၇ / ၄ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယနေ့ ဈေးကွက် အခြေအနေအရ Steem နှင့် SBD တို့ မှာ ပုံမှန် 1.5$ နှင့် 2$ ကြားတွင် ဝယ်ရောင်း လျက် ရှိကြပါသည်။ Bittrex အတွင်းရှိ Steem ဈေးကွက်မှာ ၂၄ နာရီ အတွင်း USD $1.97 သို့ အမြင့် ဆုံး ဈေးကို ရောက်ရှိသကဲ့သို့ ၂၄ နာရီအတွင်း အနိမ့် ဆုံး ဈေးမှာ USD $1.70 အထိ ကျဆင်းသွားခဲ့ပါသည်။ လက်ရှိအချိန်တွင် USD $ 1.70 ဝန်းကျင်တွင် ဝယ်ရောင်း လျက်ရှိပါသည်။

03.png

ထို့ အတူ Bittrex အတွင်းရှိ SBD ဈေးမှာလည်း ၂၄ နာရီ အတွင်း USD $ 2.04 သို့ အမြင့် ဆုံး ရောက်ရှိခဲ့ ပြီး အနိမ့်ဆုံး ဈေးအနေဖြင့် USD $ 1.78 အထိ ကျဆင်းခဲ့ပါသည်။ လက်ရှိ အချိန်တွင် USD $ 1.80 ဝန်းကျင်တွင် ဝယ်ရောင်းလျက်ရှိပါသည်။

04.png

နောက် ၂၄ နာရီ အတွက် ခန့်မှန်းချက်မှာ Steem အနေဖြင့် USD $ 1.50 ခန့် အထိ ဆက်လက် ကျဆင်း နိုင်ပြီး SBD မှာ USD $ 2$ ဝန်းကျင်ခန့်တွင် ဆက်လက် တည် ရှိနေနိုင်ပါသည်။ ဤသည်မှာ ခန့် မှန်း ခြင်းသာ ဖြစ်၍ ဈေးကွက် အခြေအနေမှာ အချိန်နှင့် အမျှ ပြောင်းလည်း နေပါသည်။

01.png
02.png

Steem နှင့် SBD တို့၏ မြန်မာကျပ်ငွေဖြင့် ဈေးနှုန်းများကို msc-exchange.com တွင် ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။ ဤ msc-exchange.com တွင် ဖေါ်ပြထားသော steem&SBD ဈေးနှုန်မှာ ပျမ်းမျှ ဈေးနှုန်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်နှင့် အမျှ ပြောင်းလည်းလျက်ရှိပါသည်။

MSC ၏ @exchange.msc မှာ trading site ဖြစ်သော Bittrex ဖြစ် ချိတ်ဆက်ထားခြင်း ဖြစ်သဖြင့် မိမိတို့ ဝယ်ရောင်းလိုသော Steem & SBD တို့အား Bittrex ဈေးနှုန်းအတိုင်း တွက်ချက်ပေးမည် ဖြစ်၍ Steem & SBD တို့အား Steemit Exchange Account ဖြစ်သော @exchange.msc မှ wallet to wallet transfer ပေးပို့ မည်ဖြစ်ပါသည်။ MSC Members များအနေဖြင့် msc-exchange.com သို့ ဝင်ရောက်၍ မိမိတို့ ဝယ်ရောင်းလိုသော steem & SBD တို့အား buy and sell order form ဖြည့်၍ ပေးပို့ရမည် ဖြစ်ပါသည်။

အထူး သတိထားရန် လိုသည် မှာ

1 - မည်သည့် ဘဏ်အကောင့် ကိုမျှ ငွေကြို မလွဲပါနှင့်။ မိမိ ၏ mail သို့ order conformation email ဝင်ရောက်လာသော အခါ မှသာ မည်သည့် ဘဏ်သို့ ငွေလွဲရန် ညွန်ကြားချက်ပါလာမည် ဖြစ်ပါသည်။ မည်သို့သော ကြိုတင် ငွေလွဲမှုများ အတွက် MSC-Exchange မှ တာဝန်ယူမည်မဟုတ်ပါ။

2 - Buy & Sell order ဖြည့်သွင်းရာတွင် သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာရန်နှင့် မိမိ ၏ order conformation အား မိမိ ဖြည့်သွင်းလိုက်သော email သို့ ရောက်ရှိလာမည် ဖြစ်ပါသည်။ ဤတွင် မိမိတို့ order ပေးပို့ပြီးလျင် [email protected] မှ နောက်တကြိမ် Buy & Sell order မှာယူ နိုင်ပါပြီ ဟူသော email လက်ခံရရှိမှ သာလျင် နောက်ထပ် order ပေးပို့ ရမည် ဖြစ်ပါသည်။

3 - အဘယ်ကြောင့် ဆိုသော် Steemit account နှင့် email account တခုတည်းမှ တရက်တည်း ၂ ကြိမ်ထက် ပိုသော order ပေးပို့လျင် MSC-exchange order inbox မှ ထို အကောင့် ပိုင်ရှင်အား Auto Block လုပ်လိုက်မည် ဖြစ်၍ ထို အကောင့် ပိုင်ရှင် ၏ မည်သို့ သော Order မှ MSC-exchange inbox အတွင်းသို့ ရောက်လာတော့မည် မဟုတ်ပါ။ တနည်းအားဖြင့် blacklist သွင်းလိုက်မည် ဖြစ်ပါသည်။

4 - ထို့ကြောင့် မိမိ Order အား စနစ်တကျ ပေးပို့ နိုင်ရန် လိုအပ်ပါသည်။ ထို့အတူ စည်းကမ်းနှင့် မညီသော order form များအားလည်း လက်ခံစဉ်းစားပေးမည်မဟုတ်ပါ။ မိမိ order ပေးပို့၍ ၂ နာရီအတွင်း order conformation email လက်ခံရရှိခြင်း မရှိလျင် MSC admin များသို့ ချဉ်းကပ်၍ အကူအညီ တောင်းနိုင်ပါသည်။

MSC-Exchange

Sort:  

Congratulations @exchange.msc! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Do not miss the last announcement from @steemitboard!

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64453.36
ETH 3507.44
USDT 1.00
SBD 2.56