ကြိုးစားခြင်း၏ ရလာဒ်

in #myanmar6 years ago (edited)

image

Steemit တွင် ပိုစ့်မတင်နိုင်သည်မှာ ဘာလိုလိုနဲ့ တစ်လနီးပါးပင် ရှိသွားခဲ့ချေပြီ ။ စာရေးမည်ဆိုကာမျှ မည်သည်က စ၍ ရေးရမည်ပင် ဇဝေဇဝါဖြစ်နေရသည် ။ စာရေးဆရာများ မဟုတ်သည့်အတွက် စာရေးခြင်းအတတ်ပညာကို မတတ်ကျွမ်းချေ ။ အနည်းငယ်လောက် ကင်းဝေးသွားသည်နှင့် ရေးရမည့်စာပင် ရေးရင်းမေ့နေသည့်အဖြစ်သို့  ရောက်ရှိနေခဲ့သည် ။ ဒါကြောင့် ရိုးရိုးရှင်းရှင်း ရေးတတ်သလိုသာရေးတော့မည် ။ သည်းခံပေးကြပါကုန် တဖြည်းဖြည်းတော့ ပို၍ ကောင်းမွန်သော စာပေများ ရေးသားသွားပါမည်ဟု ကတိပေးပါသည် ။ steemit နှင့် ခေတ္တအဆက်ပြတ်နေချိန်အတွင်း မိမိမှာ ဖိုင်နယ် စာမေးပွဲအတွက် ရုန်းကန်နေခဲ့ရသည် ။ စာမေးပွဲမဖြေဆိုခင် တစ်လလောက်အလိုကတည်းက သင်ကြားစီမံအဖွဲ့ဆရာတော်များသည် မိမိတို့ ကို သြဝါဒပေးသည် ။ ဘာလဲဆိုတော့ စာမေးပွဲတွင် အဆင့်ကောင်းကောင်း အမှတ်ကောင်းကောင်းဖြင့် အောင်မြင်သူများအား Scholarship ( နိုင်ငံခြားပညာတော်သင်ဆု ) ပေးမည့်အကြောင်း ဒါကြောင့် စာကို ဖိဖိစီးစီးကြိုးစားစေလိုကြောင်း မိန့် ပါသည် ။ ထိုအချိန်ကတည်းက မိမိ၏ ရည်မှန်းချက်ဖြစ်သော scholarship အတွက် ပိုကြိုးစားခဲ့သည်။ ဒါကြောင့် steemit နှင့်ခေတ္တဝေးကွာ ခဲ့ရသည် ။

image
source

နောက်တစ်ခုက အခက်အခဲရှိသေးသည် ။ မိမိတို့  သဲကုန်း သီတဂူ ဗုဒ္ဓတက္ကသိုလ် သည် အခြားသော သီတဂူ တက္ကသိုလ်များကဲ့သို့  မဟုတ်ချေ ။ စစ်ကိုင်းကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပို့ ချသောမူများနှင့် သင်ကြားပို့ ချသည်မို့  စာအနေဖြင့် အနည်းငယ်မြင့်လေသည် ။ နှစ်နှစ်သင်ကြားရသော Diploma ဘွဲ့ကို တစ်နှစ်တည်းဖြင့်သာ သင်ကြားစေသည် ။ ထို့ ကြောင့် တစ်ပုဒ်ကျက်ရမည့်နေရာ နှစ်ပုဒ် စသည်ဖြင့် နှစ်နှစ်စာကို တစ်နှစ်ထဲ ပေါင်းပြီး ကျက်မှတ်ရတော့သည် ။ သို့ သော် တစ်နှစ်သက်သာသည်မို့  အပင်ပန်းခံကြသည် ။ ကြိုးစားကြသည်ကို တွေ့ရသည် သီတဂူဆရာတော်ကြီးမှလည်း ဝမ်းသာအားရ ကြွရောက်ချီးမြှင့်ပါသေးသည် ။ ယခုဆို စာမေးပွဲကြီး ပြီးသွားခဲ့ချေပြီ ။ မိမိ၏ ကြိုးစားမှု အသီးအပွင့်အနေဖြင့်ကတော့ scholarship ရသည့် ထူးချွန်ကျောင်းသား သုံးပါးတွင် မိမိ၏ နာမည်လည်း နေရာတစ်ခုအဖြစ်ပါဝင်ခဲ့တော့သည် ။ မိမိတို့  BA တန်းပြီးသည့်အခါတွင် scholarship သည်အကျုံးဝင်မည် ။ နိုင်ငံခြားသို့ ထွက်ရမည် ဖြစ်သောကြောင့် နောက်နှစ်များတွင် BA တန်းအတွက် ဆက်လက်ကြိုးစားရဦးမည်ဖြစ်ပါသည် ။ ဒါကြောင့် ဝမ်းသာစရာအနေနဲ့ ကြွားရင်း မက်ဆေ့လေးပေးချင်ပါသည် ။ ဖြစ်ကိုဖြစ်ရမည်ဆိုသောစိတ်ဖြင့်သာလုပ်ပါက ဖြစ်ကိုဖြစ်နိုင်ပါသည် ။ လိုချင်စိတ်ပြင်းပြရမည် ။ ဝီရိယထက်သန်ရမည် ။ ဒါဆို ဖြစ်ကိုဖြစ်နိုင်ပါသည်ဟု ဆိုချင်ပါသည် ။ ယခုတော့ မိမိလိုချင်သော ပညာသင်ဆုရအောင် ယူနိုင်ခဲ့သည် နောက်တစ်ခုက steemit တွင် sp 500 ပြည့်ဖို့ ဖြစ်သည် ။ ထို့ အတွက်လည်း MSC အဖွဲ့နှင့်အတူ ကြိုးစားမည်ဖြစ်ကြောင်း ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်ကြောင်း ပြောကြားရင်း Steemit လမ်းကြောင်းပေါ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြသူများဖြစ်ကြပါစေဟု ဆန္ဒပြုလျက်. . . . .
image

NO.18( A+ )

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိနိုင်ကြပါစေ ။

Author @gunapeya
MSC-181

Sort:  

ဒါကတော့ ဒုတိယမိ ပါ။ တပည်တော်တို့အဖွဲ့က C2 အတွက်လဲ curator လုပ်နေပါတယ်။

ဝမ်းသာလိုက်‌တာဦးဇင်းရယ်‌။‌တော်‌လိုက်‌တာ ။တပည့်‌‌တော်‌ အပြင်‌မှာ ဖူးေ‌တွေ့ချင်‌ပါ‌သေးတယ်‌။

တောင်ကြီးကျမှ ဆုံကြတာပေါ့

Congratulatuin ပါ ဦဇင်း ဗုဒ္ဓဂါယာ လိုက်ချင် လို့ဘာ့

ခေါ်ပါ့မယ် passport နဲ့ visa သာအဆင်သင့်ပြင်ထားပေတော့

war … ဒီနေ့ ရုံးပိတ်နေလို့ မဟုတ်လို့ကတော့ passport ရုံး ကို ခလုပ်တိုက်အောင် ကို ပြေးလုပ် ပလိုက်မှာ

ဝမ်းသာတယ်ဦးဇင်း

ဝမ်းသညပေးလို့  ကျေးဇူးပါကွယ်

ကြိုးစား ဇွဲသန် အောင်ပွဲခံ

Posted using Partiko Android

အမှန်ဆုံးပဲကွယ်

ဝမ်းမြောက်ဂုဏ်ယူပါတယ် အရှင်ဘုရား
ပန်းတိုင် လှမ်းနိုင်ပါစေ.....

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

thank you so much

အရှင်ဘုရားအတွက် ဂုဏ်ယူမိပါတယ်။ အလယ်ကပုံမှာ source link လေးထည့်ပေးပါဦး ဘုရား။ မရေးတာကြာလို့ မေ့နေဟန်တူပါတယ်။ အရှင်ဘုရားရဲ့ အောင်မြင်မှု အတွက် လေးစားဂုဏ်ယူမိပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

ကျေးဇူးပါ မေ့နေတာလေး ပြောပြပေးလို့  ရှေ့ဆက်ပြီး မြန်မာများအပေါ် အကူအညီများပေးနိုင်ပါစေလို့  ဆုတောင်းပေးပါတယ်

ဝမ်းသာလိုက်တာ ဦးဇင်းရယ် MSC တွက် ဂုဏ်ယူစရာပါ အပြင်မှာ ဖူးခွင့်ရချင်ပါတယ်😊

Posted using Partiko Android

ခုက ကျောင်းပိတ်သေးဘူး လာလည်ချင်ပေမဲ့လည်း လည်ရဘူး တောင်ကြီးကျမှ ဆုံဖြစ်မယ် ထင်တယ်


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

thankyou @c-squared ရှေ့ဆက်ပြီး မြန်မာတွေကို အကူအညီအများကြီးပေးနိုင်ပါစေ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04