ခွဲခွာခြင်းဝေဒနာဟူသည်မှာ....။
၃၁ဘုံ၌လူဖြစ်လာရသောစာရေးသူတို့ဘဝ၌တွေ့ကြုံဆုံ
ကွဲကြသည်မှာဓမ္မတာပင်ဖြစ်ပေသည်။ထို့ကြောင့်မွေး
သည့်နေ့မှစ၍သေဆုံးသည့်အချိန်သို့တရွေ့ရွေ့ဖြင့်
သွားနေရပေသည်။
ထို့ကြောင့်သေခြင်းတရားဟူသည်လူတိုင်းတနေ့နေ့တ
ချိန်ချိန်၌တွေ့ကြုံကြရပေမည်။စာရေးသူဘဝ၌သေဆုံး
ခြင်းဆိုသည်ကိုစတင်တွေ့ကြုံခဲ့ဖူးသည့်အရွယ်သည်အသက်၅နှစ်ခန့်ကပင်ဖြစ်သည်။
မိမိ၏အဖေအဖေဖြစ်သူအဘိုးသည်ဆီးချိုရောဂါဝေဒနာ
သည်ဖြစ်သည်။မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ပရိတ်တရားတော်နာပြီးသောအခါ၌အဖိုးသည်အစောကြီးအိပ်ယာဝင်သွားခဲ့သည်။နောက်တနေ့မနက်၌အဖိုးအားခေါ်
မရတော့ချေ။သတိလစ်သွားခဲ့သည်။ထို့ကြောင့်လည်း
အဖိုးအားဆေးရုံသို့ချက်ချင်းပို့ခဲ့သည်။စာရေးသူလည်းငယ်ရွယ်သူဖြစ်သောကြောင့်သတိလစ်သွားသည်ကိုနားမလည်ခဲ့ချေ။
အဖိုးအိပ်နေသည်ဟုပင်ထင်ခဲ့သည်။ထို့ကြောင့်လည်းမိမိ၏ဖခင်မှမိမိအားဆေးရုံသို့ခေါ်သွားသော်လည်းဘာမှမသိခဲ့ပေ။အဖိုးဆုံး၍သဂြိုဟ်မည့်နေ့သို့ရောက်အခါအဖိုး၏အလောင်းအားသွား၍လှူပ်နိုးခဲ့သဖြင့်ပန်းများပြင်ထားသည်များဖရိုဖရဲဖြစ်ခဲ့သည်ဟုစာရေးသူ၏
ဖခင်မှပြန်လည်ပြောပြခဲ့သည်။
၎င်းနောက်ပိုင်း၌ဆွေမျိုးများထဲမှမိမိနှင့်တရင်းတနှီးအနေ
များခဲ့သူမိခင်၏မောင်အငယ်ဆုံးဆုံးသည့်အချိန်၌ခွဲခွာ
ရပြီးပြန်မတွေ့နိုင်တော့သည့်ခံစားချက်အားစတင်ခံစားမိလာခဲ့သည်။
အသက်၁၀နှစ်အရွယ်ခန့်လောက်ဖြစ်ပေလိမ့်မည်။ဆုံးသွားသောဦးလေးအားသတိရ၍လွမ်းဆွတ်ခြင်းဝေဒ
နာအားစတင်ခံစားတတ်လာခဲ့သည်။မစားနိုင်မအိပ်နိုင်အထိဖြစ်ခဲ့သည်။
ထိုအချိန်ကသေခြင်းတရားအားမိမိအရမ်းမုန်းတီးခဲ့သည်။ထို့ကြောင့်မိဘများအပြင်သွားသည့်အချိန်၌တခုတခုများ
ဖြစ်၍မိမိအားခွဲခွာသွားမည်ကိုစိုးရိမ်ပြီးစိုးတထင့်ထင့်ဖြင့်တမျှော်မျှော်ဖြစ်နေခဲ့သည်။
မိခင်ကြီးရုတ်တရပ်ဆုံးပါးသွားသည့်အချိန်၌မိမိသည်အိပ်မက်ပမာပင်ထင်နေခဲ့သည်။စိတ်ထဲ၌ဟုတ်မှဟုတ်ပါ့မလားစသည်ဖြင့်ပင်ဖြစ်နေခဲ့မိသည်။မိမိ၏မိခင်သည်
ဦးနှောက်သွေးကြောပြတ်၍ရုတ်တရပ်သေဆုံးခြင်းဖြစ်၍
ပို၍မယုံရဲသလိုခံစားချက်မျိုးဖြင့်ဖြစ်နေခဲ့မိသည်။
ပြီးခဲ့သည့်လ၌မိမိဖခင်၏ညီမဖြစ်သူဆုံးပါးသွားခဲ့သည်။၎င်းအဒေါ်နှင့်မိမိသည်မိဘနှစ်ပါးမရှိကတည်းကမည်သည့်ကိစ္စမဆိုတိုင်ပင်ဆွေးနွေးတတ်ခဲ့သည်။အဒေါ်နှင့်မိမိဖုန်းပြောလျှင်တစ်နာရီကျော်အမြဲကြာ၏။
လူချင်းမတွေ့ဖြစ်သည့်ရက်များ၌ဖုန်းဖြင့်အမြဲဆက်သွယ်ဖြစ်ခဲ့သည်။ထိုအဒေါ်ကြောင့်ပင်မိမိသည်အဘိဓမ္မာသင်တန်းများတက်ဖြစ်ခဲ့သည်။
မိမိအဒေါ်သည်ဘာသာရေးအလွန်လိုက်စားသူုဖြစ်သည်။ထို့အပြင်မည်သူ့ကိုမဆိုကူညီတတ်၍သာရေးနာရေး
ကိစ္စများ၌တာဝန်ကျေပွန်၍လူချစ်လူခင်များလှသူဖြစ်သည်။
အဒေါ်ဆုံးသည့်ရက်၌မိမိ၏Fbတခုလုံးအဒေါ်၏ဘုန်းကြီးအကောင့်များမှသံဝေဂpostများဖြင့်ပြည့်နက်နေ
ခဲ့သည်။အဒေါ်ဆုံးသည့်ရက်မှစ၍မိမိသည်fbသုံးမိတိုင်း
မိမိအဒေါ်၏အကောင့်လေးအားကြည့်မိသည်။messengerမှမိမိတို့တူအရီးအမြဲမပြတ်ဆက်သွယ်ခဲ့ကြသည်။
မိမိfbမှာpostတင်တိုင်းအမြဲcommentပေးတတ်သည်။ထို့ကြောင့်မိမိအချိန်ကျတိုင်း"သြော် ဒီအချိန်ဆိုငါ့အဒေါ်ဖုန်းဆက်ပြီ"ဟုဖုန်းလေးကိုကြည့်ပြီးရင်ထဲ၌
ဟာတာတာဖြစ်နေရသည်။
မတွေးမိအောင်ကြိုးစားသော်လည်းအဒေါ်အကြောင်းစိတ်ထဲတွေးမိလျှင်ရင်ထဲနင့်ခနဲဖြစ်ဖြစ်သွားရသည်။ခွဲခွားခြင်းဆိုသည်မှာဓမ္မတာဖြစ်ကြောင်းစာရေးသူသိ
ပါသည်။
အဘိဓမ္မာများသင်ယူဖူး၍သေဆုံးခြင်းဆိုသည်မှာရှောင်လွှဲမရသည်ကိုလည်းမိမိနားလည်ပါသည်။သို့သော်လည်းမိမိ၏အချစ်ဆုံးသူများမိမိဘဝထဲမှထွက်ခွာသွားသည့်အခါများ၌ဖြေသိမ့်မရဝမ်းနည်းပူဆွေးမိပါသည်။
တချိန်ချိန်၌မိမိသည်လည်းဤလောကကြီးမှထွက်ခွာသွားရမည်မှာအမှန်ပင်ဖြစ်သည်။သို့သော်လည်းကျန်ရစ်သူမှာပို၍ခံစားရကြောင်းမိမိတွေးတောနေမိသည်။
မိမိ၏ချစ်ခင်သူများမိမိအနားမှထွက်ခွာမသွားပါစေရန်လည်းရူးမိုက်စွာဆုတောင်းနေမိသည်။
ထို့ကြောင့်ပုထုဇဉ်အမိုက်သားမိမိသည်ကားဘုရားရှင်
တို့ဟောကြားခဲ့သောအနတ္တတရားအားမတွေ့မမြင်
နိုင်သေးပါ။
ထို့ကြောင့်လည်းဤသို့ဖြေမဆည်နိုင်အောင်ဖြစ်နေရခြင်းဖြစ်ပေလိမ့်မည်။ဤသို့ကံအကြောင်းတရားကြောင့်ရလာသည့်လူ့ဘဝ၌သေကွဲကွဲရခြင်းအကြောင်းတရား
မိမိစိတ်ထဲမုန်းတီးနေမိသည်။သို့သော်လည်းဤ၃၁ဘုံသည်အနတ္တသာဖြစ်သည်ဟုမြတ်စွာဘုရားရှင်၏ဟောကြားချက်အတိုင်းမလွဲမသွေမကြိုက်သော်လည်းကြုံတွေ့ရမည်ဖြစ်ပေတော့သည်။
ထို့ကြောင့် "ကံဟူသော
ပန်းချီဆရာရေးဆွဲ၍
ကြုံတွေ့လာရ
ဤလူ့ဘဝဝယ်
ချစ်ခင်သူအပေါင်း
မိတ်ဆွေဆွေမျိုးများ
အသက်ရှည်အနာမဲ့၍
မခွဲမခွာနစ်တရာမကနေရပါစေကြောင်း"
ဆုတောင်းရင်းဖြင့်ဤကဗျာလေးအားခံစားရေးဖွဲ့နေခဲ့မိ
သည်။
မိမိ၏ဖခင်ကြီးတိမ်းပါးသွားသည့်အချိန်ကတည်းကရင်ထဲ၌တမြေ့မြေ့ဖြင့်ကျွမ်းလောင်ဆဲဝေဒနာသည်မဆို
သလောက်ကလေးသက်သာစရှိနေသေးသည်။
ဘယ်နေရာသွားသွား၊ဘာတွေပဲလုပ်မိမိအမြဲသတိရ
မိသည်မှာဖခင်ပင်ဖြစ်သည်။ထို့ကြောင့်မိမိအလှူ ဒါနလုပ်တိုင်းဖခင်နာမည်တပ်၍သာလှူ ဖြစ်နေခဲ့သည်။
၎င်းဝေဒနာသက်သာစပြုသည့်အချိန်၌အဒေါ်နှင့်သေကွဲ
ကွဲရလေသည်။ကြိုးစား၍ဖြေသိမ့်နေပါသည်။သို့သော်
လည်းဖြေမဆည်နိုင်ပါ။
စာဖြင့်ပုံဖော်ရေးသား၍မရနိုင်သည့်ဝေဒနာဖြစ်ပေသည်။အလွန်ဆိုးရွားခံရခက်လှသည်။တရားနှင့်လည်းအတတ်နိုင်ဆုံးဖြေသိမ့်နေပါသည်။သို့သော်လည်းပါရမီမရင့်သန်သည့်မိမိမှာအလွန်ပင်ခက်ခဲလှပေသည်။
ထို့ကြောင့်လည်းမိမိ၏ဝေဒနာအားကြိတ်၍အတတ်နိုင်ဆုံးကုစားရပေမည်။ထို့ကြောင့်လည်းဘဝဆက်တိုင်းကျန်းမာချမ်းသာစွာဖြင့်ချစ်ခင်သူများနှင့်အချိန်အကြာကြီးမခွဲမခွာနေရပါစေကြောင်းဆုတောင်းမိသည်။
အထီးကျန်လှ၍မိဘမရှိမိမိဘဝ၌တွယ်တာစရာလူ
အလွန်နည်းပေစွ။ထို့ကြောင့်တွယ်မိသောသံယောဇဉ်ကြိုးများအားသေခြင်းတရားဆိုသည့်ဓားထက်ထက်ဖြင့်မဖြတ်တောက်ခံရလျှင်အလွန်ပင်ကောင်းပေလိမ့်မည်ဟု
ပုထုဇဉ်အမိုက်မမိမိမှတောင်းတနေမိသည်။
ထို့ကြောင့်လည်းမိမိ၏ခံစားချက်များအားစာစုအဖြစ်ရေး
တင်နေမိခြင်းဖြစ်ပေသည်။စာဖတ်သူမိတ်ဆွေများလည်းချစ်ခင်သူများနှင့်မခွဲမခွာအသက်ရာကျော်ထိနေကြရ
ပါစေဟုဆုတောင်းပေးရင်းဖြင့်ဤစာစုလေးအားနိဂုံးချုပ်လိုက်ရပါတော့သည်။
စာရေးသူ အိအိခိုင်
MSC No.173.
Credited image fromhttps://pixabay.com/en/girl-balloon-composing-child-heart-2934257/
့
ခွဲခွာခြင်းများက အတော်မလွယ်ကူးပါဘူးဗျာ
ခွဲခွာရခြင်းဒုက္ခ ကလည်းမသေးဘူးနော်အမ
ဟုတ်တယ်မောင်လေးရေ
မမ မိသားစုထဲက အပူ တစ်ခါမှ မခံစားဘူးသေးဘူး😞😞မခံစားချင်ဘူး ညီမရယ်
ကံကောင်းတယ်မမက
လူတိုင်း လွန်ဆန်လို့ မရတဲ့ တရားပေါ့ မအိရေ
ဟုတ်တယ်မမစု
မ မြင်ရတဲ့ဒီ သံယောဇဉ် ဆိုတဲ့ကြိုးက အင်မတန်ကြောက်ဖို့ကောင်းပါတယ်
ဟုတ်ကဲ့
ချစ်ခင်သူတွေနဲ့ မခွဲချင်ပါဘူး။အတွေးနဲ့တင် စိတ်ဆင်းရဲစရာ ကောင်းလှပါတယ်။
ဟုတ်တယ်ရှင်
ခွဲခွာခြင်း ဆိုသည်မှာ ကျန်ရစ်သူလေ လွမ်းလို့ကျန်... လွမ်းလို့ကျန်
😌😌
ကိုယ်လည်း တစ်နေ့ပေါ့ မအိရာ 😔
မလွဲမသွေပါပဲ
တစ်ခါတစ်လေ ကျတော့ အသက်ကို အရှည်ကြီး ထိမ်းထားနိုင်မည့်နည်းလမ်းကို လိုချင်မိတယ် ။
ဟုတ်ပါ့
နောက်ဆုံးတော့ ဒီလမ်းကလူတိုင်းရှောက်ရမှာပျါလ
အမှန်ပါပဲရှင်