You are viewing a single comment's thread from:

RE: မျောက်နှင့်တူသော လူ့ စိတ်

in #myanmar6 years ago

ကမ္မဌာန်းက အပါး ၄၀ ရှိပါတယ် ဓာတ်ကြီး ၄ ပါးကမ္မဌာန်းကတော့ လူတိုင်းနဲ့ သင့်တော်တဲ့အတွက် ရှုမှတ်နိုင်ပါတယ် ဒါကြောင့် ဖားအောက်က အဲ့ကမ္မဌာန်းသာ ရှုခိုင်းတာပါ တခြားသော လယ်တီ ဝေဘူ စွန်းလွန်း မိုးကုတ် မဟာစည် စတဲ့ ရိပ်သာတွေဟာလည်း သူ့ နည်းသူ့ ဟန်နဲ့ တရားပြပေးကြတယ် ဒါပေမဲ့ ဒီကမ္မဌာန်း ၄၀ ထဲက မထွက်ပါဘူး ဘယ်ကမ္မဌာန်းက သမာဓိထူထောင်ကောင်းလဲဆိုတော့ မိမိသန္တာန်ကို ကြည့်ပြီးဆုံးဖြတ်ရတာပါ မိမိက တဏှာရာဂ အားကြီးသူဆိုလျှင် အသုဘ ကမ္မဋ္ဌာန်း လောဘ အားကြီးသူ ဒေါသအားကြီးသူ စတဲ့ သူတွေအတွက်လည်းသင့်တော်တဲ့ကမ္မဌာန်းတွေ သတ်မှတ်ပေးထားပါတယ် ဘုရားရှင်လက်ထက်က ရွှေပန်ထိမ်သည် သူဌေးသားကို အသုဘ ကမ္မဌာန်းမှားပေးမိလို့  တရားထူးမရ သမာဓိမရတဲ့အပြင် စိတ်ပျက်သွားလို့  လက်ကိုင်ပဝါလေးကို လုံးချေရင်း ရှုမှတ်ရတဲ့ ကမ္မဌာန်းမျိုး ပြောင်းပြီးပေးခဲ့ရဖူးပါတယ် အကျဉ်းချုပ်ဆိုရရင်တော့ မိမိသန္တာန်မှာ အားကြီးတဲ့ ကိလေသာကို တိုက်ဖျက်ဖို့  လိုက်ဖက်တဲ့ ကမ္မဌာန်းသာ အဓိကကျပါတယ် ဓာတ်ကြီး ၄ ပါးကမ္မဌာန်းကတော့ ဘုံပေါ့ သူက လူတိုင်းနဲ့ သင့်တော်တယ် ဒါပေမဲ့ ကိုယ့်သန္တာန်နဲ့ ကိုက်ညီမဲ့ ကမ္မဋ္ဌာန်းကို ရှုမှတ်နိုင်လျှင် ပိုပြီး အဆင်ပြေပါတယ် သမာဓလည်း ထူထောင်နိုင်ပါတယ်ဟုသာ ဖြေဆိုလိုက်ပါရစေ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.029
BTC 68503.89
ETH 2535.33
USDT 1.00
SBD 2.52