ကျွမ်းကျင်​စွာအသက်​​မွေး​​ကျောင်းပြုတတ်​ပါ​စေ။

in #myanmar6 years ago

မတ်​မတ်​အိတစ်​​ယောက်​ဟို​ရောက်​ဒီ​ရောက်​ဖြင့် proအတွက်​ စာ​ရေးရန်​စဉ်းစား​နေရင်းဖြင့်​ စိတ်​ကမရွှင်​မလန်းဖြစ်​​နေမိသည်​။လိုင်းကားတိုးစီးပြီးစာသင်​​နေရ
သည့်​အ​ခြေခံလူတန်းစားမတ်​မတ်​အိတို့သည်​ကားYBS​ကား​ပေါ်ရှိခါးပိုက်​နှိုက်​အန္တရာယ်​မှမ​လွတ်​ကင်းနိုင်
ကြ​ပေ။အထူးသတိကြီးစွာထား​သော်​လည်းအိတ်ခွဲခံ
ရသည့်​အဖြစ်​အပျက်​များကရှိ​နေ​သေးသည်​။ဒီ​နေ့မနက်​၌လည်းမိမိအရမ်းကြိုက်​လွန်း​သောအိတ်​အနီ​လေးခါး
ပိုက်​နှိုက်​ခွဲသွား၍နှ​မြော​နေမိသည်​။
ထို့​ကြောင့်​စိတ်​မရွှင်​မလန်းဖြစ်​​နေမိသည်​။သို့​သော်​လည်းမိမိလုပ်​စရာအလုပ်​များအားမပျက်​မကွက်​ပင်​လုပ်​​နေမိ
ရင်းအ​တွေးက​လေးတစ်​ခုဝင်​လာမိသည်​။ထို​တွေးမိ
သည့်​အ​တွေးသည်​ကားအလုပ်​နှင့်​ပတ်​သတ်​သည့်
အ​ကြောင်းအရာ​လေးပင်​ဖြစ်​သည်​။
စာ​ရေးသူအ​ဖေဆုံးမထားသည့်​စကား​လေးတခွန်းရှိ
သည်​။"မိမိ၏အလုပ်​အားprofessional ဆန်​စွာလုပ်​ပါ။" မှန်​​ပေသည်​။မိမိတို့အသက်​​မွေးဝမ်း​ကျောင်းအတွက်​ပြုလုပ်​​သောအလုပ်​များအား ပိုမိုကျွမ်းကျင်​စွာ
လုပ်​ကိုင်​နိုင်​ရမည်​။ထို့အပြင်​မိမိ၏personal feelingအားအလုပ်​ထဲသို့ယူမသွားရန်​ဖြစ်​သည်​။
မိမိသည်​အိမ်​၌ကိစ္စတစ်​ခု​ကြောင့်​စကားများရန်​ဖြစ်​လာသည်​ဆိုပါစို့။မည်​သို့ပင်​စိတ်​ထဲမကြည်​မလင်​ဖြစ်​​နေ
ပါ​စေမိမိ၏အလုပ်​ထဲသို့၎င်းခံစားချက်​အားယူမသွား
သင့်​​ပေ။
ထိုသို့မဟုတ်​၎င်းစိတ်​မကြည်​မလင်​ခံစားချက်​အားအ
လုပ်​ခွင်​သို့ယူသွားမိသူသည်​မိမိ၏အလုပ်​အားprofessionalဆန်​စွာမလုပ်​ကိုင်​နိုင်​သူဖြစ်​သည်​ဟုစာ​ရေးသူထင်​မြင်​မိပါသည်​။မိမိသည်​ဝမ်းနည်းဝမ်းသာမည်​သည့်​ခံစားမှူမျိုးခံစားရသူဖြစ်​​နေ​စေကာမူ
မိမိ၏အလုပ်​ခွင်​၌တည်​ငြိမ်​၍တက်​ကြွစွာပုံမှန်​လုပ်​​​နေ
ကျအတိုင်းအလုပ်​ကိုလုပ်​သင့်​​ပေသည်​။
proဆန်​စွာအသက်​​မွေးသူတိုင်းသည်​မိမိ၌တာဝန်​ယူလက်​ခံထားသည့်​မည်​သည့်​အလုပ်​ကိုမဆိုတာ
ဝန်​​ကျေပြီး​မြောက်​​အောင်​လုပ်​​ဆောင်​တတ်​သည်​။မိမိ၏
ကိုယ်​​ရေးကိုယ်​တာကိစ္စများနှင့်​မိမိ၏အလုပ်​အား​ရော
ယှက်​ခြင်းမရှိကြ​ပေ။
အချိန်​တိကျမှူ၊လုပ်​ငန်းကျွမ်းကျင်​မှူ၊မိမိ၏customer serviceအားအ​လေးထားမှူစသည့်​အချက်​များသည်​လည်းမိမိ၏အလုပ်​အားကျွမ်းကျင်​စွာအသက်​​မွေး
ဝမ်း​ကျောင်းပြု​နေသူတို့လုပ်​​ဆောင်​ရမည့်​အချက်​များပင်
ဖြစ်​သည်​။
ထို့အပြင်​မိမိ၏လုပ်​ငန်းခွင်​၌လုပ်​​ဖော်​ကိုင်​ဘက်​များအား
မိမိ​ကြောင့်​​နှောင့်​​နှေး​စေခြင်းမရှိ​စေရန်အထူးသတိထား
ဂရုပြု၍​လုပ်​​ဆောင်​သင့်​သည်​။မိမိသည်​အသင်းအဖွဲ့ဖြင့်​လုပ်​​ဆောင်​ရသူဖြစ်​ပါကမိမိ​ကြောင့်​အသင်းအဖွဲ့မှလူ
များ​နှောင့်​​နှေးနစ်​နာ​စေမှူမရှိ​စေရန်​မိမိ၏လုပ်​ငန်းခွင်​အား
အချိန်​တိကျစွာ​ရောက်​ရှိ၍မိမိတာဝန်​အား​ကျေပွန်​စွာ
လုပ်​​ဆောင်​ရ​ပေမည်​။
ထိုသို့မဟုတ်​မိမိ၏ပျက်​ကွက်​မှူ​ကြောင့်​မိမိ၏အသင်းအဖွဲ့​ငွေ​ကြေးအားဖြင့့်ဖြစ်​​စေ၊အချိန်​အားဖြင့်​ဖြစ်​​စေနစ်​နာမှူရှိပါကမိမိသည်​proဆန်​စွာအသက်​​မွေး​နေသူ
တစ်​​ယောက်​ရှိသင့်​သည့်​စိတ်​ထားမျိုးမရှိသူဖြစ်​သည်​ဟု
သုံးသပ်​ရ​ပေမည်​။
မိမိ၏ကိုယ်​​ရေးကိုယ်​တာကိစ္စများအားအလုပ်​ချိန်​ကိုအသုံးပြု၍မလုပ်​​ဆောင်​သင့်​​ပေသည်​။ဖုန်းစကား​ပြော
သည်​မှစ၍မိမိ၏ကိုယ်​​ရေးကိုယ်​တာကိစ္စများအားအလုပ်​ချိန်​၌​ရှောင်​ရှားသင့်​လှ​ပေသည်​။မဖြစ်​မ​နေအ​ရေးကြီး
သည့်​ကိစ္စမှလွဲ၍မိမိ၏ကိုယ်​​ရေးကိုယ်​တာကိစ္စများအ
တွက်​​ပြောရ​သောဖုန်း​ပြောဆိုမှူအားတိုတိုပြတ်​ဖြင့်​အချိန်
အနည်းငယ်​သာယူ၍​ပြောဆိုသင့်​သည်​။
မိမိ၏အလုပ်​၌ဝတ်​ဆင်​သည်​ဝတ်​စားဆင်​ယင်​မှူသည်​လည်းအ​ရေးကြီးလှ​ပေသည်​။စာ​ရေးသူသည်​ကားမိမိ၏
အလုပ်​သည်​စာသင်​ကြားခြင်းအလုပ်​ဖြစ်​သည်​။
ထို့​ကြောင့်​မိမိသည်​ဆရာမတစ်​​ယောက်​ဖြစ်​သည်​နှင့်​ကိုက်​ညီစွာဝတ်​စားဆင်​ယင်​သင့်​သည်​ဟုထင်​မြင်​မိသည်​။ထို့​ကြောင့်​အလုပ်​သို့သွားသည့်​အချိန်​၌မြန်​မာဝတ်​စုံကိုသာသီးသန့်​ထား၍ဝတ်​ဆင်​​ပေသည်​။
ယ​နေ့​ခေတ်​၌study guideပြုလုပ်​သည့်​မိန်းက​လေး
ငယ်​​လေးများ​ဘောင်းဘီတို၊စကတ်​တိုဖြင့်​စာသင်​သွား
ကြသည်​ကို​တွေ့မြင်​ရ​သောအခါလွန်​စွာအံ့သြမိ​လေ
သည်​။
မိမိသည်​ကျူ ရှင်​ဆရာမဖြစ်​​စေ၊study guideဖြစ်​​စေ၊မိမိ၏အလုပ်​သည်​ဆရာ၊ဆရာမအလုပ်​သာဖြစ်​သည်​။
တနည်းအားဖြင့်​ဆိုလျှင်​ဆရာ၊ဆရာမဟူသည်​အန​န္တောအနန္တငါးပါးတွင်​ပါဝင်​သူများဖြစ်​ကြ​ပေသည်​။
မိမိတို့လုပ်​ငန်းသည်​ကုသိုလ်​လည်းရ၊ဝမ်းလည်းဝသည့်
လုပ်​ငန်းဖြစ်​သည်​။ထို့​ကြောင့်​မိမိ၏အဝတ်​အစား၊အ​နေ
အထိုင်​ပြုမူဆက်​ဆံမှူများသည်​ဆရာ၊ဆရာမ
တစ်​​ယောက်​၌ရှိသင့်​သည့်​ဂုဏ်​အင်​နှင့်​​လျော်​ညီစွာဖြစ်
သင့်​သည်​ဟုစာ​ရေးသူထင်​မြင်​မိသည်​။
အချုပ်​အားဖြင့်​ဆိုရ​သော်​မိမိသည်​မည်​သည့်​အလုပ်​ဖြင့်
အသက်​​မွေး​ကျောင်းသူဖြစ်​​နေပါ​စေမိမိ၏အလုပ်​အား
အလုပ်​ကိုအလုပ်​နှင့်​တူ​အောင်​လုပ်​၍proပီသ​သော
စိတ်​ထားဖြင့်​လုပ်​​ဆောင်​သင့်​​ကြောင်း​ပြောကြားရင်းဖြင့်​ဤစာစုအားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

မြန်​မာလူမျိုးအားsteemitတွင်​​အောင်​မြင်​ကြပါ​စေဟု
ဆု​တောင်းရင်းဖြင့်​....။
စာ​ရေးသူ အိအိခိုင်​။
MSC No.173.

teacher-359311_1280.png

Credited image from https://pixabay.com/en/teacher-bookworm-glasses-professor-359311/

Sort:  

Pro အဓိပ္ပါယ်က ကျယ်ပြန့်ပါတယ်

ဟုတ်​ကဲ့

မှန်လိုက်တာ ကိုဟ်လုပ်တဲ့ အလုပ်ကို အာာရုံစူးစိုက်ပြီး သေသေချာချာ pro ပီပီလုပ်နိုင်အောင် လေ့ကျင့်ထားသင့်တယ်

တင်​ပါ့ဘုရား

ဟုပ်​တယ်​​နော်​ YBS ခုန်​ရရင်​ရ မရရင်​ အ​တော်​ဂရုစုက်​စီးရတယ်
ခါးပိုက်​နိုက်​​တွေက ဘယ်​အချိန်​ ဘယ်​လိုင်းကျပ်​တယ်​ဆိုတာအလွပ်​ရ​နေတာ

ဟုတ်​တယ်​ရှင်

မိမိအလုပ်‌ကို မိမိတန်‌ဘိုးထားသင့်‌ပါတယ်‌။အခုလိုသတိ‌ပေးတဲ့ အတွက်‌‌ကျေးဇူးပါမအိ။

ဟုတ်​ကဲ့

Study guide ဖြစ်ပီးဘောင်းဘီတို၊ စကပ်တိုနဲ့ဆို မသင့်တော်ပါ
ဘူးလေ။

ဟုတ်​ကဲ့

အရမ်းမှန်ပါတယ် မမအိ

ဟုတ်​​ကဲ့​မောင်​​လေး

ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို မသဲကွဲသူဟာ ကျရှုံးရတက်တယ်

ဟုတ်​ကဲ့မမစု

ခိုးဆိုးလုနှိုက်တွေကလည်း မကြားချင်မှအဆုံး ဖြစ်နေတော့တာပဲ...

အခု​ခေတ်​ကပိုဆိုးလာတာရှင်​။

ခေတ်ကြီးကမလွယ်ပါဘူးဗျာ

မိမိအလုပ်ကို professional ဆန်စွာလုပ်ပါ ဆိုတဲ့စကားလေးက မှတ်သားစရာပါဘဲ တစ်ချို့က ၀ါသနာမပါလို့အကြောင်းပြပြီး ကောင်းကောင်းမလုပ်ချင်ကြပါဘူး တကယ်တော့ လက်ရှိအလုပ်ကို အကောင်းဆုံးလုပ်ဖို့ဘဲလိုပါတယ်

ဟုတ်​တယ်​ကိုသန့်​စင်​​ရေ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 61227.60
ETH 3022.96
USDT 1.00
SBD 3.88