ကဗျာရေးခြင်းအနုပညာ

in #myanmar5 years ago

မင်္ဂလာရှိကြပါစေ...
image
က ဗျာေ ရး ခြ င်း အ နု ပ ညာ

လူ​တွေအများကြီးထဲ ပြိုလဲ​နေ​သော အိပ်​မက်​မှာ ရှင်​ရမလို ​သေရမလို
သည်​ဘဝ ကြီးထဲ နိမ့်​ကျ​နေ​သော လူမှူ့ ဒုက္ခမှာ ငိုရမလို ရယ်​ရမလို ။

ကကြိုးလည်း ​ပျောက်​ပြီ
ရာသီလည်း ကုန်​ပြီ ။

ခြေကုန်​လက်​ပန်းကျ​နေ​သော နိုင်​ငံ​တော်
အလံကို တစ်​ဝက်​ လွှင့်​ထူထား ​ပေ ​တော့ ။

ခံစားရခြင်းနဲ့ လူ ဖြစ်​လာတယ်
မ​ကျေနပ်​ရခြင်းနဲ့ လူ ဖြစ်​လာတယ်
တော်​လှန်​ရခြင်းနဲ့ လူ ဖြစ်​လာတယ်
မျှော်​လင့်​ရခြင်းနဲ့ လူ ဖြစ်​လာတယ်
လူသားစင်​စစ်​ ကဗျာ ဆ ရာေ တွ ။

လူ့အခွင့်​အ​ရေးကို ​ပေးပါ ဒီမိုက​ရေစီ
အဲ့သည့်​လို ကဗျာဆရာက ​တောင်းဆို​တော့
ဒီမိုက​ရေစီ ဟာ နာကျင်​စွာ ​ပြောတယ်
ဒီ မို ကေ ရ စီ ဟာ နာ ကျ င်​ စွာေ ပြာ တယ်​ ။

နှလုံးသားကို ဂရုမစိုက်​တဲ့ တိုင်းပြည်​မှာ
ဒီမိုက​ရေစီ ဆိုတဲ့ စာသား
ဘယ်​ကဗျာဆရာ ​ရေးသားနိုင်​မှာလည်း တဲ့
အဲသည့်​လို တိုင်းပြည်​မှာ ငါတို့ ကဗျာ​ရေးကြတယ်​ ။ ။

ကို ကျူး
၇ ရက် နိုဝင်​ဘာ ၂၀၁၈ ။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank for vote and comment

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01