ဓာတ်ပုံအရိုက်ခံခြင်း အနုပညာ Photographing art.

in #myanmar6 years ago (edited)

ဓာတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်သည်ဆိုရာဝယ်
ဓာတ်ပုံရိုက်သူနှင့် ဓာတ်ပုံအရိုက်ခံသူ ဟူ၍နှစ်ဦး
ရှိသည်။ ဓာတ်ပုံရိုက်သူ သည်အများအားဖြင့်
အမျိုးသားများဖြစ်ကြသည်။ ဓာတ်ပုံအရိုက်ခံသူများမှာ အမျိုးသမီးများက အများဆုံးဖြစ်ကြသည်။
ဓာတ်ပုံရိုက်သည်မှာ ကျွန်တော်တို့ငယ်စဉ်ကပင်
ယခုအချိန်ထိ လူတို့သည် အလှူ၊ မင်္ဂလာပွဲများ
နှင့် ဘွဲ့ယူမောင်မယ်များ မှတ်တမ်းတင်ကြသည်။
အခြားပွဲလမ်းသဘင်များတွင်လည်း ဓာတ်ပုံဖြင့်
မှတ်တမ်းတင်ကြသည်။

ဓာတ်ပုံရိုက်သည်နှင့် ပက်သက်ပြီး အမျိုးသမီးများ
ကို အထူးသတိပေးစရာလေးရှိပါသည်။
ဆရာနေဝင်းမြင့်ရဲ့ ဟောပြောပွဲမှ စကားလေးကို
ပြန်မျှခြင်းဖြစ်ပါသည်။ သိသူများလည်း ရှိပါလိမ့်
မည်။ အမျိုးသမီးများ ကိုယ့်အမျိုးသား နှင့်
အခမ်းအနားများတွင် ဓာတ်ပုံရိုက်သည့်အခါ
အမျိုးသား၏ ညာဘက်မှ နေရာယူ၍ရိုက်ရ
ပါသည်။ အမျိုးသား၏ ညာဘက်မှ
နေရာယူခြင်းသည် ပွဲတက်မယားဖြစ်သည်ဟု
အဓိပ္ပာယ်ဖော်ဆောင်ပါသည်။ ဘယ်ဘက်မှာ
နေရာယူ၍ ဓာတ်ပုံရိုက်လျှင်တော့ ကိုယ့်ရာထူး
ကိုယ်နှိမ့်သလိုဖြစ်ပါမည်။ထိုကြောင့်နေရာယူ
မမှားရအောင် Steemit အမျိုးသမီးထုကို
လက်တို့ပြီးပြော အဲ ရေးပြလိုက်ပါသည်။

image

image

image

အဲ...ကျွန်တော်တို့ စာတွေ ဇာတ်သဘင်တွေမှာ
ကြားဖူး ဖတ်ဖူးကြပါတယ်။ ပြောကြ ရေးကြတာ

”တောင်ညာစံ ဒေဝီအဂ္ဂမဟေသီ မိဖုရားကြီး”

လို့ သိ ကြား ဖတ်မိသည်။

”မြောက်ဘယ်စံ ဒေဝီအဂ္ဂမဟေသီ မိဖုရားကြီး”
ဟု မကြားဘူး မဖတ်ဘူးပါ။

ကျွန်တော်တို့ ခရီးထွက်သည့်အခါများတွင်လည်း ခရီးစဉ်ကိုဓာတ်ပုံဖြင့် မှတ်တမ်းတင်ကြသည်။
ကျွန်တော်ငယ်စဉ်က ဓာတ်ပုံတစ်ပုံရဖို့၊
ဓာတ်ပုံရိုက်ဖို့အလုပ်ရှုပ်ခဲ့ရသည်။ ဓာတ်ပုံ
တစ်ပုံရရန်ကင်မရာရှိရမည်။ ဖလင်လိပ်၊ ဓာတ်ခဲနှင့်
ဓာတ်ပုံ ရိုက်ပြီး ဖလင်ကူးရသည်။ သို့မှသာ
ဓာတ်ပုံရရှိမည်ဖြစ်သည်။ ကျွန်တော်ငယ်စဉ်က
အဆိုတစ်ခုကြားဖူးသည်။ သူငယ်ချင်းမိတ်ဆွေ
စုံတွဲများအား ဒုက္ခပေးချင်လျှင် မင်္ဂလာဆောင်
လက်ဖွဲ့အဖြစ် ကင်မရာလက်ဖွဲ့ပေးကြသည်
ဟုသိရသည်။

image

image

image

ကင်မရာလက်ဆောင်ပေးလိုက်သဖြင့် ရရှိသူမှာ
ဖလင်ဖိုး၊ ဓာတ်ခဲဖိုးနှင့် ဓာတ်ပုံကူးခများအတွက်
ငွေကုန်တော့သည်။ တိုးတက်လာသည့် ယခုခေတ်
အခါမှာတော့ ဒစ်ဂျစ်တယ်ခေတ်ရောက်လာ၍
ဖလင်ဖိုး၊ ဓာတ်ခဲဖိုးများအတွက် ငွေအလီလီ
မကုန်တော့ပေ။ တစ်ခါဝယ်ထားပြီး အားသွင်း
ကာ မပျက်မချင်း အသုံးပြုနိုင်သည်။ ဓာတ်ပုံ
အရိုက်ခံသူ အမျိုးသမီးများမှာ ကြီးကြီးငယ်ငယ်
အရွယ်စုံဓာတ်ပုံရိုက်ရန် ဝါသနာပါကြသည်။

ယခုအခါမှာ ကင်မရာများနှင့်အပြိုင် ဖုန်းများ
တွင်လည်း ကင်မရာပါရှိလာသည်။ ဓာတ်ပုံများ
အလွယ်တကူ ရိုက်ကူးလာနိုင်ကြသည်။
Facebook အသုံးများသည့်ခေတ်ကြီးတွင်
ဖုန်းကင်မရာဖြင့် ဓာတ်ပုံများရိုက်ကာ စားခြင်း၊
သွားခြင်း၊ လာခြင်းနှင့် နိစ္စဓူဝလှုပ်ရှားမှုများကို
ဖေ့စ်ဘွတ်မှာ အပြိုင်တင်ကြလေသည်။
အမျိုးသမီးများသာ ဓာတ်ပုံရိုက်ဝါသနာပါသည်
မထင်ပါနဲ့ ယခုခေတ်အခါမှာတော့ အမျိုးသားများ
ပင် ဖုန်းကင်မရာများဖြင့် မှတ်တမ်းတင်ကာ
ဖေ့စ်ဘွတ်မှာ အပြိုင်ဓာတ်ပုံများတင်ကြလေ
သည်။

ဖုန်းကင်မရာလေးကြောင့် ကျွန်တော်သည်
ဓာတ်ပုံရိုက် ဝါသနာပါခဲ့သည်။ ခရီးသွားရာ
မှာ ဖုန်းလေးဖြင့် ရှုခင်းများကို မှတ်တမ်းတင်
နိုင်ခဲ့သည်။ ခရီးသွားဖော်များကိုလည်း
ဓာတ်ပုံရိုက်ပေးရသည်။ လူတိုင်း ဖုန်းကိုင်ကြ
သဖြင့် ကိုယ့်ဖုန်းလေးများဖြင့် ကိုယ်စီမှတ်တမ်း
တင်ကြသည်။ ကျွန်တော် ဖုန်းဖြင့်မှတ်တမ်း
တင်ခဲ့သည့် အမျိုးသမီးလေးများ၏ ဒီဇိုင်း
ကာလာ ဘာညာအား ရှုစားအားပေးတော်မူကြပါဗျာ လို့။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ရိုက်မယ် တင်မယ်ဗျာ

Posted using Partiko Android

ကိုဟိန်းရေ ဖြည်းဖြည်းရိုက်ပြီးတင်ပါဗျာ 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ကျွန်​​တော်​လည်း ဗိုက်​ကြီးခြင်းအနုပညာ ဆိုပြီး​ရေးမလို့ အဟီး☺ ☺ ☺

Posted using Partiko Android

ဗိုက် သို့ တိုးပွားခြင်း အနုပညာပေါ့ 😁

ဟားးးးးး

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 56554.08
ETH 2343.73
USDT 1.00
SBD 2.41