မြတ်နိုးအပ်သော မြန်မာစာပေ

in #myanmar8 years ago

မြန်မာစာဆိုတယ့်ဘာသာရပ်ကို ကျွန်မတို့မူကြိုအရွယ်ကစပြီး သင်ကြားလာခဲ့ရတာပါ။ကကြီး ခခွေးဆိုတယ့် အခြေခံဗျည်းသရတွေနဲ့ စသင်ခဲ့ရတယ့် ကျွန်မတို့ဟာ ကိုယ့်ရယ့်မိခင်ဘာသာစကားကို သိပ်ပြီးအလေးမထားခဲ့ပါဘူး။

ကျွန်မကိုယ်တိုင်လဲ မြန်မာစာကို သိပ်ပြီးအလေးမထားပါဘူး။မျက်လုံးနဲ့ကြည့်လိုက်ရုံနဲ့ မှတ်မိလွယ်တဲ့ စာလုံးတွေဆိုတော့ ပေါ့ပေါ့တန်တန်ထားခဲ့မိတယ်။သူငယ်တန်းကနေ ဆယ်တန်းထိမြန်မာစာဆိုတာ ကျွန်မတို့အတွက် ဘယ်ချိန်ထကျက်ကျက် ရနေမယ့်စာလို့ပဲ သတ်မှတ်ခဲ့မိပါတယ်။

ဒါကြောင့်လဲ စာကျက်မယ်လို့ စဉ်းစားလိုက်တိုင်းလဲ မြန်မာစာကနောက်ဆုံးမှာထားခဲ့တယ်။မြန်မာဆိုတော့ မြန်မာဘာသာကအေးဆေးပေါ့ဆိုတယ့် ပုံစံမျိုးနဲ့ပါ။ဒါပေမယ့် ကျွန်မတက္ကသိုလ်စတက်ချိန် မြန်မာ့ရေးရာဆိုတယ့် ဘာသာရပ်ကို စတင်သင်ကြားခွင့်ရပါတယ်။ ဆရာမရဲ့အသင်အပြကောင်းမှုနဲ့ ဘာသာရပ်ဟာ စိတ်ဝင်စားမှုကောင်းတာကြောင့် သေချာနားထောင်ခဲ့မိပါတယ်။

ဆရာမစာရှင်းပြနေချိန် ကျွန်မရေသောက်ဖို့ပင်မေ့တယ်လို့ ပြောရင်ပိုတယ်လို့ထင်မိကြမှာပါ။ဒါပေမယ့်အဲ့ဒါက တစ်ကယ်ပါ။ကျွန်မတို့ရှေးမြန်မာတွေလက်ထက်မှာပေါ်ပေါက်ခဲ့ကြတဲ့ စာဆိုတွေရဲ့ လေးစားချီးကျူးဖွယ်ရာ စာပေဖွဲနွဲ့မှုဂုဏ်ရည်ကို တွေ့မြင်ကြားသိခဲ့ရတော့ နှလုံးသားထဲကပင် လှိုက်လှိုက်လှဲလှဲ ချီးကျူးမိပါတယ်။

ခေတ်နှင့်အညီပေါ်ပေါက်လာတဲ့ စာဆိုတွေရဲ့ ခံစားချက်တွေကို အင်္လကာတန်ဆာဆင်ရေးဖွဲ့ထားတာ ကြားသိရုံနဲ့တင် မြန်မာစာပေကို အထင်မသေးမိပါတော့ပါဘူး။ ကျွန်မတို့ယခုလက်ရှိသင်နေရတဲ့ ကဗျာတစ်ပုဒ်ဟာဆိုရင်ဖြင့် ရှေးစာဆိုတွေရဲ့ ကဗျာဥာဏ်စွမ်းရည်နှင့်တကွ ဖြတ်ထိုးဥာဏ်ကောင်းမှုကိုပါ တွေ့ရှိရပါတယ်။ အဲ့ကဗျာလေးနာမည်က "ရွှေရုပ်သွင်"ပါ။ ဒီကဗျာလေးကို အင်းဝခေတ်စာဆိုကျော် ရှင်တေဇောသာရရေးဖွဲ့ထားတာပါ။ ဒီကဗျာလေးမှာဆို ရခိုင်မင်းသမီးလေးရဲ့အလှကို အမျိုးမျိုးသော အလင်္ကာအဆင်တန်ဆာတွေနဲ့ ရေးဖွဲ့ထားတာပါ။လက်ရာမြောက်လွန်းတာကြောင့် ရဟန်းစာဆိုတစ်ပါးအနေနှင့် အလှအပကိုဖွဲ့ဆိုထားခြင်းကြောင့် သံသယဖြစ်မိခဲ့ပါတယ်။

တစ်ကယ်တမ်းတော့ စာဆိုဟာ ရခိုင်ပြည်ကိုရောက်တာကြာပြီဖြစ်တာကြောင့် ဇာတိကိုပြန်ချင်သော်လည်း ရခိုင်ဘုရင်က ပြန်ခွင့်မပြုသေးတာကြောင့် ဘုရင်မင်းမြတ်၏သမီးတော်အား နှစ်သက်မြတ်နိုးမိဟန် သမီးတော်လေး၏အလှကို ဖွဲ့ဆိုထားသည့် ထိုကဗျာလေးအား ဆက်သခဲ့တာကြောင့် ဘုရင်ကြီးကရခိုင်မြိုက ပြန်ရန်ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယခုကဲ့သို့ မိမိတို့ဖြစ်ချင်သောအရာကို စာပေအစွမ်းဖြင့် ဖော်ထုတ်ခဲ့ကြသော စာပေများစွာရှိပေသည်။

ကျွန်မသည် ထိုကဲ့သို့သော စာပေရဲ့စွမ်းပကားများကို ဆရာမရှင်းပြနေချိန်တွင် ရင်ထဲတွင် အလိုလိုပင် မြန်မာဘာသာစကား မြန်မာစာပေကို နှစ်သက်မြတ်နိုးလာမိပါတယ်။ကိုယ့်မြန်မာစာပေကိုလဲ အထင်မသေးဝံ့တော့ပါဘူး။ တန်ဖိုးထားတတ်လာပါတယ်။ ဒါကြောင့်မို့ ကျွန်မရဲ့ မြန်မာစာပေကိုအထင်သေးတဲ့စိတ်ကို ချက်ချင်းပင်ပြင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောင်တွင်လဲ မြန်မာစာပေကို မိမိတတ်စွမ်းသလောက် တိုးတက်အောင်ဆောင်ရွက်ပေးမည်ဟု ရည်မှန်းလျှက်။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Sort:  

အယ် ……ကဗျာ လေး ဗဟုသုတ ရအောင် ဖော်ပြပေးပါလား

ဟုတ်ကဲ့ အလျဉ်းသင့်ရင်ဖော်ပြပေးပါ့မယ်

ကြိုးစားပါ အား​ပေး​နေ့မယ်

ဟုတ် ကျေးဇူးပါ

အောင်​မြင်​ပါ​စေ

ဟုတ် ကျေးဇူးပါ

ကြိုးစားပါ

ဟုတ်ကဲ့ရှင့်

ကောင်းပါတယ် / ကောင်းပါတယ်
သရတွေကိုပုံပြောင်းတွေနဲ့အသုံးပြုထားတဲ့မြန်မာစာကို နားလည်ရပိုခက်နိုင်တယ်
နေ(န+ဧ)ေ= ဧ , နီ (န+ အီ)ီ = အီ

ဟုတ်ကဲ့

ရွှေရုပ်​သွင်​....uniမှာတုန်းကအဲ့တစ်​ပုဒ်​ပဲကျက်​ဖူးတာ..ဟဟ

အရမ်းကောင်းတဲ့ကဗျာပေါ့

မြန်​မာစာသည်​ဒို့စာ✌✌

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 63229.00
ETH 1747.23
USDT 1.00
SBD 0.39