ငြိမ်းအေးမှုကို ရှာဖွေခြင်း ( ၃ )

in #myanmar6 years ago

image

နိဂြောဓ သာမဏေ ကိုရင်ငယ်လေးအပေါ်မှာ ဘုရင်ကြီးတစ်ယောက် ချစ်ခင်ကြည်ညိုလာခဲ့သည် ။ အေးချမ်းသော မျက်နှာ သာယာသော အသံတော် လေးစားအပ်သော အမူအရာတို့ က ဘုရင်ကြီးကို ဦးညွှတ်အောင် ပြုလုပ်နေသကဲ့သို့ ပင် ဖြစ်ပေသည် ။
နိဂြောဓ သာမဏေငယ်လေးသည်ကား ပိဋကတ်သုံးပုံအာဂုံဆောင်နိုင်ပြီး ခုနှစ်နှစ်သားနဲ့ ရဟန္တာဖြစ်နေသည့် ပါရမီအရှိန်အဝါတို့ ကြောင့် မင်းနှင့် ပရိတ်သတ်များစွာ ရှိနေသော်လည်း ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ ။ ကေသရာဇာခြသေ့်မင်းကဲ့သို့ ပင် ရာဇပလ္လင်ထက်၌ တည်ကြည်စွာ သီတင်းသုံးနေပေသည် ။ ဒီတော့ ဘုရင်ကြီးလည်း ကိုရင်ငယ်လေး၏ ပညာအရည်အသွေးကို စမ်းသပ်လိုစိတ်ဖြင့် မေးလျှောက်တော့သည် ။

image

" အရှင်ဘုရား၏ ဆရာဖြစ်သော ဗုဒ္ဓထံမှ မည့်သို့ သော ပညာများ သင်ကြားတတ်မြောက်ထားပါသလဲဘုရား ။ အနည်းငယ်မျှ မိန့် ကြားတော်မူပါ " ။ ဟုလျှောက်ထားလေရာ နိဂြောဓ သာမဏေငယ်သည် မိမိသိထားသော တရားတို့ မှ အနည်းငယ်မျှ ဖြစ်သော

" အပ္ပမာဒေါ အမတံပဒံ
ပမာဒေါ မစ္စုနောပဒံ
အပ္ပမတ္တာ နမီယန္တိ
ယေပမတ္ထာ ပထာမတာ " ဟူသော ဂါထာတစ်ပုဒ်ကို ဟောကြားလေသည် ။

" မမေ့မလျော့ခြင်းဟာ မသေခြင်း၏ အကြောင်းဖြစ်သည် ။
မေ့လျော့ခြင်းဟာ သေခြင်း၏ အကြောင်း
ဖြစ်သည် ။
မမေ့မလျော့ နေသူတို့ မည်သည် သေသည်မဟုတ် ။
မေ့လျော့နေသူတို့ သာ သေသည်ဟုမည်သည် " ။ ဆိုတဲ့ သတိနဲ့ ပတ်သတ်သော တရားအတိုလေးမျှသာ ဟောကြားရုံမျှဖြင့် ပါရမီ ဥာဏ်ရင့်သန်နေသော မင်းကြီးခမျာ နှစ်ထောင်းအားရဖြစ်၍ သာဓုသုံးကြိမ်ခေါ်ပေသည် ။ ထို့ အတူ မိမိကိုလည်း ဗုဒ္ဓ၏ တပည့်သာဝက ဥပါသကာအဖြစ်မှတ်ယူစေခြင်းငှာ လျှောက်ထားလေသည် ။

image

အနည်းငယ်မျှသော တရားသည် စဏ္ဌာသောက မင်းကြီး၏ ပူပင်သောကများကို ဖြေဖျောက်နိုင်စွမ်းရှိလေသည် ။ ထို့ အတူ သူကိုဟ်တိုင်လည်း အသိတရား သတိတရားများဆင်ခြင်မိလာခဲ့၍ ကြမ်းတမ်းသော ဘုရင်အဖြစ်မှ သီရိဓမ္မာသောကတည်းဟူသော ကျက်သရေမင်္ဂလာနှင့်ပြည့်စုံပြီး အပူပင်သောကကင်းသော ဘုရင်တစ်ပါးအဖြစ်သို့  ပြောင်းလဲသွားတော့သည် ။ နိဂြောဓ သာမဏေအားလည်း ဆရာအဖြစ် ကိုးကွယ်ဆည်းကပ်၍ ရှစ်ခုသော ဆွမ်းအုပ်ကို လှုဒါန်းလေသည် ။ သာမဏေငယ်ကလည်း မိမိအတွက် ရလာသော ဆွမ်းအုပ်များအား ဘုရားရှင်နှင့်အတူ ဥပဇ္ဈာယ်ဆရာများအား ပြန်၍ လှုဒါန်းခြင်းအားဖြင့် ၃၂ အုပ်သော ဆွမ်းခဲဖွယ်ဘောဇဉ်တို့ ကို ရရှိခဲ့လေသည် ။ သီရိဓမ္မာသောကမင်းကြီးဖြစ်လာသောအခါ ဗုဒ္ဓသာသနာကို ချီးမြောက်လေသည် ။ ဗုဒ္ဓသာသနာအဓွန့် ရှည်အောင် သင်္ဂါယနာတင်ခြင်းစသည်တို့ ကို ပြုလုပ်ခဲ့လေသည် ။ ကိုးတိုင်းကိုးဌာနသို့  သာသနာပြုရန်အတွက်လည်း ကြိုးပမ်းခဲ့လေသည် ။

သာသနာပြုခန်း ဆက်လက်စောင့်မျော်ပေးကြပါဦး ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

သာဓု သာဓု သာဓု ပါဘုရာ့။

အားပေးဖတ်ရှုတာ ကျေးဇူးပါ ဦးညီရေ

Congratulations @gunapeya! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemFest³ - SteemitBoard support the Travel Reimbursement Fund.

You can upvote this notification to help all Steemit users. Learn why here!

ငြိမ်းအေးမှုကို ရှာနေတဲ့ ဦးဇင်း အပိုင်း ၃တောင် ရောက်လာပြီ

ဇာတ်သိမ်းတော့မည် မတ်စုရေ

မေ့မေ့လျော့လျော့နဲ့ မေ့နေကြပါသည်ဘုရား

မေ့တာက သေခြင်းအကြောင်းနော် သတိလေးထားပါဦး

ဟုတ်​ကဲ့ပါ...အပိုင်း(၄)ဆက်​လက်​ဖတ်​ဖို့​မျော်​​နေပါ့မယ်​...

ကျေးဇူးပါကွယ် အားပေးတာ

အရှင်​ဘုရားကို​တော့ချီးကျုးတယ်
တပည့်​​တော်​ ဘာသာ​ရေးစာ​ပေတင်​ရင်​ ပတ်​ဆင့်​​တွေရိုက်​ရင်​ခက်​လို့မတင်​ဖြစ်​ဘူး

ဦးဇင်းတို့ အတွက်ကျတော့ သေချာသင်ယူထားပြီမို့  သိပ်အခက်အခဲမရှိတော့ဘူး ဦးယုရေ

မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ပိဋကတ် သုံးပုံ ရယ်ဟု
တရားတော်များ သီးသန့် ရှိပါပြီလား ဘုရား...
သင်္ဂါယနာ တင်ပြီးမှ ပေါ်ပေါက်လာသလား ဘုရား...
မရှင်းလို့ပါဘုရား...

ဘုရားရှင် လက်ထက်က ပိဋကတ်လို့  မခေါ်သေးပါဘူး ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး ခုနှစ်ရက်အကြာမှာ ဟောကြားခဲ့တဲ့ တရားတော်တွေကို သုတ္တန် အဘိဓမ္မာ ဝိနည်းဆိုပြီး တူရာစုလို့  ပထမအကြိမ် သင်္ဂါယနာတင်ခဲ့တယ် အဲ့နောက်ပိုင်း သာသနာတော်မှေးမှိန်ခဲ့ရတယ် မဟာယာနတွေကြောင့်ပေါ့ နိဂြောဓသာမဏေကို အကြောင်းပြုပြီး တတိယအကြိမ် သင်္ဂါယနာ တင်ခဲ့တယ် ဒါကြောင့် ဘုရားရှင်ရဲ့ တရားတော်တွေကို သင်္ဂါယနတင်ပြီးနောက်ပိုင်းမှသာ ပိဋကတ်သုံးပုံလို့  ခေါ်ခဲ့ကြပါတယ် ကျေနပ်နိုင်မယ်ထင်ပါတယ်

ကျေးဇူးပါ ဘုရား

သာသနာပြုပုံကိုမျှော်နေပါတယ်ဘုရား

ဟုတ်ကဲ့ မောင်တိုးတတ်ရေ ဆက်ရေးပါ့မယ်

အယ်လဲ့ အခန်းဆက်လေးတွေလာပြီ ..ငယ်ကတည်းကဇာတ်တော်တွေဖတ်ရတာ အရမ်းသဘောကျတယ်

နောက်လည်း ဆက်ရေးပေးမယ် ဟုတ်ပြီလား

ဖတ်​ရလို့ မှတ်​ရလို့ ​ကျေးဇူးပါ ဘုရား😊😊

အားပေးဖတ်ရှုတာ ဝမ်းသာပါတယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63281.14
ETH 2674.11
USDT 1.00
SBD 2.79