အငွေ့ရယ်ပါတော်

in #myanmar5 years ago

image

လူအများစုသည် လာဘ်လာဘပေါများလိုကြသည်။
ရာထူးဂုဏ်တို့ကို လိုချင်တပ်မက်ကြသည်။
ထို့ကြောင့် ထိုအရာများကို နည်းအမျိုးမျိုးဖြင့်
ရှာဖွေ တတ်ကြသည်။ ထိုသို့ရှာဖွေရာတွင်
နည်းမှန်လမ်းမှန်များရှိသလို နည်းမမှန်သည်များလည်းရှိပေသည်။ လူဆိုသည်ကလည်း အများအားဖြင့် လောဘမသတ်နိုင်ကြသူများဖြစ်သည်။

လာဘ်လာဘနှင့် ရာထူးဂုဏ်တို့အတွက်
မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးအပြင်
အခြား ကိုးကွယ်မှုများကိုလည်း ပြုလုပ်ကိုးကွယ်ကြလေသည်။ ထိုသို့ကိုးကွယ်ရာတွင်
ကိုးကွယ်မှုနှင့် ကိုးကွယ်သူတို့ကြား ဆက်သွယ်
ဆောင်ရွက်ပေးသူရှိသည်။ ထိုဆက်သွယ်ဆောင်ရွက်ပေးသူကို နတ်ကတော်ဟုခေါ်ဆိုကြသည်။

g28un8cquu.jpg

နတ်ကတော်အများစုသည် အမျိုးသမီးများဖြစ်ကြသည်။ အချို့မှာ အမျိုးသမီးစိတ်ပေါက်သော
အမျိုးသားများလည်းရှိပေသည်။ နတ်ကတော်များ
သည် 37မင်းသော နတ်များအကြောင်းကို
သိရှိထားရသည်။ များသောအားဖြင့် နတ်ကတော်များသည် နတ်မေးသူများ၏ အကြိုက်အလိုက်ပြောပေးကြသည်။ နတ်ကတော်များတွင် ဟောပြောသည့်အခါ မှန်သူများရှိသည်ဟုပြောသလို၊ မေးသူ၏
အခြေအနေကိုကြည့်ကာ ပြောဆိုသူလည်းရှိသည်။

jahfi2hx26.jpg

ကျနော်တို့ငယ်စဉ်ကတော့ နတ်ကတော်များ၏
ဟောပြောခြင်းကို စိတ်မဝင်စားပေ။ နတ်ကိုပူဇော်ထားသည့် မုန့်ပဲသရေစာများကိုသာ စိတ်ဝင်စားမိသည်။ နတ်ကတော်တစ်ယောက်ဖြစ်ရန်အတွက်
နတ်ကနားပေးရသည်။ နတ်ကနားပေးသည်ဆိုသည်မှာ နတ်နှင့် မင်္ဂလာဆောင်ခြင်းဖြစ်သည်။
နတ်ကနားကို သုံးရက်မှ 7 ရက်ထိ တတ်နိုင်ရင်တတ်နိုင်သလို ပြုလုပ်ကြသည်။

rwkeap53n3.jpg

ကျွန်တော်တို့ ငယ်စဉ်က နတ်က‌တော်လုပ်ခဲ့သည့်
မမြင့်အကြောင်း ပြောပြချင်ပါသည်။ သူ့ယောက်ျားက အရက်သောက်သူဖြစ်သည်။ မမြင့်သည် နတ်နှင့်မဂ်လာဆောင်သည်ဖြစ်၍ နတ်ကနားအတွင်း၌
ခုနှစ်ရက်နေရသည်။ ခုနှစ်ရက်ပင် မပြည့်သေး
သုံးရက်မြောက်နေ့တွင် မမြင့်ယောက်ျားသည်
မူးမူးနှင့် လင်ရှိလျှက်နှင့် နောက်မီးလင်းရပါမလား
ဆိုကာ မမြင့်ကို ဝင်ရိုက်လေသည်။

ထိုအခါ မမြင့်သည် သူ့ယောက်ျအား ပြန်ပြော
လိုက်သည်မှာ

pyxlo9xnq7.jpg

"အမယ်လေး ကိုဘမြင့်ရဲ့ တကယ်အတွေ့
မဟုတ်ရပါဘူး၊ အငွေ့ရယ်ပါတော်
အ‌ငွေ့ရယ်ပါ"

ဟုပြောဆိုကာ ပြေးလေသည်။
ဦးဘမြင့်ကြီးအား ဝိုင်းဆွဲ၍ ချော့မော့ကာ
မနည်းခေါ်သွားကြရသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60611.05
ETH 2703.38
USDT 1.00
SBD 2.45