အိပ်မက် မက်ရာဝယ် Dream.

in #myanmar6 years ago (edited)

အိပ်မက် အကြောင်းကို ရေးဖို့စိတ်ကူးနေစဉ်
ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားသည့်
ကောသလမင်းကြီး အိပ်မက်ကိုတရားနာလိုက်ရ
သည်။ အိပ်မက် ဆိုသည်က လူတိုင်းမက်ကြ
ဖူးသည်။ အိပ်မက်များက အကြောင်းအရာ
စုံလင်စွာ မက်ကြသည်။ အိပ်မက် မက်မှုသည်
စိတ်ခံစားမှု ရုပ်ခံစားမှုများကို အိပ်သည့်အချိန်မှာ
ပြန်လည်းခံစားမြင်ယောင်ခြင်းဖြစ်သည်။

အိပ်မက်ကို မည်သည့်အချိန်မှာ မက်ကြသလဲဆို
တော့။ အိပ်သည့်အခါ ဖျတ်ကနဲ့ နိုး ဖျတ်နဲ့အိပ်သည့်
အချိန်များတွင်မက်သည်။ မျောက်မြည်းငိုက်
သလို အိပ်သည့်အချိန်မှာ အိပ်မက်ကို မက်ကြ
သည်။ နိုးတစ်ဝက်အိပ်တစ်ဝက်တွင် အိပ်မက်
မက်လေ့ရှိသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မော
ကျနေသည့် အချိန်မှာ အိပ်မက် မမက်ပါ။

image

image

အိပ်မက်ကို ပုထုဇဉ်များ၊ သောတပန်နှင့် အနာဂမ်
များသာ မက်လေ့ရှိသည်။ မြတ်စွာဘုရားရှင် နှင့်
ရဟန္တာတို့သည် အိပ်မက် မက်လေ့မရှိပေ။
ကောင်းသည့် စိတ်ခံစားမှုနှင့် မက်သည့်အိပ်မက်
သည် ကုသိုလ်ကိုဖြစ်စေသည်။ မကောင်းမှု
စိတ်ခံစားမှုဖြင့် မက်ပါက အကုသိုလ်ကို
ဖြစ်စေသည်။ အိပ်မက်တွင် လောဘ ဒေါသ
ဖြင့် ရိုက်နှက်သတ်ဖြတ်သည့်အခါ အိပ်နေရင်း
အသံများပင်ထွက်ကြသည်။

အိပ်မက်တွင် ဖြစ်ပေါ်သည့် ကုသိုလ်၊ အကုသိုလ်
များသည် ဘဝဖြစ်စဉ်မှာ အိပ်မက်စေတနာ
ကြောင့် မျိုးစေ့မအောင်ပါ။ ဘဝကြားမှာတော့
အိပ်မက် ကုသိုလ်၊ အကုသိုလ်က အကျိုးသက်
ရောက်မှုရှိသည်။ အိပ်မက် မက်သည့် အကြောင်း
အရာ (၄) မျိုးရှိသည်။

(၁) ကျန်းမာရေးအခြေအနေကြောင့်လည်း
အိပ်မက် မက်သည်။ ပထဝီ၊ တေဇော၊ အာပေါ
ဝါယောဓာတ်များမညီညွတ်သည့်အခါ အိပ်မက်
မက်သည်။ ပထဝီ ဓာတ်ကြောင့် အိပ်မက်လျှင်
ကိုယ့်အား ရန်သူများက လိုက်လံနှောင့်ယှက်
၍ ထမရ၊ အော်မရအိပ်မက်၌ဖြစ်သည်။
အာဘောဓာတ်ကြောင့်မက်လျှင် ရေနစ်ခြင်း
ရေထဲမှ မထနိုင်ခြင်းများ မက်သည်။
ဝါယောဓာတ်ကြောင့် မက်လျှင် ကောင်းကင်
သို့ ပျံဝဲနေခြင်း အထက်သို့ လွင့်နေခြင်းများ
မက်သည်။

(၂) အတွေ့ အကြုံများ၊ စိတ်ခံစားမှုများကြောင့်
လည်း အိပ်မက် မက်သည်။

(၃) နတ်များက အိပ်မက်ပေးခြင်းကြောင့်လည်း
အိမ်မက် မက်သည်။

(၄) အတိတ်၊ နမိတ်များမဖြစ်ခင် ကြိုတင်ဖော်ညွှန်း
သည့်အနေဖြင့်လည်း အိပ်မက်သည်။ ကုသိုလ်၊
အကုသိုလ်များကြောင့်လည်း အိပ်မက်သည်။

image

image

image

image

အိပ်မက်များသည် ကောင်းသည့်စိတ်ကြောင့်သော်လည်ကောင်း၊ ခံစားမှု ခံစားချက်ကောင်းသည့်အခါများတွင် မက်သည့်အိပ်မက်သည် ကုသိုလ်အကျိုး
ကိုသက်ရောက်စေသည်။ မကောင်းသည့်စိတ်
ကြောင့်သော်လည်ကောင်း၊ ခံစားမှု ခံစားချက်မ
ကောင်းသည့်အခါများတွင် မက်သည့်အိပ်မက်သည် အကုသိုလ်အကျိုးကိုသက်ရောက်စေသည်။

တခါတရံ အိပ်မက်မက်ကြသည့်အခါ အိပ်မက်ထဲ
ကအတိုင်း အပြင်မှာများဖြစ်လေမလား လိုက်လံပြုမူဆောင်ရွက်တတ်သည်။ ငယ်စဉ်အချိန်က
အိပ်မက်ထဲတွင် အိမ်၏အရှေ့ဖက် မြေကြီးကို
တူးသည့်အခါ ရွှေအမြောက်အများတွေ့ရသည်။
လူသည် လောဘရှိတတ်သူဖြစ်သည်။
သစ်ပင်စိုက်ရန်အကြောင်းပြု၍ မြေကြီးအား
တူးဖော်ကြည့်မိသည်။ ကိုယ့်အိပ်မက်လေး
ပြန်ဖောက်သည်ချပြတာပါ 😁။

ကျွန်တော် မကြာခဏ မက်သည့် အိပ်မက်
တစ်ခုလည်းရှိပါသည်။ ထိုအိပ်မက်မှာ
ပင်လယ်ကမ်းစပ်တစ်ခုတွင် ဘုရားတစ်ဆူအား သွားရောက်ဖူးမျော်ရသည့် အိပ်မက်ဖြစ်သည်။ အဆိုပါဘုရားအားပင်လယ် ရေလှိုင်းများက
လာရောက်ဦးခိုက်နေကြောင်းမြင်မက်သည်။
ထိုအိပ်မက် မက်ပြီးနှစ်အတန်ကြာသည့်အခါ
အင်းတော်ကြီးရွှေမဉ္စူဘုရားနှင့် ကျိုက္ခမီ
ဘုရားများကို သွားရောက်ဖူးမျော် ရပါသည်။
အိပ်မက်တို့က တခါတရံ ထူးဆန်း
အံ့သြဖွယ်ကောင်းလှပေတော့သည်။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

တစ်ချို့အိပ်မက်များတွေကအတိတ်နမိတ်ပြတယ်ဆိုတာဟုတ်လောက်တယ်

ဟုတ်တယ်ဗျ အိပ်မက်တွေက နမိတ်တစ်ခုပ

အိပ်မက်က ကုသိုလ်လုပ်ဖို့ အကြောင်း ကြိုတင် နိမိတ်ဖတ် တဲ့ အိပ်မက်မျိုး ထင်တယ်နော် ဦးထွေး။ ကောင်းလိုက်တဲ့ အိပ်မက်လေးပေါ့။

@hnineikhaing က စေညွှန်းလို့ လာဖတ်ဖြစ်သွား တာ ကောင်းလိုက်တာ ဦးထွေး post လေးက။ ကျနော် post ကို စိတ်ဝင်စားရင် link ထားခဲ့ ပါရစေ။

link : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-7-aggamun

Posted using Partiko Android

အိပ်မက်က စိတ်တွေ ရုပ်တွေစွဲလန်းရာက မက်တာတဲ့
ကောင်းမွန်တဲ့ အိပ်မက်လေးတွေ မက်ပါစေဗျာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57929.49
ETH 2354.05
USDT 1.00
SBD 2.44