ငွေရှာဆိုက်များနဲ့ ခဏ လုံးချာလိုက်ရင်း
ဒီနေ့ လစာထုတ်ရက်ဆိုတော့ ကျွန်တော်တို့
လခစားအစိုးရဝန်ထမ်းများ ငွေရွှင်တဲ့နေဖြစ်သည်။
လခထုတ်ပြီးတော့ mpt & Telenor ကတ်များကို
ငွေ ၃၀၀၀ စီထည့်လိုက်သည်။ ငွေထည့်ပြီးသည်
ဖြစ်၍ ဖုန်းကလေးကို ပွတ်ကာ အင်တာနက်မှ ငွေရသည့် ဆိုက်လေးတွေဝင်ကြည့်မိသည်။
လွန်ခဲ့သော လများက ပုံတင်ယုံဖြင့် တိုကင်ရသည့်
Enlte ဆိုသည့် အေပီပီလေးကို တစ်လခန့်ပုံတင်
မှုပြုလုပ်ခဲ့သည်။ ယခုအချိန်ထိ မည့်သည့်
အကြောင်းတစ်စုံတစ်ရာမှ ထို Enlteမှ မရရှိခဲ့ပါ။
သံယောဇဉ်က မပြတ်သေးတော့ ထို အေပီပီလေး
ကို ယခုထိ မဖျက်ပစ်ရသေးပါ။
နောက်တစ်ခု Byteball အေပီပီကတော့ အားလုံး
သိကြသည့်အတိုင်း Steemit နှင့်ဆက်နွယ်နေတော့
သူကတော့ ယခုအချိန်ထိ အောင်ပွဲခံနေဆဲပါ။
သူက ခုချိန်ရောင်းမယ်ဆိုရင် ၅ဒေါ်လာကျော်
ရရှိမည်ထင်ပါသည်။ ပြောရရင် steemit နှင့်
ပတ်သက်ထားသည့် Byteball လေးကမဆိုးဘူး
ပြောရမည်။
တစ်နေ့ က Vite wallet ဆိုသည့်ဟာလေး
ကလိပါဆို၍ ကလိကြည့်သည်။ တစ်နေ့
၂၀ သာကံစမ်းမဲရသည်။ ၂၀ မှ ၁၀၀၀ ထိပေါက်နိုင်သည်ဖြစ်သော်လည်း ၂၀သာပေါက်သော
ကိုယ့်ကံကို ယုံကြည်သည်။ အမယ် ၂၀သာဆိုတယ်
၃ ၄ရက်သာ ဘောလုံးလေးကိုနှိပ်ပြီး ကံစမ်းတာ
၂ဒေါ်လာကျော်ရတယ်။ မဆိုးဘူး ရတဲ့ဒေါ်လာတွေ
Steem နဲ့ လဲရတယ်ဆိုတော့ နှိပ်ပြီလေ။ ကိုယ်တွေ
က SP 1000 ပြည့်ချင်နေတာ။
ခဲလေသမျှ သဲရေကျခဲ့သလားကွယ်ရို့ 
၎ရက်မြောက်နေ့မှာ ကျေးဇူးရှင် Vite ကနှိပ်မရ
တော့။ ဒါနဲ့ အော်ရတဲ့ ၂ဒေါ်လာလေးတော့
စတီးနဲ့လဲရတာပ။ သို့သော်...သို့သော်ပေါ့ဗျာ
သကောင့်သား Vite က ဒီနေ့မှာ နှိပ်ကြည့်လိုက်
သည့်အခါမှာတော့။ ရှိတဲ့ ၂ဒေါ်လာနေရာမှာ
၀၀ သုညတွေပြနေပြီး မည်သို့မျှ ဘာမှ နှိပ်မရတော့ဘဲ စာတန်းကြီးနဲ့ ခပ်တည်တည်ကြီးသာပြနေလေ
တော့သည်။ အော် အနိစ္စ အမြဲမရှိ၊ ခုမြင်ခုပျောက်
တရားသဘောလေးတွေနဲ့ ပါလား။
မယူတတ်ရင် တဏှာ၊ ယူတတ်ရင်ဘာဝနာတဲ့။
အင်တာနက်က ဒေါ်လာမရတော့လည်း
ရတဲ့ တရားသဘောလေးပဲယူရတာပေါ့လေ။
ဒေါ်လာက ရမှ မရတာကိုလေ နော့။
@htwegyi
MSC.036
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
အဲ့လို ခံစား ခဲ့ရတာတွေ များနေဘီ လို့
နှစ်ထပ်ရှိမှ မှတ်မိမှာမို့လို့ပါအေ 😁
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
ဖြစ်/ပျက်သဘောပဲရှိတာကိုမြင်ပြီး အမြဲမပြတ်ရှု့မှတ်ပွားများနိုင်အောင် အဲဒီလို ငွေရှာဆိုဒ်လေးတွေ များများလုပ်ထားရမှာပေါ့...မဟုတ်ဘူးလား...ဦးထွေး။
Posted using Partiko Android
ဖြစ် ပျက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်ပြီး ပျက်ရော လဟယ်တွေများနေသလားလို့ 😁
ဘာဆို ဘာမှ မလုပ်တော့ပါ (မှတ်ချက်-Steem နှင့်ပတ်သတ်တာမှလွဲ၍) ☺
မှန်တယ် ဘာမှ မလုပ်တာကောင်းတယ်
Steemit မှလွဲ၍ပေါ့
ကျွန်တော်လည်း enlte မဖြတ်သေးဘူး။ သူက အနေအထား လေး မဆိုးဘူးလားလို့။ တော်သေးတယ် အခုပဲ vite ကို ပြေးဝုန်းတော့မလို့။ :)
Posted using Partiko Android
Enlte ကဘာဆက်လုပ်ရမလဲ မသိဘူးဗျ ပုံတော့မတင်တော့ဘူး ဒီအတိုင်းပစ်ထားတာ
ခုပြန်ရသုံးလို့ရနေပြီ
Vite ကိုပြောတာနော်