ကလေးနှင့်မှတ်ဥာဏ်
steemitမိသားစုဝင်များကို ရှေးအခါက ကလေးငယ်များ အရေအတွက် အတိုင်းအတာကို မှတ်သားတယ့်အခါ အသုံးပြုသော "တစ်ပြူး တစ်လံ ညောင်ကန် ထမ်းပိုး အချိုး"ဆိုတဲ့ လင်္ကာလေးကို တင်ပြပေးပြီးပါပြီ။တစ်ဆက်တည်းမှာပဲ တစ်ပြူးလို့ခေါ်ခြင်းအကြောင်းအရာကိုလည်း တင်ပြပေးပြီးပြီ ဖြစ်ပါတယ်။
အခုခါမှာတော့"တစ်လံ"ဆိုတယ့်အရာလေးကိုတင်ပြပေးပါ့မယ်။တစ်လံဆိုတဲ့စကားဖြစ်ပေါ်လာပုံကတော့
ဖခင်တစ်ဦးက တောကနေထင်းများတိုက်လာပြီး အိမ်နံဘေးတွင် ပုံ၍ထားနေလေသည်။ထိုအခါ ကလေးငယ်သည် အနားတွင်ကြည့်၍ စူးစမ်းနေလေသည်။ထင်းများပုံပြီးသောအခါ ဖခင်ဖြစ်သူက လက်နှစ်ဖက်ကို ဆန့်တန်း၍ "တစ်လံ"ဟု ဆိုလိုက်လေသည်။ဖခင်သည် နေ့စဉ်နေ့တိုင်း ထင်းများပုံပြီးသောအခါ တစ်လံဟုသာ ဆိုလေသည်။ထိုအခါ ကလေးသည် ဖခင်ဖြစ်သူ ပြောဆိုသောတစ်လံသည် လက်မောင်းလေးချောင်းနှင့် ညီသည်ဟူ၍ မှတ်သားထားလေသည်။ထို့ကြောင့် ဖခင်၏တစ်လံသည် အက္ခရာ အရေအတွက် ၄ နှင့်တူသည်ဟူ၍ မှတ်သားလိုက်လေသည်။ဤသို့ဖြင့် တစ်လံသည် လေးတောင်ကိုဆိုလိုကြောင်း ကလေးငယ်ကို ဖခင်ကပြောဆိုသင်ကြားသောကြောင့် ကလေးငယ်သည် မှတ်သားလိုက်လေသည်။ကလေးငယ်သည် အရေအတွက် နှစ်ခုရှိသော အရာတိုင်းကို "တစ်ပြူး"ဟုခေါ်လေသည်။ထို့ပြင် အရေအတွက် လေးခုရှိသော အရာကို "တစ်လံ"ဟုခေါ်ကြောင်းမှတ်သားသွားလေတော့သည်။
ကောက်နုတ်ချက်။ ။ဆရာမြကေတုရေးသော ကလေးမှတ်ဥာဏ်တစ်ပြူးတစ်လံမှ ။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
#myanmar
#msu
Posted using Partiko Android
တစ်လံအထိတော့ သိပါပြီဗျာ။ နောက်ဆက်ရေးမယ့်စာတွေကိုလဲ မျှော်နေပါ့မယ်။
ဟုတ် ကျေးဇူးတင်ပါတယ်ဖတ်ပေးတဲ့အတွက်ရော စောင့်မျှော်နေတဲ့အတွက်ရော
good knowledge sis
Congratulations @hnineikhaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard: