ပန်းမြို့တော် သို့ အလည်လာစေချင်

in #myanmar6 years ago

မေမြို့ သို့မဟုတ် ပြင်ဦးလွင် ...
တိမ်ခိုးလေးများ ခြုံသိုင်းပါလို့ဆင်...
ပန်းကမ္ဘာမျှော်စင် စခန်းသာခေါ်တွင်...
မြွေလိမ် မြွေကောက်လမ်းကလေးများ..
ဖြတ်ကာကျော်ခဲ့ရင်....
မြေပြင်ချိုင့်ဝှမ်း မန္တလေး...
အဝေးမှာမှုန်ဝါးမြင်....။

မန္တလေးသားများအဖို့ တောင်ပေါ် မြို့ဖြစ်သည့်
ပြင်ဦးလွင် နှင့် သိပ်မစိမ်းကြပါ။ မိသားစုအလိုက်၊
သူငယ်ချင်းများဖြင့်တမျိုး၊ မိတ်ဆွေသင်္ဂဟတို့အား
လိုက်ပါပို့ဆောင်ကြရင်း ပြင်ဦးလွင် သို့ရောက်ရှိကြသည်ဖြစ်သည်။ ပြင်ဦးလွင်သည် လှပပြီးအေးမြကာ
ချစ်စရာကောင်းသည့်မြို့ဖြစ်သည်။ အပန်းဖြေ
အနားယူစရာလဲကောင်းသည်။ မန္တလေးသား
ကြေးရတတ်တို့အတွက် ပြင်ဦးလွင်သည်
မန္တလေးနွေကို အပူရှောင်စရာ မြို့လေးလဲဖြစ်
ပေသည်။

image
image source

ယခုအချိန်တွင် ပြင်ဦးလွင်မြို့၊ အမျိုးသား
ကန်တော်ကြီးဥယျာဉ်၏ (၁၃)ကြိမ်မြောက်
ဒီဇင်ဘာပန်းပွဲတော်ကြီးကို 2018 ခုနှစ်ဒီဇင်ဘာလ 15 ရက်နေ့တွင်ကျင်းပမည်ဖြစ်သည်။ မေမြို့၊
ပန်းမြို့တော်၊ ချယ်ရီမြို့တော်၊
တောင်လှေကားမြို့တော်၊ အချစ်မြို့တော်နှင့်
ပြင်ဦးလွင် ဟု အမည်အမျိုးမျိုးခေါ်တွင်သည်။

ပြင်ဦးလွင်သည် အမြင့်ပေ (၃၅၃၈)ပေခန့်ရှိသော ကုန်းပြင်မြင့်တွင်တည်ရှိသည်။ မန္တလေးမှ (၄၃)မိုင်အကွာတွင်တည်ရှိပြီး မန္တလေး-လားရှိုးကားလမ်း
ပေါ်တွင်ရှိသည်။ ပန်းအပွင့်အရေအတွက် ၃သိန်း
ကျော်ဖြင့် ယခုနှစ်တွင် ပန်းပွဲတော်ကို ပြသထား
မည်ဖြစ်သည်။ကျွန်တော်သည် ယခင် (၁၀)ကြိမ်
မြောက် ပန်းပွဲတော်တွင် ပြင်ဦးလွင်သို့ရောက်ခဲ့ပြီး
ဖြစ်သည်။

ပြင်ဦးလွင်ပန်းပွဲတော်သည် ဒီဇင်ဘာတွင်ပြုလုပ်၍
အလွန်အေးပေသည်။ ပြင်ဦးလွင်သို့ ကားဖြင့်
သွားရာလမ်းတစ်လျှောက် ကားစီးရသည်မှာ
အလွန်အေးသည်။ ကားအတွင်း တိုးဝင်သည့်
လေက အင်မတန်မှအေးလှပေသည်။ ခန္ဓာကိုယ်အသားကို လေမထိစေရန် စောင်များခြုံ၍
မနက်စောစော ပြင်ဦးလွင် သွား ကားစီး
ရသည်မှာ တစ်မျိုးပျော်စရာကောင်းလှသည်။
အများအားဖြင့် လိုက်ထရပ်၊ ခွေးဘီလူး
ကားတို့ဖြင့် ပြင်ဦးလွင်သို့ အုပ်စုဖွဲ့ သွားကြသည်။

image
Photo @htwegyi

ငယ်စဉ်က ပြင်ဦးလွင် သို့သွားခဲ့သည်ကိုအမှတ်တရ
ရေးပြချင်သည်။ ကျွန်တော်တို့နှင့် အိမ်နားနီးချင်း
ဆွေမျိုးတော်စပ်သည့် မိသားစုနှစ်စု မနက်
လားရှိုးရထားဖြင့် ပြင်ဦးလွင်သို့သွားကြသည်။
ပြင်ဦးလွင် မရောက်မှီ အနီးစခန်းဘူတာတွင်
ကျွန်တော်တို့အဖွဲ့ဆင်းကြသည်။ အနီးစခန်းမှ
ဘီးအီးရေတံခွန်သို့ လမ်းလျှောက်သွားကြသည်။

ကလေးဘဝ ပြင်ဦးလွင်ရထားဖြင့်သွားရသည်မှာ
ပျော်စရာအလွန်ကောင်းလှသည်။ ထမင်းချိုင့်များ
ထည့်လာပြီး ရေတံခွန်ဘေးမှာ ထမင်းစားရသည်မှာ
အရသာရှိလှသည်။ ဆော့ပြီးမောမောနှင့် ဆာဆာ
စားရသဖြင့် အင်မတန်မှစားကောင်းလှပေသည်။
သို့သော် ကျွန်တော်အစ်ကိုဖြစ်သူသည် ရေတံခွန်
မှာ ရေငုပ်နေတုန်း ခေါင်းပေါက်ခဲ့သည်။ သူရေငုပ်
နေစဉ် အပေါ်ကျောက်တုံးအမြင့်က ရေကစားသူ
လူတစ်ဦးသည် အစ်ကို့အပေါ် ခုန်ချမိပြီး ခေါင်း
ပေါက်သွားခြင်းဖြစ်သည်။

image
Photo @htwegyi

ထိုသူက တောင်းပန်၍ ဆေးကုဖို့ငွေပေးသည်။
ကျွန်တော်တို့သည် ထိုသူပေးသောငွေဖြင့် ဆေးခန်း
ပြသည်။ ပိုသောငွေဖြင့် ပြင်ဦးလွင်ရထားလုံးလေးငှါးကာ ပြင်ဦးလွင် မြို့ရှိဘုရားများကို ဖူးကြသည်။
ခေါင်းထိခိုက်လျှော်ကြေးငွေ မရပါက ကျွန်တော်တို့
သည် ပြင်ဦးလွင်မြို့အတွင်း ခြေလျှင်လည်ပတ်ရ
မည်ဖြစ်သည်။ ကျွန်တော်တို့သည် ထိုခေတ်က
ဝန်ထမ်းမိသားစုများဖြစ်၍ ငွေကိုဖောဖောသီသီ
သုံးစွဲခြင်းမပြုနိုင်ကြပေ။ ယခုလည် မသုံးနိုင်သေးဘူးလို့ 😁။

ပြင်ဦးလွင် အမှတ်တရ ခေါင်းဒဏ်ရာလေးကြောင့်
ပြင်ဦးလွင်ရထားလုံးလေးစီးခဲ့ရသည်ကို အမှတ်ရ
မိနေပါတော့သည်။

ကဲ...Steemit က မိတ်ဆွေများ
စိတ်အပမ်းလေးဖြေဖို့
တဆိတ်လှမ်းခဲ့ပါလို့
ပန်းမြို့တော်ကို
အလည်လာခဲ့ဖို့
ဖိတ်ခေါ်လိုက်ပါတယ်။

Author @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ဓာတ်ဖမ်း လာခဲ့ နော်

အဲ့ဗျာ လွန်ခဲ့တဲ့ ၂နှစ်က သွားခဲ့တာ
ဒီနှစ်က မသေချာဘူး

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ရောက်ဖူးဘူး သွားချင်နေတာနော်

အို ရောက်အောင်သွားပါ ဘော်ဒါတွေနဲ့ဆို ပျော်စရာပ
မိသားစုနဲ့ဆိုကြည်နူးစရာ

စတီး​ဈေးသာ တက်ဖို့ဆု​တောင်း​ပေးပါဆရာ မလာနဲ့ဆိုလဲ လာမှာဘဲ

ကဲ စတီးရေကြားတယ်နော် တက်လိုက်စမ်းပါကွယ်
ပန်းမြို့တော်မှာ ပျော်ပျော်ပါးပါးလေးပေါ့

ပုံထဲမှာ ဥထွေးက အဲဒီလိုဝတ်စားတော့လည်း cute တာပဲနော်

Posted using Partiko Android

ကဲ @nweoomon. ရေ ကိုစော က စီယူတီအီးတဲ့ နော် 😁

သိဘူးလေ အောက်မှာ @htwegyi ပုံဆိုပြီး ရေးထားတော့ 🙃

Posted using Partiko Android

😁😁😁

မရောက်ဖူးသေးဘူး။ သွားချင်မိတယ်ဗျာ။

သွားချင်စိတ်ရှိရင် ရောက်ရမှာပ

ငယ်ငယ်တုန်းကတော့ ရောက်ဖူးတယ် အသိလည်း မရှိဘူး ဒီလိုပဲ ရောက်သွားခဲ့တာ
အခုလည်း အလည်သွားချင်လိုက်တာဗျာ

ချစ်တဲ့သူတွေနဲ့ဆို ပျော်စရာခရီးလေးတစ်ခုပ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54787.37
ETH 2302.94
USDT 1.00
SBD 2.35