ဗျာ ကျွန်​​တော်​တို့စာ​တွေ တချို့စာ​တွေမှာ ပြန်​ဖတ်​​တော့
ဟာကွက်​​တွေအများကြီး ရှိ​နေ​သေးတာ​တွေ့လိုက်​ရတယ်

ဒီလိုပါပဲ ရေးရင်းနဲ့ သင်သွားတတ်သွားမှာပါ

mscကြောင့် စာရေးကောင်းပြီး စာကောင်းရေးတဲ့သူများလာမယ်လို့မျှော်လင့်မိပါတယ်

စာရေးသူတွေ များများပေါ်လာစေချင်တာပါပဲ
ဒါမှ steemit ကစိုပြေလာမယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63287.47
ETH 2569.39
USDT 1.00
SBD 2.81