ကျွမ်းကျင်စွာအသက်မွေးကျောင်းပြုတတ်ပါစေ။
မတ်မတ်အိတစ်ယောက်ဟိုရောက်ဒီရောက်ဖြင့် proအတွက် စာရေးရန်စဉ်းစားနေရင်းဖြင့် စိတ်ကမရွှင်မလန်းဖြစ်နေမိသည်။လိုင်းကားတိုးစီးပြီးစာသင်နေရ
သည့်အခြေခံလူတန်းစားမတ်မတ်အိတို့သည်ကားYBSကားပေါ်ရှိခါးပိုက်နှိုက်အန္တရာယ်မှမလွတ်ကင်းနိုင်
ကြပေ။အထူးသတိကြီးစွာထားသော်လည်းအိတ်ခွဲခံ
ရသည့်အဖြစ်အပျက်များကရှိနေသေးသည်။ဒီနေ့မနက်၌လည်းမိမိအရမ်းကြိုက်လွန်းသောအိတ်အနီလေးခါး
ပိုက်နှိုက်ခွဲသွား၍နှမြောနေမိသည်။
ထို့ကြောင့်စိတ်မရွှင်မလန်းဖြစ်နေမိသည်။သို့သော်လည်းမိမိလုပ်စရာအလုပ်များအားမပျက်မကွက်ပင်လုပ်နေမိ
ရင်းအတွေးကလေးတစ်ခုဝင်လာမိသည်။ထိုတွေးမိ
သည့်အတွေးသည်ကားအလုပ်နှင့်ပတ်သတ်သည့်
အကြောင်းအရာလေးပင်ဖြစ်သည်။
စာရေးသူအဖေဆုံးမထားသည့်စကားလေးတခွန်းရှိ
သည်။"မိမိ၏အလုပ်အားprofessional ဆန်စွာလုပ်ပါ။" မှန်ပေသည်။မိမိတို့အသက်မွေးဝမ်းကျောင်းအတွက်ပြုလုပ်သောအလုပ်များအား ပိုမိုကျွမ်းကျင်စွာ
လုပ်ကိုင်နိုင်ရမည်။ထို့အပြင်မိမိ၏personal feelingအားအလုပ်ထဲသို့ယူမသွားရန်ဖြစ်သည်။
မိမိသည်အိမ်၌ကိစ္စတစ်ခုကြောင့်စကားများရန်ဖြစ်လာသည်ဆိုပါစို့။မည်သို့ပင်စိတ်ထဲမကြည်မလင်ဖြစ်နေ
ပါစေမိမိ၏အလုပ်ထဲသို့၎င်းခံစားချက်အားယူမသွား
သင့်ပေ။
ထိုသို့မဟုတ်၎င်းစိတ်မကြည်မလင်ခံစားချက်အားအ
လုပ်ခွင်သို့ယူသွားမိသူသည်မိမိ၏အလုပ်အားprofessionalဆန်စွာမလုပ်ကိုင်နိုင်သူဖြစ်သည်ဟုစာရေးသူထင်မြင်မိပါသည်။မိမိသည်ဝမ်းနည်းဝမ်းသာမည်သည့်ခံစားမှူမျိုးခံစားရသူဖြစ်နေစေကာမူ
မိမိ၏အလုပ်ခွင်၌တည်ငြိမ်၍တက်ကြွစွာပုံမှန်လုပ်နေ
ကျအတိုင်းအလုပ်ကိုလုပ်သင့်ပေသည်။
proဆန်စွာအသက်မွေးသူတိုင်းသည်မိမိ၌တာဝန်ယူလက်ခံထားသည့်မည်သည့်အလုပ်ကိုမဆိုတာ
ဝန်ကျေပြီးမြောက်အောင်လုပ်ဆောင်တတ်သည်။မိမိ၏
ကိုယ်ရေးကိုယ်တာကိစ္စများနှင့်မိမိ၏အလုပ်အားရော
ယှက်ခြင်းမရှိကြပေ။
အချိန်တိကျမှူ၊လုပ်ငန်းကျွမ်းကျင်မှူ၊မိမိ၏customer serviceအားအလေးထားမှူစသည့်အချက်များသည်လည်းမိမိ၏အလုပ်အားကျွမ်းကျင်စွာအသက်မွေး
ဝမ်းကျောင်းပြုနေသူတို့လုပ်ဆောင်ရမည့်အချက်များပင်
ဖြစ်သည်။
ထို့အပြင်မိမိ၏လုပ်ငန်းခွင်၌လုပ်ဖော်ကိုင်ဘက်များအား
မိမိကြောင့်နှောင့်နှေးစေခြင်းမရှိစေရန်အထူးသတိထား
ဂရုပြု၍လုပ်ဆောင်သင့်သည်။မိမိသည်အသင်းအဖွဲ့ဖြင့်လုပ်ဆောင်ရသူဖြစ်ပါကမိမိကြောင့်အသင်းအဖွဲ့မှလူ
များနှောင့်နှေးနစ်နာစေမှူမရှိစေရန်မိမိ၏လုပ်ငန်းခွင်အား
အချိန်တိကျစွာရောက်ရှိ၍မိမိတာဝန်အားကျေပွန်စွာ
လုပ်ဆောင်ရပေမည်။
ထိုသို့မဟုတ်မိမိ၏ပျက်ကွက်မှူကြောင့်မိမိ၏အသင်းအဖွဲ့ငွေကြေးအားဖြင့်ဖြစ်စေ၊အချိန်အားဖြင့်ဖြစ်စေနစ်နာမှူရှိပါကမိမိသည်proဆန်စွာအသက်မွေးနေသူ
တစ်ယောက်ရှိသင့်သည့်စိတ်ထားမျိုးမရှိသူဖြစ်သည်ဟု
သုံးသပ်ရပေမည်။
မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စများအားအလုပ်ချိန်ကိုအသုံးပြု၍မလုပ်ဆောင်သင့်ပေသည်။ဖုန်းစကားပြော
သည်မှစ၍မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စများအားအလုပ်ချိန်၌ရှောင်ရှားသင့်လှပေသည်။မဖြစ်မနေအရေးကြီး
သည့်ကိစ္စမှလွဲ၍မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စများအ
တွက်ပြောရသောဖုန်းပြောဆိုမှူအားတိုတိုပြတ်ဖြင့်အချိန်
အနည်းငယ်သာယူ၍ပြောဆိုသင့်သည်။
မိမိ၏အလုပ်၌ဝတ်ဆင်သည်ဝတ်စားဆင်ယင်မှူသည်လည်းအရေးကြီးလှပေသည်။စာရေးသူသည်ကားမိမိ၏
အလုပ်သည်စာသင်ကြားခြင်းအလုပ်ဖြစ်သည်။
ထို့ကြောင့်မိမိသည်ဆရာမတစ်ယောက်ဖြစ်သည်နှင့်ကိုက်ညီစွာဝတ်စားဆင်ယင်သင့်သည်ဟုထင်မြင်မိသည်။ထို့ကြောင့်အလုပ်သို့သွားသည့်အချိန်၌မြန်မာဝတ်စုံကိုသာသီးသန့်ထား၍ဝတ်ဆင်ပေသည်။
ယနေ့ခေတ်၌study guideပြုလုပ်သည့်မိန်းကလေး
ငယ်လေးများဘောင်းဘီတို၊စကတ်တိုဖြင့်စာသင်သွား
ကြသည်ကိုတွေ့မြင်ရသောအခါလွန်စွာအံ့သြမိလေ
သည်။
မိမိသည်ကျူ ရှင်ဆရာမဖြစ်စေ၊study guideဖြစ်စေ၊မိမိ၏အလုပ်သည်ဆရာ၊ဆရာမအလုပ်သာဖြစ်သည်။
တနည်းအားဖြင့်ဆိုလျှင်ဆရာ၊ဆရာမဟူသည်အနန္တောအနန္တငါးပါးတွင်ပါဝင်သူများဖြစ်ကြပေသည်။
မိမိတို့လုပ်ငန်းသည်ကုသိုလ်လည်းရ၊ဝမ်းလည်းဝသည့်
လုပ်ငန်းဖြစ်သည်။ထို့ကြောင့်မိမိ၏အဝတ်အစား၊အနေ
အထိုင်ပြုမူဆက်ဆံမှူများသည်ဆရာ၊ဆရာမ
တစ်ယောက်၌ရှိသင့်သည့်ဂုဏ်အင်နှင့်လျော်ညီစွာဖြစ်
သင့်သည်ဟုစာရေးသူထင်မြင်မိသည်။
အချုပ်အားဖြင့်ဆိုရသော်မိမိသည်မည်သည့်အလုပ်ဖြင့်
အသက်မွေးကျောင်းသူဖြစ်နေပါစေမိမိ၏အလုပ်အား
အလုပ်ကိုအလုပ်နှင့်တူအောင်လုပ်၍proပီသသော
စိတ်ထားဖြင့်လုပ်ဆောင်သင့်ကြောင်းပြောကြားရင်းဖြင့်ဤစာစုအားနိဂုံးချုပ်လိုက်ရပါတော့သည်။
မြန်မာလူမျိုးအားsteemitတွင်အောင်မြင်ကြပါစေဟု
ဆုတောင်းရင်းဖြင့်....။
စာရေးသူ အိအိခိုင်။
MSC No.173.
Credited image from https://pixabay.com/en/teacher-bookworm-glasses-professor-359311/
Pro အဓိပ္ပါယ်က ကျယ်ပြန့်ပါတယ်
ဟုတ်ကဲ့
မှန်လိုက်တာ ကိုဟ်လုပ်တဲ့ အလုပ်ကို အာာရုံစူးစိုက်ပြီး သေသေချာချာ pro ပီပီလုပ်နိုင်အောင် လေ့ကျင့်ထားသင့်တယ်
တင်ပါ့ဘုရား
ဟုပ်တယ်နော် YBS ခုန်ရရင်ရ မရရင် အတော်ဂရုစုက်စီးရတယ်
ခါးပိုက်နိုက်တွေက ဘယ်အချိန် ဘယ်လိုင်းကျပ်တယ်ဆိုတာအလွပ်ရနေတာ
ဟုတ်တယ်ရှင်
မိမိအလုပ်ကို မိမိတန်ဘိုးထားသင့်ပါတယ်။အခုလိုသတိပေးတဲ့ အတွက်ကျေးဇူးပါမအိ။
ဟုတ်ကဲ့
Study guide ဖြစ်ပီးဘောင်းဘီတို၊ စကပ်တိုနဲ့ဆို မသင့်တော်ပါ
ဘူးလေ။
ဟုတ်ကဲ့
အရမ်းမှန်ပါတယ် မမအိ
ဟုတ်ကဲ့မောင်လေး
ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို မသဲကွဲသူဟာ ကျရှုံးရတက်တယ်
ဟုတ်ကဲ့မမစု
ခိုးဆိုးလုနှိုက်တွေကလည်း မကြားချင်မှအဆုံး ဖြစ်နေတော့တာပဲ...
အခုခေတ်ကပိုဆိုးလာတာရှင်။
ခေတ်ကြီးကမလွယ်ပါဘူးဗျာ
မိမိအလုပ်ကို professional ဆန်စွာလုပ်ပါ ဆိုတဲ့စကားလေးက မှတ်သားစရာပါဘဲ တစ်ချို့က ၀ါသနာမပါလို့အကြောင်းပြပြီး ကောင်းကောင်းမလုပ်ချင်ကြပါဘူး တကယ်တော့ လက်ရှိအလုပ်ကို အကောင်းဆုံးလုပ်ဖို့ဘဲလိုပါတယ်
ဟုတ်တယ်ကိုသန့်စင်ရေ