ဒဿနမဆန်ခဲ့သော အတွေးများ

in #myanmar6 years ago

image

အတွေးထဲမှာ ယောင်ချာချာနဲ့ တောင်စဉ်ရေမရတဲ့ အတွေးမျိုးတွေ ကြီးစိုးနေခဲ့တယ် ။အော် ဘာလိုလိုနဲ့ ငါသုံးစွဲခဲ့တဲ့ နေ့ရက်တွေ ၉၀၀၀ ကျော်ခဲ့ပြီကိုး ။ဘယ်မှာလဲ ငါ့အတွက် အာမခံချက်တွေ ၊ ဘယ်မှာလဲ သေရဲပြီဆိုတဲ့ ခွန်အားတွေ ဘာမှ သေချာမတွေ့ အရာအားလုံး ဖလင်ခေတ်က ရုပ်ရှင်ကားကြီးဆန်ဆန် အဖြူအမည်းတွေကိုသာ မပီမပြင် မြင်တွေ့ခဲ့ရတယ် ။အချိန်တွေ အချိန်တွေ ကုန်တာလည်းမြန်လိုက်တာ ဒါပေမဲ့ ငါ့အတွက် ဘာတွေရရှိလိုက်သလဲ ကုသိုလ်တွေလား။ ပညာတွေလား ၊ ဥစ္စာတွေလား ဘာတစ်ခုမှလည်း လက်ဆုပ်လက်ကိုင် မပြနိုင်သေးပါလား ။စက္ကန့် တိုင်းကို စိန်စီထားမယ်တဲ့ ဆရာကြီး ပီမိုးနင်း ရေးသားခဲ့တယ် ။ ဒါပေမဲ့လည်း မောဟတွေဖုံးနေတဲ့ ဒီအာရုံတွေက အလေးအနက်ထားရကောင်းမှန်းမသိဘဲ အတုအယောင်တွေနဲ့သာ ပိတ်ဖုံးနေခဲ့တယ် ။

စစ်ဘုရင်ကြီး နပိုလီယံ သူသာ အချိန်အနည်းငယ် နောက်မကျခဲ့ဘူးဆိုလျှင် သမိုင်းတွင်မဲ့ စစ်ပွဲကြီးကို အောင်နိုင်ရမယ်တဲ့။ ဒါတွေကအာဏာရှင်ကြီးရဲ့ ပကာသနတွေပါ ။ ကိုယ့်အတွင်းစိတ်ထဲက လောဘတွေ ဒေါသတွေ မောဟတွေကိုကော နိုင်အောင်တိုက်ထုတ်နိုင်ရဲ့လားလို့  မေးလိုက်ချင်တယ်။ တဖြည်းဖြည်း ဆုတ်ယုတ်လာတဲ့ သက်တမ်းတွေနဲ့အတူ အရင်လို အနှစ် တစ်ရာကျော်တဲ့ ထူးခြားလူသားတွေကို မမြင်တွေ့ရတာ အချိန်တော်တော်ကြာနေပြီ။ ဆုတ်ကပ်ရောက်ပြီလေ ၇၅ နှစ်ဆိုတဲ့ အချိန်က သင်တို့  ငါတို့  ရင်ထဲက ကိလေသာတွေကို တိုက်ထုတ်ဖို့  မလုံလောက်ဘူးလား။ နေ့ ရက်တွေတိုင်းမှာ တိုးသထက်တိုးအောင် များသထက်များအောင် လုပ်နေကြတော့မလား။ အပ္ပမာဒေန သမ္မာဒေထ တဲ့ ရွတ်လို့ ကောင်းလိုက်တဲ့ နှုတ်ကပတ်တော်လေး ။ ဒါပေမဲ့ သိဖို့မကြိုးစား ၊ လိုက်နာဖို့  မကြိုးစားခဲ့ နောက်ဆုံးတော့ အပါယ်လေးဘုံမှာ ဂိတ်ဆုံးမှ ၊ ထိပ်ဆုံးက သူတွေကို အပြစ်တင်နေလို့ မရဘူး။ ဒါတွေကို ကြိုသိနေလို့  ကိုယ်အမူအရာ၊ နှုတ်အမူအရာ ၊ စိတ်အမူအရာတွေအားလုံးကို သတိ တရားနဲ့ ချွန်းအုပ်စေချင်ခဲ့တာ ။လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိတိ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေနဲ့ သွန်သင်လမ်းပြပေးခဲ့တာ တန်ဖိုးမထားသူတွေအတွက် သိပ်များဈေးပေါလွန်နေသလားပဲ။
image
တစ်နေ့  အိုရမယ် ၊ နာရမယ် ၊ သေရမယ် သင်မသိလို့ လား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား။ ဇယားကွက်ထဲက အသက်အပိုင်းအခြားကိုကြည့်ပြီး အချိန်ရပါသေးတယ် ပြောနေရအောင် သေမင်းနဲ့ သင်တို့  ကျွနုပ်တို့ က မိတ်ဆွေတွေလား မဟုတ်ဘူး။ ဇယားကွက်ထဲကအတိုင်း ရှင်သန်ခွင့်ရမယ်ထင်နေရင်တော့ သင်ဟာ အများထက်ထူးလို့  ပိုပြီးရူးနေသူသာဖြစ်မယ်။ ဘယ်သူမှ အာမခံချက်မရှိဘူး။ မွေးကင်းစကလေးငယ်ကစလို့  လူငယ် ၊ လူရွယ် လူလတ် ၊ လူကြီး အချိန်မရွေး နေရာမရွေး သေနေကြတာ ဒါသံဝေဂတွေပဲ ယူကြစမ်းပါ။ ငါလည်းတစ်နေ့  သေရမှာပါလား။ အိုကြာပါတယ် ဒီနေ့ လည်းသေသွားနိုင်တယ် ။မနက်ဖြန်လည်း သေသွားနိုင်တာပဲ ငါ့အချိန်မရှိတော့ဘူး ။ အဓိက နဲ့ သာမည ငါခွဲရမယ် ။ ငါ့အတွင်းစိတ်လေး ကြည်လင်နေအောင် အရာရာကို သတိလေးကပ်တော့မယ် ။ဒီလိုမျိုးတွေ တွေးစမ်းပါ ငါလည်းမကြာခင်သေရတော့မယ်ဆိုပြီး မရဏာ နုဿတိကမ္မဌာန်းလေး ရွတ်ဆို ပွားများနေစမ်းပါ။ အဲ့ဒီကုသိုလ်လေးက အသောကမင်းကြီးလို ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင် လှုနေတန်းနေတဲ့ ကုသိုလ်တွေထက် အဆရာထောင်သာတယ် ။အချိန်တွေ ကျန်သေးတယ် မလုပ်နဲ့ ။လူငယ်တွေ ခေတ်စကားနဲ့ဆို အမြီးလေးမြှောက်လိုက် အီးလေးပေါက်လိုက်နဲ့ သက်တမ်းတွေကုန်လို့  ကုန်မှန်းမသိဖြစ်နေမယ်။ အာမခံချက်တွေ မရှိဘဲ ဒုဂ္ဂတိ ဘုံမှာ ဗီဇာမလိုပဲ ထာဝရ နေထိုင်ခွင့် ရနေလိမ့်မယ် ။ ဒီတော့ အရေးမကြီးတဲ့ အရာတွေ ခနလေးမေ့ထားကြရအောင် ။ အချိန်ခဏလေးပေးပြီး ကိုယ့်ကိုကိုယ် ပြန်မေးကြည့် " ငါအခု သေဖို့ သတ္တိတွေ ရှိနေပြီလား အာမခံချက်တွေ ရထားပြီလားလို့  " . . . . . .

မိမိအား ချစ်သူ ၊ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

MSC-181
Written by @gunapeya

Sort:  

သတိရစရာသတိထားစရာကိုသတိပေးလို့ကျေးဇူးပါအရှင်ဘုရား

ဟုတ်ကဲ့ မိမိုးဝေရေ အားပေးတာ ကျေးဇူးပါ

သေဖို့ သတ္တိရှိပြီလား​မေးခွန်းတွက်​ ဘာ​ဖြေရမလည်းကို မသိ​သေးပါဘုရား

ဘာမှမသိတော့လည်း ဘယ်လိုပြောရမှန်းကို မသိတော့ဘူးကွယ်

      
ကောင်းလိုက်တဲ့စာသားလေးပါဘုရား

အားပေတာ ကျေးဇူးပါ ဦးထွေးရေ ဦးထွေးစာတွေ ဖတ်မရလို့  ဘာမှန်းမသိဘူး

မသေချင်သေးပါဘူးဘုရား...:-)

အဲ့လိုပြောလို့ မရဘူးလေ ကိုယ်ဖြစ်ချင်တိုင်းဖြစ်လို့ မရတာ ကိုရှိန်းရေ

မိမိအား ချစ်သူ ၊ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေဆိုတဲ့စာသားလေးတော်တော်ကြိုက်တယ်ဦးဇင်း။

မေတ္တာသမားဆိုတော့ ချစ်သူ မုန်းသူတွေအပေါ်မှာ မေတ္တာပေးနိုင်တယ်ဆိုတဲ့ သဘောပါ

သိပေမယ့် အခုလို ထပ်ပြီးအသိပေး တာ ကျေးဇူးပါ ဘုရား

ဟုတ်တယ် နှစ်ခါဆိုတော့ ပိုမှတ်မိတာပေါ့

Well done @gunapeya! You successfully guessed the match result.

Group Phase - Serbia vs Brazil
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard!

thank your comment

အာမခံချက်လေးတွေ နေ့စဉ် စုနေတုန်းပါ ဘုရား

စုထားပါ မစုရေ စုထားဆောင်းထားတာရှိမှ အဆင်ပြေမှာပေါ့

မှန်လှပါဘုရား
သတ္တိအတွက်ကြိုးစားနေလျက်ပါဘုရား

ဆရာကတော်တို့ ကတော့ သဘောထားပြည့်ဝတော့ ပူပန်စရာ မလိုပါဘူး

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52