ကစဉ့်​ကလျားအ​တွေးများ

in #myanmar6 years ago

လူတကိုယ်​လုံးကိုက်​ခဲ​နေ၏။ဖြစ်​​နေကျနာတာရှည်​​လေး
ဖက်​နာ​ဝေဒနာသည်​နိုးထလာ​နေသည်​။မိမိကိုယ်​မိမိမတည့်​တာစားမိ​လေလားဟု​တွေး​တောမိသည်​။တရားခံကား​ခေါင်းထဲ၌တ​ရေး​ရေး​ပေါ်လာ​လေ၏။
မိမိ၏​လေးဖက်​နာ​ရောဂါ၏​ရန်​သူ ASOတက်​​စေ​သော
ကလီစာများအားစားမိ​ပေ​တော့သည်​။
အသက်​ကိုဥာဏ်​​စောင့်​၏။ထို့​ကြောင့်​မိမိ၏စည်းကမ်းမဲ့
စား​သောက်​​နေထိုင်​မှူအား​ရှောင်​ကြဉ်​ရ​ပေဦးမည်​။
စာ​ရေး​ဖို့စဉ်းစား​နေရင်းဖြင့်​မနက်​ကမိမိ၏ဦး​လေး​ပြော
ပြသည်​များကိုစဉ်းစား​နေမိသည်​။ပြီးခဲ့သည့်​ဇူလိုင်​လထဲ၌
မိမိ၏ဦး​လေးသည်​မတ်​တပ်​​ကောင်း​ကောင်းမရပ်​နိုင်​။စုံတကာ​စေ့​အောင်​ဆရာဝန်​​ပေါင်းစုံ၊အထူးကု​ပေါင်းစုံဖြင့်
ကုသ​နေခဲ့သည်​။သို့​သော်​လည်းအနာနှင့်​​ဆေးမတည့်​ဖြစ်​​နေခဲ့သည်​။ရောဂါရှာ​ဖွေစမ်းသပ်​ရသည့်​စရိတ်​ကပင်​မနည်းလှ​ပေ။
ဆရာဝန်​နှင့်​ပြသပြီးပါလာသည့်​ပိုက်​ဆံမ​လောက်​၍အိမ်​သို့ဖုန်းဆက်​၍ပိုက်​ဆံလာပို့​ပေးရန်​​တောင်းသည့်​အကြိမ်
အ​ရေအတွက်​သည်​လည်းမနည်းလှ​ပေ။နောက်​ဆုံး၌အရိုးအ​ကြောအထူးကုဆရာဝန်​တစ်​​ယောက်
နှင့်​ပြမိပြီးအနာနှင့်​​ဆေးတွဲမိပြီးသက်​သာလာ​ပေ​တော့
သည်​။
ထို့​ကြောင့်​လည်းမတ်​တပ်​ရပ်​နိုင်​ပုံမှန်​အတိုင်းသွားလာ
နိုင်​သည့်​ဦး​လေးအားကြည့်​၍ဝမ်းသာ​နေကြ​ပေ​တော့
သည်​။မိမိ၏အ​တွေး၌အသက်​ကိုဥာဏ်​​စောင့်​သည်​သာမကပိုက်​ဆံပါ​စောင့်​​ပေ​တော့သည်​ဟု​တွေး​နေမိ
သည်​။မိမိတို့တိုင်းပြည်​၌​ငွေ​ကြေးချို့တဲ့သူများဤကဲ့
သို့​ရောဂါ​ဝေဒနာများခံစားရမူမည်​သို့ပြုလုပ်​ကြမည်​ဟုစဉ်းစား​တွေး​တောမိ​နေ​တော့သည်​။
ဆင်းရဲချို့တဲ့၍အသက်​မဆုံးရူံှးသင့်​ဘဲဆုံးရူံှးရသည်​များ
လည်းရှိ​နေ​ပေလိမ့်​မည်​။ဆင်းရဲချို့တဲ့ခြင်းသည်​လူဖြစ်​ရူံှးလှ​ပေသည်​ဟုလည်း​တွေးမိ​နေ​တော့သည်​။
ထို့​ကြောင့်​လည်းအလဟဿ ​ငွေ​ကြေးဖြုန်းတီးမှူမရှိ​စေ
ရန်​မိမိကိုယ်​မိမိဆန်းစစ်​​ဝေဖန်​ရ​ပေဦးမည်​။စာ​ရေးသူ
သည်​ငယ်​ရွယ်​စဉ်​ကပင်​စိတ်​ချမ်းသာမှူအားအလွန်
မက်​​မောလှသူဖြစ်​သည်​။ပွစိပွစိမြည်​တွန်​​တောက်​တီးသည့်​သူများအား​ဝေး​ဝေး​ရှောင်​​လေ့ရှိသူဖြစ်​သည်​။
မိမိအားစိတ်​အ​နှောင့်​အယှက်​​ပေးမည့်​သူများအားလည်း
အတတ်​နိုင်​ဆုံး​ရှောင်​ရှား​လေ့ရှိသည်​။
မိမိအားစိတ်​ဓာတ်​​ရေးရာအရစိတ်​ဒုက္ခ​ပေးမည့်​သူများ
အားလည်းအတတ်​နိင်​ဆုံးမဆက်​ဆံမိ​စေရန်​​နေထိုင်​တတ်​ပါသည်​။မိမိ၏စားဝတ်​​နေ​ရေးအတွက်​အလုပ်​အကိုင်​​ရွေးချယ်​သည့်​အခါ၌လည်းမိမိ၏စိတ်​ချမ်းသာမှူနှင့်​ယှဉ်​၍​ရွေးချယ်​လုပ်​ကိုင်​ခဲ့သည်​။
မိမိအားစိတ်​ဖိစီးမှူအများကြီး​ပေးသည့်​company
အလုပ်​မှထွက်​၍လွတ်​လွတ်​လပ်​လပ်​လုပ်​ကိုင်​နိုင်​သည့်
ကျူ ရှင်​ဆရာမအလုပ်​အား​ရွေးချယ်​လုပ်​ကိုင်​ခဲ့သည်​။
၎င်းအလုပ်​အကိုင်​၌လည်းမိမိ၏စိတ်​ဆန္ဒနှင့်​မကိုက်​ညီသည့်​စာသင်​အိမ်​များအားတစ်​နှစ်​သာ​အောင့်​အီးသည်းခံ၍သင်​ခဲ့သည်​။ဆက်​လက်​သင်​ကြားခြင်းမပြုဘဲဖြုတ်​ပစ်​သည်​သာများခဲ့သည်​။မိမိရရှိမည့်​​ငွေ​ကြေးထက်​စိတ်​ချမ်းသာမှူကိုသာဦးစား​ပေးခဲ့သူဖြစ်​သည်​။
ထို့​ကြောင့်​စာ​ရေးသူ၌တခြားကျူ ရှင်​ဆရာများ​လောက်​ဝင်​​ငွေမ​ကောင်းသည်​ကများသည်​။ထို့​ကြောင့်​လည်းမိမိအ​ကြောင်းမိမိသိ၍online၌​ငွေရှာသည့်​အလုပ်
က​လေးများပါတွဲဖက်​၍လုပ်​ကိုင်​​နေခြင်းဖြစ်​သည်​။
online​၌​ငွေရှာရာ၌မိမိ၏အထက်​လူကြီးမရှိ၊ပွစိပွစိဖြင့်
မျိုးစုံcomplainတက်​မည့်​​ကျောင်းသားမိဘများလည်း
မရှိ​ပေ။ထို့​ကြောင့်​စိတ်​ချမ်းသာမှူအ​တော်​အတန်​ရရှိသည့်
အလုပ်​အကိုင်​ဖြစ်​​ပေသည်​ဟု​တွေးမိပြီးလုပ်​မိခြင်းဖြစ်​သည်​။
သို့​သော်​လည်းထိုကဲ့သို့အသက်​ကိုပိုက်​ဆံ​စောင့်​သည့်​ကိစ္စများဖြစ်​​ပေါ်လာပါကမိမိစိတ်​အလိုလိုက်​ခဲ့သည်​များမှရရှိနိုင်​သည့်​​ငွေ​ကြေးများအခွင့်​အလမ်းများဆုံးရူံှး
ခဲ့ဖူးသည်​ကို​နောင်​တရ​ကောင်းရနိုင်​သည်​လားစသဖြင့်
စဉ်းစား​တွေး​တော​နေမိ​လေ​တော့သည်​။
ဤသို့ဖြင့်​​တွေးမိသည့်​​ရောက်​တတ်​ရာရာဟို​ရောက်
ဒီ​ရောက်​အ​တွေးများအားpromotionတင်​ရမည့်​postအဖြစ်​​ရေးသားလိုက်​ရ​ပေ​တော့သည်​။
ပြီးခဲ့သည့်​MSC အစည်းအ​ဝေးပွဲ၌မိမိတို့၏leader
ကMemberများစာမ​ရေးကြသည့်​အ​ကြောင်း
အား​ပြောခဲ့သည်​ကိုလည်းအ​တွေး​ရောက်​သွားမိသည်​။
မိမိသည်​လည်းတပတ်​လျှင်​postတခုမျှသာတင်​ခဲ့မိသည်​။steem​ဈေးကျ၍လည်းမဟုတ်​စာ​ရေးချင်
စိတ်​မရှိ​လောက်​​အောင်​စိတ်​ဖိစီးမှူများလွန်းခဲ့၍ဖြစ်​သည်​။
ထို့​ကြောင့်​လည်းမိမိ၏က​လောင်​​သွေး​နေသည့်​အ​လေ့
အကျင့်​​ကောင်း​လေးစည်းဝါးမမှန်​ပျက်​ပြားသွားခဲ့မိသည်​။
MSCအစည်းအ​ဝေးပွဲမှleader၏​ပြောကြားချက်​များ
ကမိမိ၏ပျက်​ပြားသွား​သောအ​လေ့အကျင့်​​ကောင်း​လေး
အားပြန်​လည်​​မွေးမြူ ရန်​သံပတ်​​ပေးလိုက်​သကဲ့သို့ဖြစ်​​နေ
ပါ​တော့သည်​။သို့​သော်​လည်းယခုအချိန်​ထိ​ရေးလက်​စဝတ္ထုများအားလည်းဆက်​လက်​၍မ​ရေးချင်​၊ဇာတ်​လမ်း
အထားအသိုများအားလည်းဇာတ်​​ကောင်​များအသက်​ဝင်
လှူပ်​ရှား​စေရန်​ဆက်​လက်​မ​ရေးနိုင်​ပုံမှန်​အ​ခြေအ​နေသို့
ပြန်​မ​ရောက်​နိုင်​ဘဲရှိ​နေ​ချေ​တော့သည်​။
ထို့​ကြောင့်​မိမိ၏စိတ်​ကိုအတတ်​နိုင်​ဆုံးအာရုံစူးစိုက်​မှူရှိ
လာ​စေရန်​ကြိုးစားအားထုတ်​၍​ဆောင်းပါးများဝတ္ထုများ
အား​ရေးသားရ​ပေဦးမည်​။
မိမိ၏အ​လေ့အကျင့်​က​လေးအားလက်​ရည်​မှန်​လာ​စေ
ရန်​အချိန်​ယူပြုပြင်​ရ​ပေမည်​။ဤဟို​ရောက်​သည်​​ရောက်
စိတ်​ကူး​ပေါက်​ရာ​ရေးသားထားသည့်​ဤpostအား
သည်းခံ၍ဖတ်​​ပေးကြသူများအား​ကျေးဇူးအထူးတင်​မိ
ပါ​ကြောင်း​ပြောကြားရင်းနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။
မြန်​မာလူမျိုးများsteemitတွင်​​အောင်​မြင်​နိုင်​ကြပါ​စေ။
စာ​ရေးသူ အိအိခိုင်​။
MSC No.173.

2018-08-22_22.55.32.jpg

Credited image from https://pixabay.com/en/gardenia-flowers-white-blue-2054594/

Sort:  

ဟို​ရောက်​သည်​​ရောက်​​စိတ်​ကူး​ပေါက်​အ​တွေး​ပေမဲ့ဖတ်​​ကောင်းပါတယ်​....ကျန်းမာ​ရေးးဂရုစိုက်​ပါ....

ဟုတ်​ကဲ့။ကျေးဇူးပါရှင်​။

nice post,thanks

Congratulations @eieikhing! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ကစဥ့်ကလျားအတွေးလေးများကနေ စိတ်ကူးစိတ်သန်းကောင်းလေးတွေ ဖြစ်သွားပေါ့

ဟီးဟုတ်​မယ်​ထင်​တာပဲ။

မမအိ အတွေးလေးတွေ ဆီ ခုမှ ပြန်ရောက်ဖြစ်တော့တယ်ဗျာ

ဟုတ်​​မောင်​​လေးဆီလည်းမ​မမ​ရောက်​ဖြစ်​​သေးဘူး။

ကျန်းမာရေးက ဖြစ်လာရင် မလွယ်ဘူး မအိရေ ဒီခေတ်ကြီး ငွေကို သောက်သောက်လဲကုန်တာ

ဟုတ်​တယ်​မမစု​ရေ။

အော်​မအိ တို့များ စိတ်​​ပေါက်​​ပေါက်​နဲ့​ရေးတာ​တောင်
စာ​ကောင်းတပုဒ်​ ဖြစ်​တယ်​ဗျာ ​တော်​ထာ​နော်

ဒီလိုပဲ​ရေးမိ​ရေးရာ​ရေးမိတာပါရှင်​။

အစ်‌မ‌ရေ ဝတ္ထု‌ရေးနည်း‌လေး ‌ရေး‌ပေးပါလားဗျာ။

ဟုတ်​ကဲ့။

သနားလိုက်တာ နာ့လိုပဲ နေမကောင်းပဲ ရေးနေရတာ

ဟီးဒီလိုပါပဲ။ဒီနှစ်​ထဲချူ ချာ​နေတာ။

ကျန်းမာရေးဂရုစိုက်နော်

ဟုတ်​ကဲ့။

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 56002.99
ETH 2458.17
USDT 1.00
SBD 2.28