I Stand With Daw Aung San Suu Kyi, The State Counsellor Of Myanmar

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

မြန်မာ့နိုင်ငံရေးအခြေအနေကတော့ ရှုတ်ရှုတ်ထွေးထွေးနဲ့
အကောင်းဘက်ကို ဦးမလှည့်နိုင်သေးပါဘူး။
ကျွန်တော်တို့ စတီးမစ်ကြီးလိုပ လှုပ်တော့ လှုပ်စိစိနဲ့
ဈေးကတော့ တတ်မလာသေးပါ။

စတီးမစ်မှာ နိုင်ငံရေးပို့စ်တွေ တင်လေ့တော့ မရှိပါဘူး။
ခုလည်း နိုင်ငံရေးအာဘော်တွေ ရေးတင်မှာ မဟုတ်ပါဘူး။

မနေ့က စစ်ကိုင်းမြို့သို့ ရောက်ဖြစ်ခဲ့ပါတယ်။
ရတနာပုံတံတား ဟိုဘက် ဒီဘက်မှာ မြန်မာနိုင်ငံ၏
အတိုင်ပင်ခံပုဂ္ဂိုလ် Daw Aung San Suu Kyi ပုံနှင့်
We Stand With The State Counsellor Of Myanmar Daw Aung San Suu Kyi ခေါင်းစဉ်တပ်
ဗီနိုင်းဆိုင်းဘုတ်ထောင်ထားတာ ‌တွေ့ရှိခဲ့ရပါတယ်။

December 10/11/12 ရက်တွေမှာ နယ်သာလန်နိုင်ငံ
သဟိဂ်မြို့ ICJ တရားရေးမှာ ကြားနာစစ်ဆေးခြင်း ပြုလုပ်မှာ
ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီလူမျိုးများကို စစ်တပ်မှ
လူမျိုးတုန်းသတ်ဖြတ်သည်ဟု ဂမ်ဘီယာနိုင်ငံမှ မြန်မာအစိုးရကို
တရားစွဲဆိုထားခြင်းကြောင့် ဖြစ်ပါသည်။
ဤတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
မှ နိုင်ငံတော်အကျိုးစီးပွားကာကွယ်ရန် ရည်ရွယ်၍
နိုင်ငံခြားရေးဝန်ကြီးသံခင်းတမံခင်း သွားရောက်ဖြေရှင်းမှာ
ဖြစ်ပါတယ်။

ဤအကြောင်းနှင့်ပတ်သက်၍ နိုင်ငံတဝန်း မြို့ကြီးများ၌
‌ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေ ကျင်းပကြတာ
ဖြစ်ပါတယ်။
lelax7ar7l.jpg
ထိုသို့ ဆောင်ရွက်ရန် ကြော်ငြာထားသော ဗီနိုင်းကို
တွေ့သော်အခါ ကျွန်တော်သည်လည်း နိုင်ငံသားတစ်ယောက်
အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ/ နှင့်အတူ
ရပ်တည်ကြောင်း/ ထောက်ခံကြောင်း အမှတ်တရဓာတ်ပုံ
ရိုက်ကာ တင်ပြလိုက်ရပါတယ်။

မြန်မာနိုင်ငံသားများ ငြိမ်းချမ်းသာယာရှိကြပါစေ။

MSC 193
@golden.future

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Special thanks

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61025.71
ETH 2726.09
USDT 1.00
SBD 2.45