သေရမှာကြောက်သူ

in #myanmar5 years ago

ကျွန်မတို့အားလုံးဟာ သေရမှာကြောက်သူချည်းပါ။မကြောက်ဘူးလို့ ဘယ်လိုပဲ ပါးစပ်ပိတ်ပြီး ငြင်းနေပေမယ့် တကယ့်တကယ်သေဘေးနဲ့ကြုံရင်တော့ အားလုံးကြောက်ဒူးတုန်သူချည်းပါပဲ။ပုထုဇဉ်တိုင်းကြောက်တတ်ပါတယ်။
အခုလိုကြောက်တတ်သူတွေထဲမှာ ကျွန်မမောင်လေးက အဆိုးဆုံးပါပဲ။သူများတွေက ပိုးဟပ်ကြောက်သူ ဘာကြောက်သူ ညာကြောက်သူဆိုပြီး ခေါင်းစဉ်အမျိုးမျိုးရှိပေမယ့် ကျွန်မမောင်လေးကတော့ သေခြင်းတရားကိုက သူရဲ့အကြောက်တရားခေါင်းစဉ်ပါပဲ။
အစားတစ်ခုခုစားမယ်ဆိုရင် အရင်ကစားပြီးသားမုန့်နဲ့ တည့်လားမတည့်လားအရင်မေးပါတယ်။တည့်တယ်ဆိုပြီး အတည်ပြုမှ သူစားပါတယ်။တကယ်လို့များ တစ်စုံတစ်ယောက်က စနောက်ပြီးမတည့်ဘူးဆိုပြီး ပြောလိုက်ပါက သူဘယ်လောက်ကြိုက်တဲ့ အစားအစာဖြစ်ပါစေ လုံးဝမစားတော့ပါဘူး။

သူစားပြီးတော့မှ "ဟယ် နင်တော့သွားပြီ မတည့်တာစားလိုက်မိပြီ နင်သေတော့မယ်"ဆိုပြီး ပြောလိုက်ပါက သူငိုပါပြီ။ငိုပြီးပြောတဲ့သူ့ကို ရိုက်ပါတယ်။လူကြီးတစ်ယောက်ယောက်က စတာပါဆိုပြီး အတည်ပြုမှ သူငိုတာရပ်ပါတယ်။ဘယ်လောက်ပဲစတာလို့ပြောပြော နင်တော့သေပြီ လို့ပြောတာနဲ့ ငိုချင်းချပါတယ်။

နေမကောင်းလို့ဆေးတိုက်ပြီဆိုရင် အဲ့ဆေးကဘာဆေးလဲ ဟုတ်လို့လားဆိုတာကို အခါတစ်ရာမကမေးပြီး သေချာမှသောက်ပါတယ်။ဘယ်သူကမှမပြောဘူးဆို သူလုံးဝမသောက်ပါဘူး။ကျွန်မရဲ့မောင်လေးက သေတာကိုကြောက်ခြင်းက အစွဲတစ်ခုလိုဖြစ်နေပါတယ်။ကျွန်မမောင်လေးလောက် သေမှာကိုကြောက်တဲ့သူ မရှိတော့ဘူးလို့ ထင်တဲ့အထိဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ဒီကနေ့မှာတော့ ကျွန်မအမြင်လုံးလုံးမှားခဲ့ပါတယ်။ကျွန်မမောင်လေးထက် သေမှာကြောက်တဲ့သူ ရှိနေပါတယ်။ကျွန်မမောင်လေးက သူ့ကိုသေပြီလို့ပြောရင် ငိုတာကလွဲပြီး မရှိပေမယ့် လူုတစ်ယောက်ကတော့ သေပြီလို့ပြောတာကို ဒုလ္လဘရဟန်းခံတဲ့အထိပါလားနော်။"ကလေးကြောက်ရင် ငိုတတ်ပြီး လူကြီးကြောက်ရင် ဘုန်းကြီးဝတ်တဲ့ခေတ်"ရောက်ပြီထင်ပါတယ်။
ကဲ သေမှာကြောက်တတ်ရင် ဘုန်းကြီးဝတ်ပြီး ယတြာချေကြနော်။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Sort:  

ဘာလား ဟ။ ဘယ်သူလဲ သိချင်မိ။

Posted using Partiko Android

ပြင်ဦးလွင်မှာ ဒုလ္လဘသွားဝတ်တယ်ဆိုလား

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Congratulations @hnineikhaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 50 as payout for your posts. Your next target is to reach a total payout of 100

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63004.58
ETH 2548.62
USDT 1.00
SBD 2.81