ငြိမ်းချမ်းအေးမြကြပါစေ Peace be with you

in #myanmar4 years ago

image

7-12-2019 နေ့ ယနေ့ စနေနေ့ဖြစ်သည်။
မန္တလေးမြို့၏ ဒီဇင်ဘာအားကစားလှုပ်ရှားမှု
ပထမပတ် ဖြစ်သည်။ လူထုလှုပ်ရှားမှု အားကစားပွဲသို့ နံနက် 5 နာရီမှာ တတ်ရောက်လှုပ်ရှားခဲ့ပါ
သည်။ ထုံးစံအတိုင်း 26ဘီလမ်း (အာဇာနည်လမ်း)
နှင့် 73 လမ်းမှဒေါင့်မှ စတင်ခဲ့ပါသည်။ ထိုမှ
ဗထူးအားကစားကွင်းမှာ ဂိတ်ဆုံးမှာဖြစ်ပါသည်။

လူထုအားကစား လှုပ်ရှားမှုသို့ ကျောင်းသူကျောင်းသားများ၊ အစိုးရဌာနမှဝန်ထမ်းများနှင့်
ပြည်သူများပူးပေါင်း ပါဝင်ခဲ့ကြသည်။
ယနေ့စနေနေ့ ဆောင်းမနက်ခင်းသည်ကား
ချမ်းအေးလွန်လှပေသည်။ လမ်းလျှောက်
လှုပ်ရှားနေစဉ် ဆောင်းအအေးကို ဂရုမစိုက်မိ
သော်လည်း ရပ်တန့်သည့်အခါမှာ ချမ်းအေး
လှပေသည်။

dymzg23iep.jpg

ချမ်းအေးလှသည့် မန္တလေးမြို့ 26 B လမ်းမ
ထက်မှာ ကျောင်းသူကျောင်းသားလေးများနှင့်
အပြိုင် လမ်းလျှောက်ရသည်မှာ လူငယ်ဘဝကို
ခဏပြန်ရောက်မိသည်။ လူငယ်လေးများ၏
တက်ကြွပျော်ရွှင်မှုများကို မြင်ရသည်မှာ
သူတို့၏ အပျော်လေးများက ကိုယ့်ထံကူးစက်
စေပါသည်။

o29q4ql5cr.jpg

ဗထူးကွင်း စုရပ်ထိမလျှောက်ဘဲ ကျုံးထိပ် 66လမ်းမှ
ရွှေပြည်မိုး လက်ဘက်ရည်ဆိုင်ထိုင်ပြီး ပြန်ကွေ့လာခဲ့သည်။ ကျုံးဘေးတလျှောက်တွင် အမေစုအား
ထောက်ခံသည့် ပိုစတာများကိုတွေ့မြင်ရသည်။
ကျုံးထောင့်မှနေ၍ မန္တလေးတောင်တော်ကို
လှမ်းမျှော်ဖူးရသည်။

rsu9jxv3qc.jpg

ဆောင်းရာသီ မြူနှင်းများကြား မန္တလေးတောင်တော်သည် မြင်ရသူစိတ်ကို အေးမြငြိမ်းချမ်း
စေပါသည်။ စိတ်ထဲမှာ ထိုခဏတွင် ဖြစ်ပေါ်မိသည်မှာ ကျွန်တော်တို့ နိုင်ငံကြီးလည်း ငြိမ်းချမ်း
စေချင်ပါသည်။ ကျွန်တော်တို့ အေးချမ်းစွာ
လမ်းလျှောက်နိုင်သလို အခြားသူများလည်း
အေးချမ်းစေချင်ပါတယ်ဗျာ။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 70434.55
ETH 3761.18
USDT 1.00
SBD 3.84