အရောင်မှိန်လေသလား ဖျော့လေသလား

in #myanmar4 years ago

image

ဆောင်းရာသီရောက်ပြီဆိုရင် ကျနော်တို့ မန္တလေးမြို့တွင်
ရပ်ကွက်တိုင်း ဘုရားပွဲများကျင်းပသည်။
မန္တလေးမြို့၏ဘုရားပွဲများနှင့်ပတ်သက် ယခင်က
ရေးသားပေးပြီးဖြစ်ပါသည်။ ယခုအခါ ကျနော်နေသည့် မီးရထားတိုက်တန်း၏ ပထမဆုံးအကြိမ်
ဘုရားပွဲအကြောင်း ရေးသားပြချင်ပါသည်။

ဘုရားပွဲအကြောင်း‌ ရေးမည်ဆိုသော်လည်း
နိုင်ငံရေးကပါလာခဲ့ပြန်ပါသည်။ ယခင်ကဘုရား
ပွဲများတွင် မြန်မာလူမျိုးတို့ဖြင့် အင်မတန်စည်ကား
သိုက်မြိုက်ခဲ့သည်။ ဘုရားပွဲနေ့ ညနေတွင်
အိမ်တိုင်းအိမ်တိုင်း ဧည့်ခံကျွေးမွေးကြသည်။
ငွေကြေးတတ်နိုင်သူတို့ကလည်း တက်နိုင်သည်အလျောက်၊ ငွေကြေးမတတ်နိုင်သူတို့ကလည်း
သူတို့အထိုက်အလျောက် ဧည့်ခံကျွေးမွေး
လှူဒါန်းကြသည်။

teh39kauvh.jpg

ယခုဘုရားပွဲရာသီမှာတော့ တိတ်ဆိတ်ခြောက်
သွေ့လှပေသည်။ လမ်းမထက်အိမ်များသည်
တံခါးများပိတ်ထားကြသည်။ လမ်းကြားရှိ
အိမ်များသည်လည်း တိတ်ဆိတ်လွန်လှပေ
သည်။ တံခါးဖွင့်ပြီး စားပွဲဝိုင်း‌လေးများ
ခင်းထားသည့်အိမ်လေး တစ်အိမ် နှစ်အိမ်
မြင်ပါမှ အော် တို့မြန်မာအိမ်လေးတွေ ရှိသေး
ပါလားဟု ဝမ်းနည်းအားငယ်စွာ စိတ်မှာ
ဖြစ်ပေါ်မိသည်။

ကျွန်တော်တို့ တိုက်တန်းသည် မြန်မာလူမျိုးများ
အားလုံးနီးပါးဖြစ်ကြသည်။ ထို့ကြောင့်
ယခုနှင့် ပထမအကြိမ် ဘုရားပွဲကို မရှိ
ရှိတာလေးများဖြင့် လှူဒါန်းကြသည်။ ပထမ
အကြိမ်ဆိုတော့ အခက်အခဲများတွေ့ရသည်။
ထိုအပြင်မြန်မာ၊ ထိုင်းချစ်ကြည်ရေး သံဃာ
သုံးသောင်းကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် တိုက်ဆိုင်နေသဖြင့် ပိုအခက်‌တွေ့စေသည်။

gtjx3vkboo.jpg

ပင့်ဖိတ်ထားသည့် သံဃာတော်များသည်
ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွကြသဖြင့်
ကိုရင်ငယ်များနှင့် သက်ကြီးသံဃာတော်များသာ
စာရေးတံမဲသို့ ကြွလာကြသည်။ ကြွမလာနိုင်သည့်
ကိုယ်တော်များလည်းရှိပေသည်။ စာရေးတံမဲ
နှိုက်ရန် သံဃာတော်များကို ပင့်လျှောက်သည့်အခါ

"နံပါတ်စဉ် 1 မှ 10 ဆရာတော်များကြွပါဘုရား"

မိုက်မှအော်ခေါ်သည့်အခါ ကိုရင်ငယ်လေး
တစ်ပါး နှစ်ပါးသာကြွလာသည်။ နောက်တခါ

"နံပါတ်စဉ် 1 မှ 20 ထိဆရာတော်များကြွပါဘုရား"

"နံပါတ်စဉ် 1 မှ 30 ထိဆရာတော်များကြွပါဘုရား"

"နံပါတ်စဉ် 1 မှ 40 ထိဆရာတော်များကြွပါဘုရား"

တစ်မှ 100 ထိ အော်ခေါ်ပါသော်လည်း ရှိရင်းစွဲ
ကိုရင်ငယ်များနှင့်သာ စာရေးတံမဲကိုပြီးဆုံးလိုက်ရ
သည်။ မဲများမှာလည်း အလှူငွေ တစ်သောင်း
မဲများသာ များလှပေသည်။

ငွေတစ်သောင်းလှူခြင်းနှင့် ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူ
ရသူ ကုသိုလ်ရှင်အဖို့ ကြိုးစားလှူဒါန်းရပါသော်လည်း
သံဃာတော်အတွက် နည်းပါးလှသည်။
ကျောင်းတိုက်မှ အလှူဌာနသို့လာရသည့်
ဆိုင်ကယ်ကယ်ရီဖိုး နှုတ်လိုက်ပါလျှင်
ဆရာတော်အတွက် နံနက်စောစောအအေးမိသည့်
ဆေးဖိုးသာကျန်ပါလိမ့်မည်။

@htwegyi
Image credit
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 57019.68
ETH 2888.91
USDT 1.00
SBD 3.61