ခွဲခွာခြင်း​ဝေဒနာဟူသည်​မှာ....။

in #myanmar6 years ago

၃၁ဘုံ၌လူဖြစ်​လာရ​သောစာ​ရေးသူတို့ဘဝ၌​တွေ့ကြုံဆုံ
ကွဲကြသည်​မှာဓမ္မတာပင်​ဖြစ်​​ပေသည်​။ထို့​ကြောင့်​​မွေး
သည့်​​နေ့မှစ၍​သေဆုံးသည့်​အချိန်​သို့တ​ရွေ့​ရွေ့ဖြင့်
သွား​နေရ​ပေသည်​။
ထို့​ကြောင့်​​သေခြင်းတရားဟူသည်​လူတိုင်းတ​နေ့​နေ့တ
ချိန်​ချိန်​၌​တွေ့ကြုံကြရ​ပေမည်​။စာ​ရေးသူ​ဘဝ၌​သေဆုံး
ခြင်းဆိုသည်​ကိုစတင်​​တွေ့ကြုံခဲ့ဖူးသည့်​အရွယ်​သည်​အသက်​၅နှစ်​ခန့်​ကပင်​ဖြစ်​သည်​။
မိမိ၏အ​ဖေအ​ဖေဖြစ်​သူအဘိုးသည်​ဆီးချို​ရောဂါ​ဝေဒနာ
သည်​ဖြစ်​သည်​။မြန်​မာနှစ်​ဆန်းတစ်​ရက်​​နေ့၌ပရိတ်​တရား​တော်​နာပြီး​သောအခါ၌အဖိုးသည်​အ​စောကြီးအိပ်​ယာဝင်​သွားခဲ့သည်​။နောက်​တ​နေ့မနက်​၌အဖိုးအား​ခေါ်
မရ​တော့​ချေ။သတိလစ်​သွားခဲ့သည်​။ထို့​ကြောင့်​လည်း
အဖိုးအား​ဆေးရုံသို့ချက်​ချင်းပို့ခဲ့သည်​။စာ​ရေးသူလည်းငယ်​ရွယ်​သူဖြစ်​​သော​ကြောင့်​သတိလစ်​သွားသည်​ကိုနားမလည်​ခဲ့​ချေ။
အဖိုးအိပ်​​နေသည်​ဟုပင်​ထင်​ခဲ့သည်​။ထို့​ကြောင့်​လည်းမိမိ၏ဖခင်​မှမိမိအား​ဆေးရုံသို့​ခေါ်သွား​သော်​လည်းဘာမှမသိခဲ့​ပေ။အဖိုးဆုံး၍သဂြိုဟ်​မည့်​​နေ့သို့​ရောက်​အခါ​အဖိုး၏အ​လောင်းအားသွား၍လှူပ်​နိုးခဲ့သဖြင့်​ပန်းများပြင်​ထားသည်​များဖရိုဖရဲဖြစ်​ခဲ့သည်​ဟုစာ​ရေးသူ၏
ဖခင်​မှပြန်​လည်​​ပြောပြခဲ့သည်​။
၎င်း​နောက်​ပိုင်း၌​​ဆွေမျိုးများထဲမှမိမိနှင့်​တရင်းတနှီးအ​နေ
များခဲ့သူမိခင်​၏​မောင်​အငယ်​ဆုံးဆုံးသည့်​အချိန်​၌ခွဲခွာ
ရပြီးပြန်​မ​တွေ့နိုင်​​တော့သည့်​ခံစားချက်​အားစတင်​ခံစားမိလာခဲ့သည်​။
အသက်​၁၀နှစ်​အရွယ်​ခန့်​​လောက်​ဖြစ်​​ပေလိမ့်​မည်​။ဆုံးသွား​သောဦး​လေးအားသတိရ၍လွမ်းဆွတ်​ခြင်း​ဝေဒ
နာအားစတင်​ခံစားတတ်​လာခဲ့သည်​။မစားနိုင်​မအိပ်​နိုင်​အထိဖြစ်​ခဲ့သည်​။
ထိုအချိန်​က​သေခြင်းတရားအားမိမိအရမ်းမုန်းတီးခဲ့သည်​။ထို့​ကြောင့်​မိဘများအပြင်​သွားသည့်​အချိန်​၌တခုတခုများ
ဖြစ်​၍မိမိအားခွဲခွာသွားမည်​ကိုစိုးရိမ်​ပြီးစိုးတထင့်​ထင့်​ဖြင့်​တ​မျှော်​​မျှော်​ဖြစ်​​နေခဲ့သည်​။
မိခင်​ကြီးရုတ်​တရပ်​ဆုံးပါးသွားသည့်​အချိန်​၌မိမိသည်​အိပ်​မက်​ပမာပင်​ထင်​​နေခဲ့သည်​။စိတ်​ထဲ၌ဟုတ်​မှဟုတ်​ပါ့မလားစသည်​ဖြင့်​ပင်​ဖြစ်​​နေခဲ့မိသည်​။မိမိ၏မိခင်​သည်
ဦး​နှောက်​​သွေး​ကြောပြတ်​၍ရုတ်​တရပ်​​သေဆုံးခြင်းဖြစ်​၍
ပို၍မယုံရဲသလိုခံစားချက်​မျိုးဖြင့်​ဖြစ်​​နေခဲ့မိသည်​။
ပြီးခဲ့သည့်​လ၌မိမိဖခင်​၏ညီမဖြစ်​သူဆုံးပါးသွားခဲ့သည်​။၎င်းအ​ဒေါ်နှင့်​မိမိသည်​မိဘနှစ်​ပါးမရှိကတည်းကမည်​သည့်​ကိစ္စမဆိုတိုင်​ပင်​​ဆွေး​နွေးတတ်​ခဲ့သည်​။အ​ဒေါ်နှင့်​မိမိဖုန်း​ပြောလျှင်​တစ်​နာရီ​ကျော်​အမြဲကြာ၏။
လူချင်းမ​တွေ့ဖြစ်​သည့်​ရက်​များ၌ဖုန်းဖြင့်​အမြဲဆက်​သွယ်​ဖြစ်​ခဲ့သည်​။ထိုအ​ဒေါ်​ကြောင့်​ပင်​မိမိသည်​အဘိဓမ္မာသင်​တန်းများတက်​ဖြစ်​ခဲ့သည်​။
မိမိအ​ဒေါ်သည်​ဘာသာ​ရေးအလွန်​လိုက်​စားသူုဖြစ်​သည်​။ထို့အပြင်​မည်​သူ့ကိုမဆိုကူညီတတ်​၍သာ​ရေးနာ​ရေး
ကိစ္စများ၌တာဝန်​​ကျေပွန်​၍လူချစ်​လူခင်​များလှသူဖြစ်​သည်​။
အ​ဒေါ်ဆုံးသည့်​ရက်​၌မိမိ၏Fbတခုလုံးအ​ဒေါ်၏ဘုန်းကြီးအ​ကောင့်​များမှသံ​ဝေဂpostများဖြင့်​ပြည့်​နက်​​နေ
ခဲ့သည်​။အ​ဒေါ်ဆုံးသည့်​ရက်​မှစ၍မိမိသည်​fbသုံးမိတိုင်း
မိမိအ​ဒေါ်၏အ​ကောင့်​​လေးအားကြည့်​မိသည်​။messengerမှမိမိတို့တူအရီးအမြဲမပြတ်​ဆက်​သွယ်​ခဲ့ကြသည်​။
မိမိfbမှာpostတင်​တိုင်းအမြဲcomment​ပေးတတ်​သည်​။ထို့​ကြောင့်​မိမိအချိန်​ကျတိုင်း"​သြော်​ ဒီအချိန်​ဆိုငါ့အ​ဒေါ်ဖုန်းဆက်​ပြီ"ဟုဖုန်း​လေးကိုကြည့်​ပြီးရင်​ထဲ၌
ဟာတာတာဖြစ်​​နေရသည်​။
မ​တွေးမိ​အောင်​ကြိုးစား​သော်​လည်းအ​ဒေါ်အ​ကြောင်းစိတ်​ထဲ​တွေးမိလျှင်​ရင်​ထဲနင့်​ခနဲဖြစ်​ဖြစ်​သွားရသည်​။ခွဲခွားခြင်းဆိုသည်​မှာဓမ္မတာဖြစ်​​ကြောင်းစာ​ရေးသူသိ
ပါသည်​။
အဘိဓမ္မာများသင်​ယူဖူး၍​သေဆုံးခြင်းဆိုသည်​မှာ​ရှောင်​လွှဲမရသည်​ကိုလည်းမိမိနားလည်​ပါသည်​။သို့​သော်​လည်းမိမိ၏အချစ်​ဆုံးသူများမိမိဘဝထဲမှထွက်​ခွာသွားသည့်​အခါများ၌​ဖြေသိမ့်​မရဝမ်းနည်းပူေ​ဆွးမိပါသည်​။
တချိန်​ချိန်​၌မိမိသည်​လည်းဤ​လောကကြီးမှထွက်​ခွာသွားရမည်​မှာအမှန်​ပင်​ဖြစ်​သည်​။သို့​သော်​လည်းကျန်​ရစ်​သူမှာပို၍ခံစားရ​ကြောင်းမိမိ​တွေး​တော​နေမိသည်​။
မိမိ၏ချစ်​ခင်​သူများမိမိအနားမှထွက်​ခွာမသွား​ပါ​စေရန်​လည်းရူးမိုက်​စွာဆု​တောင်း​နေမိသည်​။
ထို့​ကြောင့်​ပုထုဇဉ်​အမိုက်​သားမိမိသည်​ကားဘုရားရှင်
တို့​ဟောကြားခဲ့​သောအနတ္တတရားအားမ​တွေ့မမြင်
နိုင်​​သေးပါ။
ထို့​ကြောင့်​လည်းဤသို့​ဖြေမဆည်​နိုင်​​အောင်​ဖြစ်​​နေရခြင်းဖြစ်​​ပေလိမ့်​မည်​။ဤသို့ကံအ​ကြောင်းတရား​ကြောင့်​ရလာသည့်​လူ့ဘဝ၌​သေကွဲကွဲရခြင်းအ​ကြောင်းတရား
မိမိစိတ်​ထဲမုန်းတီး​နေမိသည်​။သို့​သော်​လည်းဤ၃၁ဘုံသည်​အနတ္တသာဖြစ်​သည်​ဟုမြတ်​စွာဘုရားရှင်​၏​ဟောကြားချက်​အတိုင်းမလွဲမ​သွေမကြိုက်​​သော်​လည်းကြုံ​တွေ့ရမည်​ဖြစ်​​ပေ​တော့သည်​။
ထို့​ကြောင့်​ "ကံဟူ​သော
ပန်းချီဆရာ​ရေးဆွဲ၍
ကြုံ​တွေ့လာရ
ဤလူ့ဘဝဝယ်
ချစ်​ခင်​သူအ​ပေါင်း
မိတ်​​ဆွေ​ဆွေမျိုးများ
အသက်​ရှည်​အနာမဲ့၍
မခွဲမခွာနစ်​တရာမက​နေရပါ​စေ​ကြောင်း"

ဆု​တောင်းရင်းဖြင့်​ဤကဗျာ​လေးအားခံစား​ရေးဖွဲ့​နေခဲ့မိ
သည်​။
မိမိ၏ဖခင်​ကြီးတိမ်းပါးသွားသည့်​အချိန်​ကတည်းကရင်​ထဲ၌တ​မြေ့​မြေ့ဖြင့်​ကျွမ်း​လောင်​ဆဲ​ဝေဒနာသည်​မဆို
သ​လောက်​က​လေးသက်​သာစရှိ​နေ​သေးသည်​။
ဘယ်​​နေရာသွားသွား၊ဘာ​တွေပဲလုပ်​မိမိအမြဲသတိရ
မိသည်​မှာဖခင်​ပင်​ဖြစ်​သည်​။ထို့​ကြောင့်​မိမိအလှူ ဒါနလုပ်​တိုင်းဖခင်​နာမည်​တပ်​၍သာလှူ ဖြစ်​​နေခဲ့သည်​။
၎င်း​ဝေဒနာသက်​သာစပြုသည့်​အချိန်​၌အ​ဒေါ်နှင့်​​သေကွဲ
ကွဲရ​လေသည်​။ကြိုးစား၍​ဖြေသိမ့်​​နေပါသည်​။သို့​သော်
လည်း​ဖြေမဆည်​နိုင်​ပါ။
စာဖြင့်​ပုံ​ဖော်​​ရေးသား၍မရနိုင်​သည့်​​ဝေဒနာဖြစ်​​ပေသည်​။အလွန်​ဆိုးရွားခံရခက်​လှသည်​။တရားနှင့်​လည်းအတတ်​နိုင်​ဆုံး​ဖြေသိမ့်​​နေပါသည်​။သို့​သော်​လည်းပါရမီမရင့်​သန်​သည့်​မိမိမှာအလွန်​ပင်​ခက်​ခဲလှ​ပေသည်​။
ထို့​ကြောင့်​လည်းမိမိ၏​ဝေဒနာအားကြိတ်​၍အတတ်​နိုင်​ဆုံးကုစားရ​ပေမည်​။ထို့​ကြောင့်​လည်းဘဝဆက်​တိုင်းကျန်းမာချမ်းသာစွာဖြင့်ချစ်​ခင်​သူများနှင့်​အချိန်​အကြာကြီးမခွဲမခွာ​နေရပါ​စေ​ကြောင်းဆု​တောင်းမိသည်​။
အထီးကျန်​လှ၍မိဘမရှိမိမိဘဝ၌တွယ်​တာစရာလူ
အလွန်​နည်း​ပေစွ။ထို့​ကြောင့်​တွယ်​မိ​သောသံ​ယောဇဉ်​ကြိုးများအား​သေခြင်းတရားဆိုသည့်​ဓားထက်​ထက်​ဖြင့်​မဖြတ်​​တောက်​ခံရလျှင်​အလွန်​ပင်​​ကောင်း​ပေလိမ့်​မည်​ဟု
ပုထုဇဉ်​အမိုက်​မမိမိမှ​တောင်းတ​နေမိသည်​။
ထို့​ကြောင့်​လည်းမိမိ၏ခံစားချက်​များအားစာစုအဖြစ်​​ရေး
တင်​​နေမိခြင်းဖြစ်​​ပေသည်​။စာဖတ်​သူမိတ်​​ဆွေများလည်းချစ်​ခင်​သူများနှင့်​မခွဲမခွာအသက်​ရာ​ကျော်​ထိ​နေကြရ
ပါ​စေဟုဆု​တောင်း​ပေးရင်းဖြင့်​ဤစာစု​လေးအားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။
စာ​ရေးသူ အိအိခိုင်
MSC No.173.
girl-2934257_1280.jpg

Credited image fromhttps://pixabay.com/en/girl-balloon-composing-child-heart-2934257/

့​ 

Sort:  

ခွဲခွာခြင်းများက အတော်မလွယ်ကူးပါဘူးဗျာ

ခွဲခွာရခြင်းဒုက္ခ ကလည်းမ​သေးဘူး​နော်​အမ

ဟုတ်​တယ်​​မောင်​​လေး​ရေ

မမ မိသားစုထဲက အပူ တစ်ခါမှ မခံစားဘူးသေးဘူး😞😞မခံစားချင်ဘူး ညီမရယ်

ကံ​ကောင်းတယ်​မမက

လူတိုင်း လွန်ဆန်လို့ မရတဲ့ တရားပေါ့ မအိရေ

ဟုတ်​တယ်​မမစု

မ မြင်​ရတဲ့ဒီ သံ​ယောဇဉ်​ ဆိုတဲ့ကြိုးက အင်​မတန်​​ကြောက်​ဖို့​ကောင်းပါတယ်

ဟုတ်​ကဲ့

ချစ်ခင်သူတွေနဲ့ မခွဲချင်ပါဘူး။အတွေးနဲ့တင် စိတ်ဆင်းရဲစရာ ကောင်းလှပါတယ်။

ဟုတ်​တယ်​ရှင်

ခွဲခွာခြင်း ဆိုသည်မှာ ကျန်ရစ်သူလေ လွမ်းလို့ကျန်... လွမ်းလို့ကျန်

ကိုယ်​လည်း တစ်​​နေ့​ပေါ့ မအိရာ 😔

မလွဲမ​သွေပါပဲ

တစ်ခါတစ်လေ ကျတော့ အသက်ကို အရှည်ကြီး ထိမ်းထားနိုင်မည့်နည်းလမ်းကို လိုချင်မိတယ် ။

ဟုတ်​ပါ့

နောက်ဆုံးတော့ ဒီလမ်းကလူတိုင်းရှောက်ရမှာပျါလ

အမှန်​ပါပဲရှင်

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25