ကလေးတို့ရဲ့ စိတ်ကြိုက် Children's favorites.

in #myanmar6 years ago (edited)

စာရေးရသည်မှာ တခါတရံ စိတ်ကမပါသော်လည်
မဖြစ်သေးဘူးငါရေးရအုံးမည်။ ပျင်းနေရင် ဖျင်းသွားမည် အတွေးတွေ ခမ်းခြောက်သွားမည်။
သူများတွေ sp တွေတိုးပြီး rp တွေမြင့်သွားမည်။
ကိုယ်ကျန်ခဲ့မည်။ အားတင်း ဆက်ရေး တွေး
ဆွေး ငေးရင်း ရေးစမ်းပါကွယ်။ တွေးတာလဲ
ဟုတ်ပါပြီ၊ ငေးတာလဲ ဟုတ်ပါ ဆွေးတာက
ဘာလဲဗျ ခင်ဗျားဟာက ဟုတ်သေးပါဘူး။

”အော် တခါတလေတော့လဲ ဘာရယ်ဟုတ်ပါဘူး
ငယ်စဉ်က ဟာလေးတွေကို စားမြုံ့ပြန်ကြည့်ကာ
ဆွေးရတာပ ခဏလေးတော့ ဆွေးခွင့်ပေးပါဗျာ
နော်”

ဆောင်းရာသီ ဆိုတော့ကာ လွမ်းဆွေးရတာ
အအေးဓာတ်လေးနဲ့ဆိုတော့ လွမ်းဆွေး
အအေးလေးပေါ့။

ဆောင်းအမှီ ရောက်အောင်သာလာခဲ့ ခင့်ဆီ....တဲ့

အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ....နဲ့

အတွင်းရေး မသိတဲ့ဆောင်းရာသီရယ်...က

စာရေးအောင် ဖန်နေတော့ ရေးလိုက်အုံးမည်
ပေါ်လာတဲ့အတွေး ချရေး စာလေးတော့ဖြစ်မည်။
sbd လဲရသည်ဆိုတော့ မဆိုးဘူးပေါ့ 😁။

စာတွေရေးနေတာ ဖတ်ရသူတွေ ဖတ်ချင်သည်
ဖြစ်စေ မဖတ်ချင်သည်ဖြစ်စေ ရေးနေရသည့်
အခါ နည်းနည်းတော့ စာဖတ်သူတွေကို အားနာမိ
သည်။ ကိုယ်ပေါက်ကရရေးသည့်
စာများကို သည်းခံဖတ်နေကြရသည်။
အားနာနာနဲ့ပဲ စာရေးလိုက်ပါအုံးမည် 😁။

image

ဘဝကိုဖြတ်သန်းရင်း စိတ်ကို ခဏအနားပေးတဲ့
အချိန်မှာ ကလေးများနဲ့စကားပြောဖြစ်သည်။
ကလေးများက အရိုးခံ အဖြူထည်များဖြစ်သည်။
ချစ်စရာ အင်မတန်ကောင်းသည်။ ပွင့်လင်းသည်။
သူတို့ရင်ထဲမှာ ရှိသည့်အတိုင်း ဖွင့်ဟပြောကြသည်။
ကလေးများနဲ့ စကားပြောရသည့်အခါ ရင်ထဲမှာ
ပေါ့ပါးပြီး ကြည်နူးပျော်ရွှင်ရသည်။ စိတ်ကို
ကြည်လင်စေသည်။ တခါတရံသူတို့လေးတွေနဲ့
စကားလုပြောရသည်မှာလည် ပျော်စရာကောင်း
သည်။

image

image

ကလေးတို့သည် စရိုက်အမျိုးမျိုးရှိသည်။ စရိုက်
ဆိုသည်မှာလည် သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်
နှင့် သက်ဆိုင်သည်။ ပတ်ဝန်းကျင် ၏ ဓလေ့စရိုက်
အမူအယာများကို အတုယူကြသည်။ ကျွန်တော်ရဲ့
ပထမ မိတ်ဆွေသူငယ်ချင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ သူ့အမည်က ”ဗိုလ်” သူ့ကိုယ့်သူ ဗိုလ်လို့ပဲပြောတယ်။ ပထမတန်းတက်နေသည်။ ပြင်ဦးလွင် က စစ်ဗိုလ်ရုပ်တွေကို မြင်ကာအားကျပြီး စကားပြောရင် သူကိုယ့်သူ ”ဗိုလ်” ဟုပြောသည်။
ထိုအပြင် တီဗွီကလာသည့် ဗိုလ်လောင်းဆင်း
အခမ်းအနားကို ကြည့်ကာ

”စစ်....တက္ကသိုလ်.... ”

အော်သံကြားကာ အော်တဲ့အတိုင်း အကျယ်ကြီး
လိုက်ပြီးလည်း လိုက် အော်တတ်သည်။ တခါတလေသူ့အော်သံကြောင့် လန့်၍ အမေဖြစ်သူက
ခေါင်းခေါက်ခံရသည်။ သို့သော် သူသည်
သရဲကြောက်တတ်သည်။ စစ်ဗိုလ်လုပ်မည့်သူက
သရဲမကြောက်ရဘူး ပြောသောအခါ စစ်ဗိုလ်
လုပ်တော့ဘူးဟု ပြောသည်။

image

image

နောက်တစ်ယောက် ၆ တန်းကျောင်းသူ
ကလေးမလေး အမည်က သက်နှင်းဝေ ဖြစ်သည်။
သူကိုယ်ဝန်ဆောင်စဉ်က သူ့အဖေထိုးသည့်ထီမှ
သိန်းတစ်ရာပေါက်သည်။ ထို့ကြောင့် သူ့အား
သိန်းတစ်ရာမလေး ဟုလည်းခေါ်သည်။
သူမက အမြဲအဆော့သန်သည်။ ဆော့သောအခါ
မှာလည်း ယောက်ျားများနှင့် ထိုးကြိတ်တမ်း
ကစားသည်။

တီဗွီမှလွှင့်သည့် အမျိုးသမီး နပန်းပွဲများကြည့်ကာ
အတုခိုး၍ ထိုးကြိတ်တတ်သည်။ တစ်ခါက နောက်မှနေ၍ သူ့အစ်မအား အရှိုက်ကို ထိုးလိုက်သဖြင့်
အစ်မဖြစ်သူမှာ နာရှာ၍အော်ငိုဖူးသည်။
တခါကလည်း နောက်မှနေ၍ ကျွန်တော်ခါးကို
ဆောင့်တွန်းလိုက်၍ ခါးနာသွားသည်။

”သမီးရယ် ညည်းနပန်းကစားတာလဲ ကစားပေါ့
အဲ့လိုကြီး အရမ်းမလုပ်ရဘူး။ သမီးလို ငါတို့က
အရိုးတွေ မသန်မာတော့ဘူးလေ နော်
နောက်တစ်ခါမလုပ်ပါနဲ့ကွယ်”

ချော့ပြောရသည်။ တစ်နေ့က သူကိုဓာတ်ပုံရိုက်ပေးပါဆို၍ သူမသည် မျက်နှာပေးအမျိုးမျိုးလုပ်ကာ
ဓာတ်ပုံ အရိုက်ခံလေသည်။ ဗိုလ်နှင့် သူမ၏
အပြိုင် ပို့စ်ပေးမှုများအား မှတ်တမ်းတင်ပေးလိုက်ပါသည်။ ရှု့စားကြပါလော့ steemit မိတ်ဆွေ
အပေါင်းတို့ခင်ဗျား...။

Author @htwegyi
Photo @htwegyi
MsC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

သနပ်ခါးနဲ့ လှချင်တိုင်း လှနေပါလားဗျာ

Posted using Partiko Android

သနပ်ခါးရေကျဲလေး လိမ်းပါဆိုလို့တဲ့ဗျာ

က​လေး​လေး​တွေကဖြူစင်​ပါတယ်​...သူတို့အ​တွေး​လေး​တွေကချစ်​စရာ​ကောင်းပါတယ်​....

Posted using Partiko Android

ဖြူစင်တဲ့ ကလေးလေးဘဝကို ဒါကြောင့် ပြန်ရချင်ကြတာ

ကလေးတောင် ပြန်ဖြစ်သွားချင်မိတယ် ငယ်ငယ်က ကျွန်တော်လေးကိုလည်း ပြန်ပြီးတောင် သတိရသွားတယ် ။ ချစ်စရာလေးတွေ ကလေးလေးတွေ ။

ဒါပေါ့ ကိုချစ် ငယ်ဘဝကို ပြန်တမ်းတနေတတ်ပြီပေါ့
ကလေးဘဝ က အပူပင်မဲ့ဆော့ရတာပျော်စရာပါ

ဘာရေးရေး အားပေးလျက်ပါဦးထွေးရေ။

ဟုတ်ကဲ့ ကျေးဇူးပါ ကိုမဟော်

တစ်ခါတစ်လေ ရွယ်တူတွေစုပြီး ကလေးတွေလို လွတ်လပ်ပေါ့ပါးလိုက်ချင်တယ်ဗျာ

Posted using Partiko Android

ဒါပေါ့ ရင်ထဲရှိတဲ့အတိုင်း မွမ်းကြပ်မှုများ အဝေးမှာ
ခဏတာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57940.42
ETH 2359.25
USDT 1.00
SBD 2.36