အနိစ္စ အမြဲမရှိခဲ့သည့် အတိတ်က ဓာတ်ဆီ အကြောင်း

in #myanmar5 years ago (edited)

image

မန္တလေး သည် ဟိုးယခင်အချိန်က စက်ဘီးမြို့တော်
ဖြစ်ခဲ့သည်။ အိမ်တိုင်းမှာ စက်ဘီးတစ်စီးအနည်းဆုံးရှိသည်။ ကျွန်တော် တို့အိမ်မှာလည်း အိန္ဒိယစက်ဘီး
ကြီးတစ်စီးရှိသည်။ ထိုစက်ဘီးကြီးကို ကျွန်တော်
အစ်ကိုအကြီးဆုံးကစီးသည်။ အစ်ကိုကြီးက အလုပ်ရရှိသောအခါ ယိုးဒယားစက်ဘီးလေးတစ်စီးဝယ်
သည်။ ထိုခေတ်က ယိုးဒယားစက်ဘီးနှင့် အင်္ဂလန်မှ
စပေါ့ဘီးများသည် ရေပန်းစားခဲ့သည်။ စပေါ့ဘီး
စီးသည့်အခါ ထိုစက်ဘီးမှ တက်.. တက် ဟုအသံ
မြည်သည်။

စပေါ့ဘီး၏ ထိုအသံကို သဘောကျ၍ အိမ်မှ
အိန္ဒိယဘီးကြီး၏ ဘီးဂွေတွင် တုတ်ချောင်းကို
ကြက်ပေါင်ကွင်းဖြင့်ချည်၍ အသံထွက်အောင်
လုပ်ကာ စီးခဲ့သည်။ စက်ဘီးနင်းတိုင်း
တက်..တက်..မြည်လျှင် သဘောကျလေသည်။
အစ်ကိုကြီးသည် ယိုဒယားစက်ဘီးကို စီး၍ဝသောအခါ ဆိုင်ကယ်ပြောင်း၍ စီးချင်လာသည်။
ယိုဒယားစက်ဘီးကိုပင် လအတော်ကြာအောင် ငွေ
စုဆောင်းပြီးမှသာ ဝယ်နိုင်ခဲ့သည်။ ဆိုင်ကယ်
ဝယ်ဖို့ အိမ်မက် မမက်နိုင်ပါ။ကျွန်တော်တို့က
ကလေးများဖြစ်၍ ဆေးရောင်စုံပြီး ပေါ့ပါးသော
တရုတ်စက်ဘီးလေးများကို စီးချင်ခဲ့သည်။

အစ်ကိုကြီးတွင် ဆိုင်ကယ်စီးသော သူငယ်ချင်း
တစ်ယောက်ရှိသည်။ ထိုသူငယ်ချင်းနှင့် ကျောင်းနေဖက် လုပ်ငန်းတူများဖြစ်ကြသည်။ သူ့သူငယ်ချင်း
ဆိုင်ကယ်မှာ ကာဝါဆာကီ ဆိုင်ကယ်ကြီးဖြစ်သည်။
သူလာပြီးဆိုလျှင် အဝေးကပင် သူ့ဆိုင်ကယ်သံကို
ကြားရသည်။ စနေ၊ တနင်္ဂနွေ နေ့များတွင် ထို
ဆိုင်ကယ်ဖြင့် သူငယ်ချင်းနှစ်ယောက်လည်ပတ်ကြသည်။ အစ်ကိုကြီး သည် ဆိုင်ကယ်စီးချင်သည့်
ပိုးထပါတော့သည်။ ကိုယ့် မှာ မရှိလည်း သူငယ်ချင်းက ဆိုင်ကယ်ရှိလို့တော်သေးဟု အမေကပြောသည်။

”ငါ့သားကြီးက ဆိုင်ကယ်စီးချင်ရှာတာ အမေတို့ကလည်းဝယ်မပေးနိုင်ဘူး”

အမေက အစ်ကိုကြီးဆိုင်ကယ်နောက် ခွစီးလိုက်
သွားသည်ကိုကြည့်ရင်ပြောသည်။ ဆိုင်ကယ်
မပြောနှင့် ယိုးဒယားစက်ဘီးကိုပင် ဝယ်ယူဖို့
ကျွန်တော်တို့မိသားစုသည် ငွေကို အတော်စုခဲ့ရ
သည်။ ဆိုင်ကယ်စီးချင်သော ကျွန်တော် အစ်ကိုကြီးသည် ငယ်ငယ်ရွယ်ရွယ် အသက် (၃၁)နှစ်မှာ
အရက်ကြောင့် သေဆုံးခဲ့သည်။

image

အစ်ကိုကြီး စီးချင်သော ဆိုင်ကယ်ကို နောင်
ကျွန်တော်တို့မောင်နှမများ အလုပ်ရသည့်အခါ
ဝယ်ကြလေသည်။ စူပါကတ်ဇီးရောင်အဟောင်း
ကိုဓာတ်ဆီထုတ်ရောင်းရန်နှင့် စီးရန်အတွက်
ငွေ (၁၅)သိန်းဖြင့် ဝယ်သည်။ ငွေမလောက်၍
လက်ဝတ်လက်စားများ ထုခွဲရောင်းချကာ
ငွေဖြည့်ဝယ်ရသည်။ 2007 ခုနှစ်မှာ ဆိုင်ကယ်
ဝယ်၍ ဆီထုတ်ရောင်းခဲ့ရာ 2011 ခုနှစ် ဒီဇင်ဘာ
လမှစ၍ စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကသို့
လွှဲပြောင်းလိုက်သည်။ ၃ နှစ်ကျော်ခန့် စူပါကတ်
လေးမှ ဓါတ်ဆီထုတ်ရောင်းစားခဲ့လိုက်ရသည်။
ထိုမှစ၍ ၁၅သိန်းတန် ဆိုင်ကယ်လေးသည် တရုတ်ဆိုင်ကယ်များကြား မျက်နှာငယ်လေးတော့သည်။

image

တရုတ်ဆိုင်ကယ်များ မန္တလေးသို့ အင်နဲ့အားနဲ့
အလုံးအရင်းဝင်လာခဲ့သည့် အချိန်မှစ၍
မန္တလေး၏ စက်ဘီးများသည်လည်း လမ်းမများ
ထက်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
အစိုးရစက်သုံးဆီဆိုင်များ ဖျက်သိမ်းလိုက်သည်။
စက်သုံးဆီဆိုင် ဝန်ထမ်းများလည်းအလုပ်ထွက်
သူထွက်၊ ဌာနကူးပြောင်းသူပြောင်းကြသည်။
စက်သုံးဆီဆိုင်ဝန်ထမ်းအချို့ ဒုက္ခရောက်ခဲ့ကြ
သည်။

”အနိစ္စ အမြဲမရှိ၊ အတိတ်က ဓာတ်ဆီ

နိပ်ပဟ ဝယ်ခဲ့သည့် ဆိုင်ကယ်ဇီးရောင်ရယ်နဲ့

အမယ်မင်း စက်သုံးဆီဆိုင်ဝန်ထမ်းများတို့ရေ

ခုများ ဘာတွေလုပ်ကိုင်နေကြပါလိမ့်”

မှတ်ချက်။ မြန်မာ့ရေနံဌာနမှာ လုပ်ကိုင်ခဲ့သည့်
အစ်ကိုကြီးအား အမှတ်တရ ရေးဖွဲ့ပါသည်။

@htwegyi
MSC.036

Sort:  

@htwegyi, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်ကဲ့ပါဗျွာန်တော်လည်း ကျေးဇူးတင်ပါတယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟုတ်ပ ဆီထုတ်ရောင်းရတုန်းက ရှယ်ပဲဗျ

Posted using Partiko Android

ကိုဟိန်းလည်း ရောင်းခဲ့တယ်ထင်ပ

ဦးထွေးရေ နေကောင်းတယ်မို့ လား။

ဟုတ်ကဲ့ ကောင်းပါတယ် ကိုမဟော်ရေ
ကိုမဟော်ရော ကျန်းမာပါစ

စစ်ကိုင်းကနေ နိုဗိုတယ် ဆီဆိုင်ထိ အသွားအပြန် ဆီတွေ အပတ်စဉ်ထုတ်ခဲ့ဘူးတယ် ကိုထွေးကြီးရေ ☺

ဓာတ်ဆီဈေးတွေတက်ပါစေ ဆုတောင်းရင်း မောင်းနေမလား 😁

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84