သံစဉ်မဲ့ကခုန်ခြင်း
ကဲ ဒီနေ့တော့ လူတိုင်းမျှော်လင့်စောင့်စားနေရတဲ့ ၊ အရောင်ပြပြပြီး လူတွေကိုနှစ်သိမ့်နေတဲ့၊ ရှေ့ပြေးတွေကိုတော့ လွှတ်ပြီး ကိုယ်တိုင်တော့မလာတဲ့ "မိုး" ရွာပါပြီ။အရင်နေ့တွေက ရွာမလိုလိုနဲ့ မိုးသားတွေတတ်လာပြီး တကယ်တမ်းကျတော့ မရွာခဲ့ပါဘူး။ဒီနေ့တော့ မိုးရွာပါပြီ။ရွာမယ့်ရွာတော့လည်း ကန်သင်းရိုးကျိုးအောင် ရွာသလားတောင်မှတ်ရပါတယ်။
ဖားတွေလည်ချောင်းကွဲအောင် အော်နေပေမယ့် သူ့အရေးမဟုတ်သလိုနေခဲ့တဲ့မိုး အခုတော့ရွာချလိုက်တာ ခြံထဲရေပြည့်တဲ့အထိပါပဲ။
မိုးမရွာခင် လမ်းပေါ်မှာ ကစားနည်းပေါင်းစုံနဲ့ ကလေးတစ်သိုက်ပြေးလွှားဆော့ကစားနေပါတယ်။မိုးသားတွေတတ်လာချိန်မှာတော့ မိဘတွေကကိုယ့်ကလေးအသီးသီးကို အိမ်ထဲဝင်ခိုင်းလိုက်တော့ ကျွန်မတို့လမ်းလေးက ချက်ချင်းကိုခြောက်သွေ့တိတ်ဆိတ်သွားပါတယ်။မကြာလိုက်ပါဘူး လေပြင်းတိုက်ခတ်ပြီးချိန်မှာတော့ မိုးကအငြိုးကြီးစွာ ရွာပါတော့တယ်။မိုးရွာသည်နှင့်တစ်ပြိုက်နက် လမ်းဘေးကသစ်ပင်လေးတွေက ချက်ချင်းပင်အားရှိလာသလို ကုန်းရုန်းထလာပါတယ်။မြေပြင်ပေါ်လဲလျောင်းနေတဲ့ မြက်ပင်ငယ်လေးတွေကလည်း အားဆေးသောက်လိုက်သလို လဲနေရာမှ ထလာပါတယ်။
ထို့အပြင်မိုးရာသီရဲ့အဓိကပုံရိပ်တစ်ခု ဖြစ်တဲ့ မိုးရေချိုးတဲ့ကလေးတွေကလည်း ထွက်ပေါ်လာပါပြီ။ခုနကမိဘတွေအိမ်ပြန်ခေါ်လို့ စူပုတ်ပုတ်မျက်နှာနဲ့ ဝင်သွားတဲ့ကလေးတွေက အခုတော့ သစ်ပင်လေးတွေလိုပဲ တတ်ကြွစွာထွက်လာပါတယ်။လက်ထဲမှာလည်း ဘောလုံးကိုင်သူကကိုင်၍ မိုးရေထဲမှာ ဆော့နေပါတယ်။ကလေးတစ်ချို့ကလည်း သီချင်းကျယ်ကျယ်လောင်လောင်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးကခုန်နေပါတယ်။အငြိုးကြီးစွာ ရွာတဲ့မိုးကို အပြုံးမပျက် အံတုနေသော ကလေးများပင်ဖြစ်ပါတယ်။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
#myanmar
#msu
ခေါင်းစဉ် လေးက စွဲဆောင်မှုရှိတယ်။ ro ဆန်တယ်။ ဓာတ်ပုံလေးက ရသတွေပေးတယ်။ good!
Posted using Partiko Android
ကျေးဇူးပါ
Posted using Partiko Android
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Congratulations @hnineikhaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Vote for @Steemitboard as a witness to get one more award and increased upvotes!