ဟို​ရောက်​ဒီ​ရောက်​အ​တွေးများ ၁

in #myanmar6 years ago

ပြီးခဲ့သည့်​ရက်​သတ္တပတ်​များကpro post​လေးများ
လည်းမ​ရေးနိုင်​၊ကျန်းမာ​ရေးကမ​ကောင်း၊ထို့​ကြောင့်​ပင်​leader အားအားနာလှ​သော်​လည်းအနားယူ၍စာ
မ​ရေးနိုင်​ခဲ့​ပေ။

မိမိ​ရေးလက်​စpostများ၊​စာစုလား​ဆောင်းပါးလားမသဲ
ကွဲသည့်​တို့လို့တန်းလန်းများကလည်းများလှ​ပေသည်​။
အ​တွေးများသည်​လည်းဟို​ရောက်​ဒီ​ရောက်​ဖြင့်​ပင်​ဘယ်​လိုအဆုံးသတ်​ရမည်​မသိဖြစ်​​နေခဲ့သည်​။
ဟို​ရောက်​ဒီ​ရောက်​အ​တွေးက​လေးများဖြင့်​ပင်​စာ​ပေဆို
သည်​မှာအဘယ်​နည်း။စာ​ရေးဆရာတစ်​​ယောက်​၏တာဝန်​သည်​မည်​သို့ဖြစ်​သနည်းဟုစဉ်းစား​နေမိသည်​။
စာ​ရေးဆရာတစ်​​ယောက်​​ရေးသားသည့်​စာ​ပေသည်​မိမိ၏တိုင်းပြည်​၊မိမိလူမျိုး၊မိမိစာဖတ်​ပရိတ်​သတ်​စသည်​တို့အားမည်​သည့်​အတိုင်းအတာအထိအကျိုးပြုနိုင်​သနည်းစသည်​ဖြင့်​စဉ်းစားခန်းဝင်​​နေမိသည်​။
ထိုသို့အ​တွေးဝင်​မိသည့်​ရင်းမြစ်​သည်​မိမိ၏တပည့်
မတစ်​​ယောက်​ဖတ်​​နေသည့်​ဝတ္ထုစာအုပ်​တစ်​အုပ်
အ​ကြောင်းနှင့်​ပတ်​သတ်​၍​တွေးမိ​နေခြင်းဖြစ်​သည်​။
ထိုဝတ္ထုသည်​​အ​ရောင်းရဆုံးစာရင်းဝင်​သည်ဟုဆိုသည်​။ဇာတ်​​လမ်းသည်​ကားသာမာန်​မဟုတ်​​ယောက်ျား​လေးချင်းကြိုက်​သည့်​ဇာတ်​လမ်းဖြစ်​သည်​။အခုတ​လောထိုကဲ့သို့
စာအုပ်​များအ​ရောင်းရဆုံးစာရင်းဝင်​​နေသည်​ကိုအံ့သြမိသည်​။
ထိုကဲ့သို့​သောဇာတ်​လမ်းများအားfeel​နေသည့်​စာဖတ်​သူများအားလည်းအံ့သြမိသည်​။အဘိဓမ္မာသင်​ယူသည့်​အချိန်​၌မိမိသ​ဘော​ပေါက်​မိသည်​မှာဤကဲ့သို့သဘာဝ
လွန်​သည့်​စိတ်​များသည်​ဝဋ်​​ကြွေးကြီးလွန်း၍ဖြစ်​လာကြ
သည်​။သနားစရာလည်း​ကောင်းလှပါသည်​။
သို့​သော်​အတုမြင်​အတတ်​သင်​ဖြစ်​ပြီးလူငယ်​များ၏စိ​တ်​နှလုံးအားလွှမ်းမိုး​၍​နေသည်​ကိုစဉ်းစားမရနိုင်​သဖြင့်သက်​ပြင်းခါခါချမိ​နေ​တော့သည်​။

စာ​ရေးသူ အိအိခိုင်​။

image

Sort:  

ကိုယ်​ကသာ ဒီလိုထင်​​နေတာ သူတို​က​တော့

Posted using Partiko Android

ဟိုမရောက်ဒီမရောက် တွေးနေဖြစ်တာ ပိုဆိုး

Posted using Partiko Android

အမြဲတမ်း တွေးမိပါတယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

စာပြန်ရေးဖို့တော့ တတ်နိုင်သမျှကြိုးစားပါလေ။

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64440.63
ETH 2653.79
USDT 1.00
SBD 2.80