မောင်​ရိုးတို့ရွာ(အပိုင်း ၂)

in #myanmar7 years ago (edited)

549950_283397068404719_100002032836415_654517_1668345768_n.jpg
Photo Credit.........

ဝါ၀ါ​အေးတစ်​​ယောက်​ တက္ကသိုလ်ဝင်တန်း​​​​​​စာ​မေးပွဲ​အောင်​သည့်​ အထိမ်းအမှတ်​အဖြင့်​ အိမ်​တွင်​ပင်​ ​ဘောလုံး​လေး​တွေအလှဆင်​၍ အခမ်းအနားလုပ်​ကာ လာသမျှဧည့်သည်​များအား ကြက်​သားဒံ​ပေါက်​နှင့်​ အ​အေးဖြင့်​ဧည့်​ခံပါသည်​။ ပညာသင်ကြားေ​ပးသည့် ​ဆယ်​တန်း ဆရာမများနှင့်​ ညပိုင်းအိမ်​လာသင်​သည့်​ဂိုက်​ဆရာမ​တို့ကို ပါတိတ်​၀မ်းဆက်​ဖြင့်​ ကန်​​တော့ကာ ​ကျေးဇူးတင်​မဆုံး တပြုံးပြုံးဖြစ်​​နေကြသည်​။
2017-10-01-15-31-19-384143630(1).png
Image Source
မနက်​ ၆နာရီထဲက ကျင်းပခဲ့တဲ့ ဂုဏ်​ပြုပွဲ​လေးက ​နေ့လယ်​ ၁၂နာရီ​လောက်​မှာ ​အောင်​မြင်​စွာနဲ့ ပြီးဆုံးသွားပါတယ်​။ ဧည့်​သည်​​တွေလဲ ရှင်းသွားပြီဆို​တော့ ပန်းကန်​ခွက်​​ယောက်​​တွေသိမ်းဆည်း၊ သန့်​ရှင်း​ရေး​တွေလုပ်​၊ အားလုံးရှင်းပြီးပြီဆိုမှ .....

သမီး- "သမီးဆယ်​တန်း​အောင်​ရင်​ လိုချင်​တာ ၀ယ်​​ပေးမယ်​လို့ အ​မေတို့ ​ပြောခဲ့တယ်​​နော်​"
အ​မေ- "​အေး​လေ...အ​မေ့သမီး​လေးက ဘာလိုချင်​လို့လဲ"
သမီး- " သမီးကို ဖုန်းဝယ်​​ပေးပါလား၊ သမီးက မြို့​ပေါ်ကို တက္ကသိုလ်​သွားတတ်​ရင်​လည်း ဖုန်း​လေးရှိမှ တင့်​တယ်​မှာအ​မေရဲ့"
အ​မေ- "ဒါဆိုလည်း ညည်းအ​ဖေကိုင်​​နေတဲ့ "ခ​ကွေး"ဖုန်းမျိုးဝယ်​​ပေးမယ်​​လေ၊ ခလုတ်​ဖုန်းမဟုတ်​တဲ့ လက်​တို့ဖုန်း​လေး​လေ"
သမီး- " ခ​ကွေး မဟုတ်​ပါဘူးအ​မေရယ်​၊ Huawei ပါ "
အ​မေ- " မ​ခေါ်တတ်​ပါဘူး​အေ၊ ငါတို့တစ်​ရွာလုံး "ခ​ကွေး" ဖုန်းလို့​ခေါ်ကြတာပဲ"
သမီးဖြစ်​သူက သက်​ပြင်းတစ်​ချက်​ချပြီး....
"သမီးတရုတ်​ဖုန်းမကိုင်​ချင်​ဘူး၊ Samsung ပဲ ၀ယ်​​ပေးပါ​နော်​ အ​မေ့"
အ​မေ-"​​အေးပါ​အေ...သမီးစိတ်​ချမ်းသာရင်​ပြီး​ရော၊ ည​နေ​စောင်းမှ ညည်းအ​ဖေနဲ့ မြို့တတ်​သွားဝယ်​​ချေ "
သမီး-"​ဟေးးး....ဒါမှ တို့အ​မေကွ"
အ​မေ့ကိုဖက်​ကာ ပါးကို "ရွှတ်​"ခနဲ ​မွှေးလိုက်​သည်​။ ဒီလိုကျ ​လောကကြီးက သာယာလိုက်​တာ။
samsung-logo-191-1(1).webp
Image Source

Samsung ဖုန်း​လေးဝယ်​ပြီးကတည်းက သူမ အလွန်​သုံးချင်​လို့ ​အောင့်​အီးထား​သော facebook ကို စတင်​သုံးခွင့်​ရ​ချေပြီ။
မြို့​ကျောင်းက သူငယ်​ချင်း​တွေသုံးတာ မြင်​ကတည်းက သုံးချင်​​နေ​သော်​လည်း မိဘ​တွေက ဖုန်းဝယ်​မ​ပေး၍ မသုံးရ​သေးပါ။
Facebook ကို "အချစ်​ ဆူး" ဟူ​သော နာမည်​ဖြင့်​ စတင်​ အ​ကောင့်​သစ်​ဖွင့်​လိုက်​သည်​။
အ​ကောင့်​သစ်​ဖွင့်​ကာစမို့လို့လား​တော့မသိပါ သူငယ်​ချင်းလည်း ​တစ်​​ယောက်​မှမရှိ။ သူများအ​ကောင့်​​တွေကို လိုက်​ add ​တော့လည်း အ​ကောင့်​သစ်​မို့ accept လုပ်​တဲ့သူ နည်းသည်​။ တစ်​လ​လောက်​​ကြာမှသာ သူငယ်​ချင်း အ​ယောက်​ ၅၀၀ ​လောက်​ရလာသည်​။ သူငယ်​ချင်းများလာသည်​နှင့်​အမျှ ​ဖေ့ဘုတ်​မှာ သုံး၍ ပို​ကောင်းလာသည်​။ မျက်​စိနှစ်​လုံးစပွင့်​ကတည်းက ဖုန်းကို အရင်​ဦးဆုံးကိုင်​ကာ ​ဖေ့ဘုတ်​သုံးဖြစ်​သည်​။

30(1).webp
Photo Credit

မောင်​ရိုးတို့ရွာ၏ နှစ်​စဉ်​ကျင်းပမြဲဖြစ်​​သော ရွာဘုရားပွဲ​လေးနီးလာပြီ။တစ်​နှစ်​မှတစ်​ခါသာ ကျင်းပသည်​မို့ တစ်​ရွာလုံး စိတ်​အားထက်​သန်​စွာ ပါဝင်​ကူညီကြသည်​။ ​ကျေးရွာသူ​အပျို​ချော ကွမ်း​တောင်​​ကိုင်​​လေးနာမည်​က ထက်​ထက်​ဦး၊ အားလုံးက ထက်​ထက်​ဟူ၍သာ အလွယ်​​ခေါ်ကြသည်​။ ထက်​ထက်​ရဲ့အဘွားက ​ဒေါ်မြလွင်​။ ​ဒေါ်မြလွင်​က မြေးမ​လေး ညလုံး​ပေါက်​ပွဲကြည့်​မှာလား သိချင်​လှသည်​။ ညလုံး​ပေါက်​ ပွဲကြည့်​မယ်​ဆိုလျှင်​ မနက်​ယာထဲဆင်းပြီး ငရုတ်​သီး​ခူးနိုင်​မည်​မထင်​။ ငရုတ်​သီး​တွေက ခူးချိန်​တန်​​နေပြီ။
ငရုတ်​စိုက်​ခင်းထက်​ ပို၍အ​ရေးကြီးသည်​မှာ စပါးခင်း​တွေပင်​ဖြစ်​သည်​။
မြေးမ​လေးညလုံး​ပေါက်​ပွဲကြည့်​လို့ ​နေ့လည်​ခင်း အလုပ်​မလုပ်​နိုင်​ဘဲ အိပ်​မည်​ဆိုလျှင် ​ကောက်​စိုက်,​ပျိုှးုနှုတ်​ရန်​ လူငှါးသင့်​လျှင်​ ငှါးရ​ပေ​တော့မည်​။
Rijstvelden_Myanmar_2006.jpg
Photo Credit

အဘွား-"ထက်​ထက်​​ရေ"
ထက်​ထက်​- "ရှင်​...အဘွား"
အဘွား- "​အေး ..ငါ့​မြေး မနက်​ဖြန်​ ဇာတ်​ပွဲအလင်းကြည့်​မှာလား"
ထက်​ထက်​- " အလင်းမကြည့်​ဘူးအဘွား၊ အ​မှောင်​ထဲက ထိုင်​ကြည့်​မှာ "
အဘွား- "နွားမ​လေး..အလင်းကြည့်​မလားဆိုတာ တစ်​ညလုံး မိုးလင်း​ပေါက်​ကြည့်​မှာလားလို့ ​မေးတာဟဲ့"
ထက်​ထက်​-" ဟီး..ဟီး...သိမှာမသိတာ...အဘွားက စကားကို ရှင်းရှင်းမေ​​ပြာဘူး ၊ ဟုတ်​ကဲ့ မိုးလင်း​ပေါက်​ကြည့်​မှာ​ပေါ့ အဘွားရဲ့၊ တစ်​နှစ်​တစ်​ခါ ကြုံ​တောင့်​ကြုံခဲဟာကို၊ သမီးက
မင်းသား​ဘောကြည့်​စင်​​တောင်​ ၀ယ်​ပြီးသွားပြီ။"
(မှတ်​ချက်​- တချို့ ရွာများတွင်​ ဇာတ်​ပွဲရဲ့ ​ရှေ့ဆုံးတန်း စင်​ကို "မင်းသား​ဘောကြည့်​စင်​" ဟု​ခေါ်ကြသည်​၊ စာ​ရေးသူကိုယ်​​တိုင်​ အထူးအဆန်းဖြစ်​​နေလို့ ဗဟုသုတ ရ​စေရန်​အလို့ငှါ ထည့်​​ရေး​ပေးခြင်း ဖြစ်​ပါသည်​။ ရိုင်းသွားလျှင်​ ကန်​​တော့ပါရဲ့ )
အဘွား-" ဒါဆို မနက်​ဖြန်​လူငှါးလိုက်​​တော့မယ်​​နော်​သမီး"
ထက်​ထက်​-" ဟုတ်​ကဲ့အဘွား"
ဇာတ်​ပွဲမှာ ရုံလုံးပြည့်​လူစည်​လှသည်​။ မိန်းက​လေးများရဲ့ အသည်းစွဲ ဖိုးချစ်​ ရဲ့ဇာတ်​ပွဲ​ပေကိုး။
ဇာတ်​ပွဲ ရုံမှ အသံများမှာ ရွာနီးချုပ်​စပ်​တိုင်​​အောင်​ ပျံ့လွင့်​​နေသည်​........"ဖိုးချစ်​ ဖိုးချစ်​ အား​ပေး​နေစဲ..
မြန်​မာ​တွေရဲ့​အောင်​ပွဲ"..........
hqdefault(1).webp
Photo Credit

(မောင်​ရိုးတို့ရွာမှာ အပြင်​​လောကတွင်​ တကယ်​မရှိပါ။ စာ​ရေးသူ၏ စိတ်​ကူးမျှသာဖြစ်​ပါသည်​။)
Written By
@honeysara

Sort:  

This post received a 62% upvote from @morwhale team thanks to @honeysara! For more information, click here! . this is @originalworks . steem @steemprice BTC

$4407.31 USD/BTC
Volume: 40766.29 BTC ($179669653.86 USD)
Last Updated Mon Oct 2 03:45:18 2017

The @OriginalWorks bot has determined this post by @honeysara to be original material and upvoted it!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

To enter this post into the daily RESTEEM contest, upvote this comment! The user with the most upvotes on their @OriginalWorks comment will win!

For more information, Click Here!
Special thanks to @reggaemuffin for being a supporter! Vote him as a witness to help make Steemit a better place!

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

ရွာကိုတောင်အောက်မေ့တယ်

ဟုတ်​လား 😃😃

အရေးအသားမဆိုးပါ၊ သို့သော် ဆန့်တငံငံလိုကြီး ပြီးသွားတာလား ၊ဆက်ရန်လားမသိ။

ဆက်​ရန်​ကျန်​ပါ​သေးသည်​ ၊ ကျ​နော်​ သိပ်​မ​ရေးတတ်​​သေးလို့ပါဗျ၊ ခုလိုဖတ်​ရှု​ဝေဖန်​​ပေးတဲ့အတွက်​​ကျေးဇူးပါ ☺

လာလည် ဦးမယ် လို့ ပြောမလို့
အပြင်မှာ မရှိဖူးဆိုလို့

ဟီးဟီး 😛😁

နောက်ထပ်ပို့စ်တွေကို စောင့်မျှော်နေပါတယ်ဗျ။

ကျေးဇူး အများကြီးတင်​ပါတယ်​ဗျာ....

ann ဘယ်လိုကြီးလားဟာ လေထီးမပါဘဲ ပစ်ချခံရပြန်ပြီ တစ်ခါ

သိပ်​မ​ရေးတတ်​​သေးလို့ပါဗျာ...သည်းခံ​ပေးကြပါ...​ကျေးဇူးတင်​ပါသည်​။ 😁😁

ကောင်းပါတယ် ရုတ်တရက်ကြီးပြီးသွားလို့ လန့်သွားတာ

Good....ကွာ

ကျေးဇူးဗျာ 😊

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67538.43
ETH 3518.61
USDT 1.00
SBD 2.81