မိုးနှင့် steem

in #myanmar5 years ago

image

တစ်နေ့ တစ်နေ့ စာတွေရေးနေရတာ တစ်ခါတလေ
ဘာတွေရေးရမှန်း မသိအောင် အတွေးတွေက
ပျောက်ဆုံးနေသည်။ သက်ငယ်မုဒိမ်းမှုတွေ၊
မီတာခတိုးကောက်မှုတွေနဲ့ ဖေ့စ်ဘွတ်တစ်ခွင်
တွင်လည်းကောင်း၊ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
လည်းကောင်း ပြောကြားနေကြသည်။
မည်သို့ပင်ဖြစ်စေ ကိုယ့်ကလေး သားသမီးငယ်
လေးများအတွက် စိုးရိမ်စိတ်တွေ လူတိုင်းမှာရှိ
နေလေသည်။ မည်သို့ပင်ဖြစ်စေ မီတာများတက်၍ လျှပ်စစ်မီးတို့ကို ချွေးတာသုံးစွဲနေကြတော့
မည်ဖြစ်သည်။

image

စာရေးရာတွင် ကိုယ့်ရေးသည့်စာကို ဖတ်စေချင်
အောင် ရေးရသည်။ ကိုယ်ရေးသည့်စာ ကိုယ်ကို
တိုင်ပင် စိတ်မဝင်စားပါက ဖတ်သူလည်းစိတ်ဝင်
စားမည်မဟုတ်ပါ။ တစ်နေ့ တစ်နေ့ တင်လိုက်
သည့်ပိုစ့်တွေ steemit မှာ sbd ရဖို့အရေး
အကြောင်းအရာအမျိုးမျိုးတို့ကို ရေးဖွဲ့တင်ကြ
သည်။ခုတစ်လော အတွေးစိတ်ကူးတို့် က ငြိမ်ချက်
ပျောက်ချက်ကောင်းနေသည်။ ငြိမ် ပျောက်ဆို
စတင်းဈေးကလည်း အတွေးတွေကို ခမ်းခြောက်
စေလားမသိအောင် ဈေးတွေကကျသည်။

ထို့ကြောင့် အတွေးတွေကလည်း ချွေတာ
နေသလားမသိတော့ပေ။ စာရေးဖို့ စိတ်ကူး
တို့ ဝေဝါးနေလေသည်။ steemit တစ်ခွင်မှာ
လည်း ပြဿနာပေါင်းစုံနေသည်။ မက်ဘော့
ဆိုသည့်အရာ၊ ပါဝါဒေါင်းကြသည်ဆိုသည့်ဟာ၊
စတင်းဈေးတွေက ကျနေလေသောအခါ
စိတ်ကူးတို့ ဟိုရောက် ဒီရောက်ဖြစ်သည်။
ရှေ့ဆက် ဘာတွေဖြစ်လာမလဲပေါ့ နော်။
သိလဲ သိချင်တယ် သိလဲ မသိချင်ဘူး။

image

သတ္တိ မရှိဘူးပြောလဲ ပြောကြပါတော့။
စတင်းဈေး ဒီအတိုင်းလေးရှိနေရင်ကိုပဲ
စာဆက်ရေးလို့ ရနေသေးသည်။ ပြား၃၀
ပြား၄၀ အနား တစ်ရစ်ဝဲလည်နေပြီး အောက်ကျ
မသွားတာကိုပင် ကျေးဇူးတင်ရပါသည်။
စာဆက်ရေး ပိုစ့်တင်လို့ ရနေသေးသည်။
ကိုယ့်အတွက် sbd ရနေသေးသည်။
အော် Steemit ကြီး မပြီးဆုံးသေးပါလား။
Steemit မပြီးဆုံးသရွေ့ အိပ်မက်များလည်း
ဆက်မက်ခွင့် ရနေပါသေးသည်။

image

အိပ်မက် မက်ခွင့်ရနေသမျှ၊ ပိုစ့်တင်လို့ရနေသမျှ
Steemit ကြီးရေ တို့တစ်တွေ အတူရှိနေကြအုံးမှာ
ပါ။ အံမယ် ရေးရင်နဲ့ ပိုစ့်တစ်ခုတောင်ဖြစ်သွားပ။
ငယ်ငယ်တုန်းက ကလေးဘဝရောက်သွားသလို
စာရေးရင်း ဈာန်ဝင်သွားတာ။ ငယ်စဉ်က
မိုးရွာရင် မိုးရေထဲ သီချင်းအားရ ပါးရအော်ဆိုသလို။ မိုးတွေရွာရင်ဖြင့် မိုးရေထဲမှာ ဒီတစ်ခါ
သီချင်းမဆိုဘဲ အော်ချင်တာက မိုးမင်းကြီးရေ
စတင်းဈေးတွေတက်ပေးပါဗျို့ လို့သာ...။

@htwegyi
Photo @htwegyi
MSC.036

Sort:  

မိုးနှင့် နွားသိုး အစိုးမရသလို steemit ကြီးသည်လည်း....

Posted using Partiko Android

ဟုတ်တယ်ကိုဟိန်းရေ မိုး နွားသိုး စတင်း ပေါ့လေ

စားရေးဆရာပီသချက်ကတော့ ကြွယ်လွန်းပါ့ဗျာ

Posted using Partiko Android

ဟုတ်တယ် ဦးထွေး စတင်းဈေးက အတွေးတွေကို ခမ်းခြောက် စေတယ်။ ကျနော်ဆို ခမ်းခြောက်ပြီး ပပ်ကြားတောင် အပ်နေပါပြီဗျာ။

Posted using Partiko Android

အဟားဟား ကိုယ့်ထက်ဆိုးသဟ
ပတ်ကြားတောင်အက်ဆိုပဲ ဒီစတင်းတော့
တက်ချင်တက်ပေါ့ မတက်လို့ကတော့ 😁

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

steem မပြောနဲ့ အဲ့မိုးမင်းကြီး ကိုက နာတို့ စစ်ကိုင်း- မန္တလး ဆို မိုးကွင်းနေတာပါ အေ

ဟုတ်ပ ရွာခဲတဲ့ မိုး ခြိမ်းပြီး အုံ့ပြီးတော့ မှ မရွာတာ
တော်တော်ဆိုး

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 350 posts. Your next target is to reach 400 posts.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

စာရေးဖို့အရေး တို့အရေး ပေါ့

Steemit ကြီးမှာ စာဆက်ရေးနိုင်ဖို့အရေး တို့အရေး

တစ်ချိန်ချိန်မှာ တစ်ခုခုတော့ ဖြစ်လာမှာပါဗျာ😁

Posted using Partiko Android

ဒါပေါ့ ဒါပေါ့ 😁

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.032
BTC 56858.44
ETH 2919.14
USDT 1.00
SBD 3.60