ဟိုတစ်ချိန်က စစ်သားကြီးများ

in #myanmar5 years ago (edited)

image

Facebook မှာ ဘူးလက်ကြီးရဲ့ ဟောပြောတဲ့
ပုံသဏ္ဍာန်ကိုကြည့်ပြီး ငယ်စဉ်က ငထွေးတို့
ဘူတာကြီး ရေနွေးရောင်းစဉ် ဟိုးတစ်ချိန်က
စစ်သားများဘဝကို သတိရမိသည်။ ဘူးလက်ကြီး
က မင်းသားကျော်ဟိန်း စတိုင်ဖမ်းကာ
စစ်သားကြီးက နိုင်ငံရေးအကြောင်းကို မင်းသား
စတိုင်နှင့်တစ်ဖုံ၊ အဆိုတော်တစ်ယောက်လို
တစ်မျိုး ဟောပြောနေတာမြင်ကြရတော့ facebook တစ်ခွင် ပြောကြရေးကြသည်။

သူပြော၊ ဟောနေတာမြင်ရတော့ ဘူတာကြီး
ပလက်ဖောင်းများတွင် စစ်သားများအုပ်စုလိုက်
ဆန်အိတ်၊ ထင်းစည်းများ၊ အိုးခွက်ပလုံးများ၊
ခွေးများနှင့် တရုန်းရုန်း ချက်ပြုတ်စားသောက်နေတာမြင်မိသည်။ အနေအစားဆင်းရဲ ပင်ပန်းကြ
သော်လည်း အဆိုပါစစ်သားများ၏ မျက်နှာမှာ
ပြုံးပျော်နေကြသည်။ တစ်ခါတရံမှာ သူတို့ခမျာ
များ ငွေပြတ်လပ်သည့်အခါ သူတို့၏ စောင်၊
ခြင်ထောင်များကို ကျွန်တော်တို့အား ရောင်းခိုင်းကာ ခေါက်ဆွဲ၊ အရက်များဝယ်ခိုင်းတတ်ကြသည်။
ပိုလျှံသည့်အကြွေစေ့များကိုလည်း ငထွေးတို့
အား မုန့်ဖိုးပေးတတ်သည်။

xxgf3ajghb.jpg

ငထွေးတို့ထံက ရေနွေးကိုဝယ်မသောက်သော်
လည်း ရေနွေးဖိုးများပေးကာ သူတို့မသိတာများကို
မေးမြန်းကြသည်။ သူတို့အရက်သောက်သည့်အနားထိုင်ရင်း တောထဲတောင်ထဲမှ သူတို့ဘဝများကိုမူးမူးနဲ့ပြောပြတတ်သည်။ တောထဲမှာ ထမင်း
မစားရသောရက်တွေရှိကြောင်း၊ ဆန်မရှိတော့၍
ငှက်ပျောအူများကို ပြုတ်စားရသည့်အကြောင်း
စစ်တိုက်ရသည့်အကြောင်း အကြောင်းအရာ
မျိုးစုံကိုပြောပြကြသည်။ ငထွေးတို့မှာ စိတ်ဝင်
တစား မေးလေးတွေထောက်ကာ စစ်သားကြီးနား
ဝိုင်းပြီးနားထောင်နေကြသည်။

3dkydf26w8.jpg

ငထွေးတို့ငယ်စဉ်က စစ်သားကြီးများမြင်ရင်း
အလိုလိုသနားစိတ်ဖြစ်ပေါ်မိသည်။ အားကိုးစိတ်
များလည်းဖြစ်ပေါ်တတ်သည်။ တဖန် အားကျ
စိတ်များလည်းဖြစ်ပေါ်ရပါသည်။ငထွေးတို့
ငယ်စဉ်အချိန် လူကြီးလမ်းကြောင်းများရှိ၍
စစ်သားများက လုံခြုံရေးဆောင်ရွက်ရသည်။
ထိုအခါများမှာ အဆိုပါစစ်သားများကို
နီးစပ်ရာအိမ်များမှ လက်ဖက်၊ ရေနွေးကြမ်းနှင့်
မုန့်များချကျွေးကြသည်။ ထိုင်စရာခုံများ ချပေး
တတ်ကြသည်။

ဟိုးယခင် အချိန်များက တပ်မတော်သား စစ်သား ဆိုလျှင် ပြည်သူ ပြည်သားများ လေးစားအားကိုး ဂရုစိုက်ခဲ့ကြသည်။ ယခုအချိန်မှာတော့
မင်းသားစတိုင် အဆိုတော်စတိုင် စစ်သားကြီး
ဘူးလက်ကို မြင်ရတော့ ဟိုးတစ်ချိန်က
စစ်သားများကို အားနာသတိရမိပါတော့သည်။

@htwegyi
Image pixabay
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

တကယ့် အောက်ခြေ စစ်သားတွေ ဘဝ ကတော့ သနားစရာပါ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63039.96
ETH 2549.01
USDT 1.00
SBD 2.78