နိုင်လျှင်ပြုံး ရှုံးလျှင်မုန်း

in #myanmar5 years ago (edited)

image

တစ်နေ့က အမေ့အတွက်ဆေးသွားယူသည်။
ဆေးသွားယူစဉ် ဆိုင်ကယ်နှင့်သွားယူသည်။
မန္တလေးမြို့လမ်းမပေါ်ထက် ပေါများလှသည့်
ဆိုင်ကယ်များစွာတွေ့ရသည်။ မီနီအိုးဝေများ
ကလည်း အတင်းဖြတ်သန်းမောင်းနှင်ကြသည်။
လမ်းမထက် ယာဉ်အမျိုးမျိုးက အလုအယက်
မောင်းနေကြသည်။အဆိုပါယာဉ်များကြား
ဆိုင်ကယ်နောက်မှ ဘုရားတရင်း စီးနေရသည်။

ဆေးဝယ်ယူပြီး ကိုယ့်တိုက်တန်းရှေ့ရောက်မှ
ဟင်း ချနိုင်တော့မည်ကြံကာရှိသေး ကိုယ့်ဆိုင်ကယ်
အနောက်မှနေ၍ ကျွီ ... ဝုန်းကနဲ့ အသံကြားလိုက် ရသည်။ မြတ်စွာဘုရားတလိုက်မိသည်။
မှန်ပါသည် လူတို့က အရေးအကြောင်းရှိမှ
ဘုရားတရား တ မိကြသည်။ နို့မို့ မေ့ထားကြ
သည်။ ခလုပ်ထိမှ အမိအဖ တ ကြသည်။
ဒုက္ခရောက်မှ အမိအဖတို့အား သတိရတမ်းတ
တတ်ကြသည်။

23ooao9rk8.jpg

ဝုန်းကနဲ့ အသံကြား၍ အနောက်လှည့်ကြည့်
သည့်အခါမှာတော့ ဆိုင်ကယ်နှစ်စီး တိုက်မိခြင်း
ဖြစ်သည်။ တစ်စီးက ပုံမှန်လမ်းကြောင်းအတိုင်း
လာပြီး အခြားတစ်စီးက တိုက်တန်းမှထွက်ကာ
လမ်းကြောင်း ပြောင်းပြန်နှစ်ယောက်တွဲစီးလာ
ကြသည်။ မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်သည်။
လမ်းကြောင်းမှန်သည့်သူက တစ်ဦးတည်းစီး
လာပြီး လမ်းကြောင်းမှားစီးသူနှစ်ဦးက သူတို့က
ဦးအောင် အော်ငေါက်ကြသည်။ တစ်ယောက်ထဲသမား ဆိုင်ကယ်သမားက နှစ်ဦးနှင့်တစ်ဦးဖြစ်၍
အလျော့ပေးသွားရသည်။ စိတ်ထဲမှာတော့ ခံပြင်း
စိတ် ဖြစ်ကာသွားသည်။

လမ်းကြောင်းမှားစီးသူ နှစ်ဦးကို သေချာကြည့်မိ
တော့ တိုက်တန်းမှ လူများဖြစ်နေသည်။ ကိုယ့်
နေရာ ကိုယ့်ဒေသဖြစ်သည့်အပြင် နှစ်ယောက်
ဖြစ်ပြီး ကိုယ်က မှားသော်လည်း အနိုင်ကျင့်ရ
နိုင်၍ အနိုင်ကျင့်ကြခြင်းဖြစ်သည်။ ကိုယ်က
အနိုင်ရတုန်းတော့ ပြုံးပျော်ကာ ဆိုင်ကယ်ကို
စီးသွားကြသည်။

xbstedo1r5.jpg

နိုင်လျှင်ပြုံး ရှုံးလျှင်မုန်း၊ ကိုယ်ထက်သာမနာလို၊
ကိုယ်သာလျှင်အကောင်းဆုံး အကောင်းစားတွေ
ကိုသာလိုချင်၊ ရချင်ကြသည့် လူ့သဘာဝကြီး
မှာ အဆိုပါလူတွေကြီးသာ များလာခဲ့သောအခါ။
မေတ္တာတရားများ နည်းပါးလာသောအခါ။
ကပ်ဘေးတွေ ဆိုက်ရောက် ကျရောက်လာသည်။
လူတွေက တစ်ယောက်နဲ့တစ်ယောက် နည်းနည်း
လေးမှ အတိမ်းအစောင်းမခံကြဘူး။ နည်းနည်းမှ
အကြောမခံချင်ကြတော့ဘူး။မေတ္တာ တရားကိန်းသည့်ပုဂ္ဂိုလ်ရှားပါးလာသည်။ မေတ္တာ တရားများကို ပြန်လည်းရရှိဖို့ အမုန်းတရားများကို လျှော့ချ
ကြရမည်။ အလိုလောဘများ နည်းနိုင်သမျှ
နည်းအောင်းကြိုးစားရင်း မေတ္တာ အာနိသင်
မေတ္တာ အကျိုးများကို ပွားများကြရအောင်
လားဗျာ။

မေတ္တာ အကျိုး ၁၁မျိုး

ချမ်းသာ အိပ်စက်
ချမ်းသာလျှက်နိုး
အိပ်မက်ဆိုးကင်း
စောင့်ကြဉ်းနတ်များ
လူသားလည်းချစ်
နတ်လည်းချစ်
လက်နက်ဆိပ်မီး
ပြီးသည်တဖြာ
မျက်နှာ တည်ကြည်
သေဆုံးမတွေး
သေလျှင်ဗြဟ္မာ ဖြစ်တတ်စွာတည်း။

@htwegyi
Photo @htwegyi
MSC.036

Sort:  

နိုင်လျှင်ကျေနပ် ရှုံးရင်ဖြေတတ်

Posted using Partiko Android

ဖြေတတ်ရင်းလည်း ကျေနပ်စရာပဲလေ

1 !BEER Token for you

Sorry, out of BEER, please retry later...

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ရေးတုန်းပဲလားဆရာ။ဒီနေ့မှဝင်ကြည့်မိတယ်။စကားမစပ်unicodeမchangeသေးဘူးလားဆရာ။esteemမှာပါအမှန်မြင်ရတယ်။unicode က။ဆရာ့ စာတွေက zawgyi တွေဆိုတော့ မမြင်ရဘူး။

ကျွန်တော် လည်း ကိုသီသ စာတွေဖတ်မရဘူး unicode ပြောင်းသုံးချင်ပါတယ် မပြောင်းတတ်သေးလို့ပါ

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Thanks steemitboard

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99