အလှအိုးကြီး

in #myanmar5 years ago

မင်္ဂလာပါ မိတ်‌ဆွေတို့ရေ

ဒီနေတော့ ဓာတ်ပုံအသစ် မရိုက်ဖြစ်သေးတော့
သီတဂူဝိပဿနာကျောင်း သွားရောက်ခဲ့စဉ်က ရိုက်ယူခဲ့သော
အလှအိုးကြီး ပုံလေးကို တင်လိုက်ရပါတယ်။
364dhfnxce.jpg
ဤအလှအပ အနေဖြင့် ထားရှိသော အိုးကြီးသည်
ကျွန်တော်အရပ်ထက်ပင် မြင့်ပါသည်။ နဂါး အရုပ်
ကနုတ်များဖြင့် အလှဖော်ထားသည်မှာ တင့်တယ်လှသည်။
တန်ဖိုးအားဖြင့် အတော်တန်ပေမည်။ သိန်းဂဏန်း ကြီးပေ
လိမ့်မည်။

ဤသို့သော အလှထားစရာ အိုးများကို လူဂုဏ်ထန်
အသိုင်းအဝိုင်းများ၏ တိုက်တာအဆောက်အဦများ၌လည်း
တွေ့ရနိုင်သည်။
အညတြဘဝသမားတို့ အတွက်တော့ အလှ အတွက်တာ
အကုန်ကျခံနိုင်ကြမည် မထင်။

အနုပညာ အလှအပများသည်ကား တန်ဖိုးထားတတ်သူ၊
မြတ်နိုးတတ်သူများ အတွက်သာ တန်ဖိုးရှိ တန်ဖိုးသိနိုင်မည်
ဖြစ်သော်လည်း လောကဓံ ရိုက်ချက်ဒဏ်ခံနေရသူများ
အဖို့တော့ တစ်ခါတစ်ရံ စိတ်ပြေလက်ပျောက် ပျော်စေဖို့သာ
ဖြစ်ပေလိမ့်မည်။

ဤသည်ကား အလှအိုးကြီး ကြည့်ပြီး တွေးမိတွေးရာများသာတည်း။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193

@golden.future

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank for supported upvote

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58309.71
ETH 2617.30
USDT 1.00
SBD 2.42