မကြာမှီ လာမည်

in #myanmar5 years ago

image

နည်းပညာများ တိုးတက်လာတဲ့ယနေ့ခေတ်ကြီးမှာ
ပြိုင်ဆိုင်မှုများလည်း ပြုလုပ်လာကြသည်။
ပုဂ္ဂလိကဘဏ်များသည် မိမိတို့ ဘဏ်သို့ customer များဝင်ရောက်လာစေရန် ရုံးများ၊
ကုမ္ပဏီများ၊ လူနေရပ်ကွက်များသို့ ပရိုမိုးရှင်ဆင်းကာ အပြိုင်အဆိုင်ပြုလုပ်လာကြသည်။
နောင်တချိန်တွင် ငွေကြေးသုံးစွဲမှုအား
ငွေစက္ကူများကို လူတို့၏ လက်ဝယ်တွင်
ကိုင်‌ဆောင်ကြတော့မည်မဟုတ်ပေ။

ယနေ့တွင် ကျနော်တို့ရုံးအား ကမ္ဘောဇဘဏ်နှင့်
အေဂျီဒီဘဏ်များမှ သူတို့ဘဏ်ဆော့ဝဲလ်များကို
ဖုန်းများအတွင်း အခမဲ့လာရောက်ထည့်သွင်းပေးကြသည်။ ဆော်ဝဲအသုံးပြုမှုများကိုလည်း စိတ်ရှည်စွာပြသပေးသွားကြသည်။ သူတို့ဆော့ဝဲလ်များတွင်
ဖုန်းငွေဖြည့်သွင်းနိုင်ခြင်း၊ ဆော့ဝဲလ်များအချင်းချင်းငွေလွှဲပေးနိုင်ခြင်း၊ ပစ္စည်းများဝယ်ယူပြီး ငွေအလွယ် တကူပေးချေးနိူင်ခြင်း အစရှိသည်များကို
ရှင်းလင်းပြောကြားသွားသည်။

mv4oruh2rd.jpg

ယခုကဲ့သို့အခြေအနေများကိုကြည့်ခြင်းအားဖြင့်
ကျနော်တို့၏ internet ငွေကြေး လုပ်ဆောင်မှုများသည် ရှေ့တွင် ပန်းခင်းလမ်းဖြစ်ပေတော့မည်။
ကျွန်တော်တို့၏ steemit သည်လည်း
အောင်မြင်လာတော့မည်ဟု ယုံကြည်မိသည်။
ယခု steem ဈေးများကျနေပါသော်လည်း
အားငယ်နေမည်မဟုတ်ပါ။ အားလျော့မည်
မည်မဟုတ်ပါ။ အခါအခွင့်ကိုစောင့်နေသည်
တနေ့နေ့တချိန်ချိန်မှာ steem ဈေး ပြန်လည်
ခေါင်းမော့လာပေးလိမ့်မည်။

q288amtoqw.jpg

သို့သော် အင်တာနက်ငွေကြေးများ အောင်မြင်ဖို့ရာ
ဆိုသည်မှာ သိပ်‌တော့ လွယ်ကူမည်မဟုတ်ပေ။
နိုင်ငံအများစုသည် မိမိနိုင်ငံ၏ငွေကြေးကို နိုင်ငံ၏ အာဏာရှိသူတို့ကသာ လွှမ်းမိုးချုပ်ကိုင်ထားကြသည်။
အင်တာနက်ငွေကြေးများ အောင်မြင်ထွန်းကား
လာပါ နိုင်ငံအာဏာပိုင်တို့သည် နိုင်ငံ၏ငွေကြေးကို
ထိန်းချုပ်နိုင်ခြင်းမရှိတော့ချေ။

din50i6t8p.jpg
Image credit

အထက်ပါ ရေးသားချက်များသည် facebook
၏ လီဗရာငွေကြေး ပေါ်ပေါက်လာပါက
ဖြစ်လာနိုင်သည့်အခြေအနေများကို ရေးသားထားမှု
မှ ဖတ်ရှုရသဖြင့် ပြန်လည်ဝေငှခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့၏ steemit
ကတော့ လုံးဝအောင်မြင်မည်ဟု ယုံကြည်ပါသည်။
steemit ၏ လမ်းခရီးကို အဆုံးထိ အောင်မြင်စွာလျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းနိုးဆော်
လိုက်ရပါသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61025.71
ETH 2726.09
USDT 1.00
SBD 2.45