ဘဝပန်းချီအားလှပအောင်ရေးခြယ်မည်
"အသုံးနှင့်အဖြုန်းကွဲလွဲပါစေ။"
မိမိလိုချင်သည့်အရာတစ်ခုအားဝယ်မည်ဟု ကြံစည်မိတိုင်း ဤစကားလေးသည်စာရေးသူနားထဲ၌မကြာ
ခဏပြန်လည်ကြားယောင်မိသောစကားလေးဖြစ်သည်။
ဖခင်၏အမေအဘွားဖြစ်သူမကြာခဏပြောဆိုဆုံးမသည့်
စကားလေးဖြစ်သည်။
မိမိတို့၏မိန်းကလေးသဘာဝသည် အဝတ်အစား၊အလှအပကြိုက်ကြသည်ချည်းဖြစ်သည်။
အသစ်ပေါ်သမျှဝတ်ချင်သည်။အဝတ်အစားမည်မျှပင်
ပြည့်လျှံနေအောင်ရှိပါစေ။တင်းတိမ်ရောင့်ရဲခြင်းမရှိနိုင်
ကြပေ။စာရေးသူသည်လည်းအပါအဝင်ဖြစ်သည်။
ထို့ကြောင့်ပင်မိမိ၏စိတ်ကိုချုပ်တည်းနိုင်ရန်အင်မတန်ကြိုးစားရပါသည်။
ထို့အပြင်အစားအသောက်ကောင်းကောင်းကိုလည်းအင်မတန်မက်မောသူဖြစ်သည်။ထို့ကြောင့်မိမိစားချင်သည့်အစားအသောက်အားချက်ချင်းဝယ်စားတတ်သူဖြစ်သည်။ထို့ကြောင့်ပင်မိမိသည်ဝင်ငွေနှင့်ထွက်ငွေမျှတစွာသုံး
တတ်စေရန်မိမိကိုယ်မိမိမကြာခဏဆုံးမသည့်အနေဖြင့်
အဘွားဆုံးမခဲ့သည့်စကားအားမကြာခဏစိတ်ထဲမှရည်
ရွတ်မိသည်။
စာရေးသူ၏အဘိုးနှင့်အဘွားသည်အင်မတန်အလုပ်ကြိုး
စား၍စစ်စစ်စီစီသုံးတတ်စွဲတတ်သူများဖြစ်ခဲ့သည်။အဘွားသည်အစဉ်အမြဲရှန်သားအဖြူပေါ်၌အပွင့်ကလေး
များပါသည့်ရင်ဖုံးအကျီင်္နှင့်ပါတိတ်လုံချည်အားအမြဲဝတ်ဆင်တတ်၍သနပ်ခါးကိုဖွေးနေအောင်အမြဲလိမ်းလေ့ရှိ
ခဲ့သည်။အိမ်နောက်ဖေးမြေကွက်လပ်၌စားပင်သီးပင်များ
စိုက်ပျိုးထား၍အိမ်နောက်ဖေးဈေးဆိုင်တည်ခဲ့သူဖြစ်သည်။ငါးသေးငါးနုပ်ကလေးများအားအိုးကပ်ချက်၍
အိမ်နောက်ဖေးစိုက်ခင်းမှဘူးညွှန့်၊ဘူးသီးစသည်တို့ကို
ခူးဆွတ်၍ဟင်းချိုတစ်ခွက်ချက်ပြီးအိမ်အသုံးစရိတ်သက်သာအောင်အမြဲကြံဆောင်ခဲ့သူဖြစ်သည်။
စာရေးသူအဘိုးသည်ရွာမှရန်ကုန်သို့စတင်ပြောင်းရွေ့
လာသည့်အချိန်၌ဇနီးဖြစ်သူနှင့်ကလေး၃ယောက်သာ
ပါခဲ့သည်။ရင်းနှီးလုပ်ကိုင်စားရန်မည်သည့်စည်းစိမ်ဥစ္စာမျှ
များများစားစားပါလာခြင်းမရှိခဲ့ပေ။ရန်ကုန်၌လည်းဆွေမျိုး
မိသားစုတစ်စုဌားနေသည့်အိမ်ကလေးတစ်ခြမ်း၌မဆိုသလောက်သောငွေကြေးကလေးအားပေးပြီး
ကပ်နေခဲ့ရသည်။ထိုမှတဆင့်သစ်စက်တစ်ခု၌စာရေးအဖြစ်လခစားဝင်လုပ်ခဲ့သည်။အဘွားမှာမူအပ်ချုပ်စက်တစ်လုံးဖြင့်စက်ချုပ်ခဲ့သည်။ထိုသို့သူများဌားနေသည့်အိမ်၌ကပ်နေသည့်ဘဝမှသစ်ဆိုင်၃ဆိုင်ပိုင်သည့်ဘဝအထိ
စီးပွားတိုးတက်ခဲ့သည်ဟုအဘွားမှပြောပြခဲ့ပါသည်။
၎င်းသစ်ဆိုင်၃ဆိုင်သည်ပြည်သူပိုင်အသိမ်းခံရပြီးနောက်
စားဖို့ပင်အနိုင်နိုင်ရှာဖွေသည့်ဘဝသို့ဆင်းရဲသွားခဲ့သည်။
ထို့နောက်ကြက်ဥခေါက်မုန့်လုပ်ရောင်းခဲ့ရသည်။ထိုမှတစ်ဖန်ရက်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့၍နဂိုမူလပြည့်ပြည့်စုံစုံဘဝသို့ပြန်လည်ရောက်ရှိခဲ့သည်ဟုအဘွားပြန်လည်ပြောပြ၍စာရေးသူသိခဲ့ရပါသည်။
ထို့ကြောင့်အဘွားတို့၏အခြေအနေအားမိမိပြန်လည်စဉ်းစားတွေးတောမိသည်။ရန်ကုန်သို့ပြောင်းရွေ့လာစဉ်အချိန်အခါ၌လက်ဗလာဖြင့်တပါးသူဌားနေသည့်အိမ်၌
ကပ်၍နေခဲ့ရသည်။၎င်းအခြေအနေမှတင့်တောင်းတင့်
တယ်နေနိုင်သည့်အခြေအနေသို့ရောက်ရှိခဲ့သည်မှာ
အဘွား၏မီဖိုချောင်နိုင်နင်းမှူနှင့်သုံးစွဲစစ်စီတတ်သည့်
အရည်အချင်းသည်အဓိကအခန်းကဏ္ဏမှပါဝင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူအသစ်အဆန်းပေါ်တိုင်းလိုချင်သည့်စိတ်ကလေးအားအဘွား၏စကားအားမကြာခဏ
ပင်တွေးတော၍ဆင်ခြင်မိသည်။အခက်အခဲတစုံတရာ
နှင့်ရင်ဆိုင်ကြုံတွေ့သည့်အခါ၌လည်း"မိမိ၏အဘိုးသည်
ဇနီးသည်နှင့်ကလေး၃ယောက်ခေါ်၍ရန်ကုန်၌တခြားသူ
အိမ်ကပ်နေသည့်ဘဝမှကြီးပွားတိုးတက်အောင်
ကြံဆောင်နိုင်ပေသေးသည်။မိမိ၏အခြေအနေသည်အဘိုးလောက်ပင်ဆိုးရွားနေသည်မဟုတ်။"မိမိကိုယ်မိမိ
မကြာခဏအားပေးစကားပြော၍မဆုတ်မနစ်သည့်ဇွဲလုံ့လဖြင့်ကြိုးစားရန်မိမိ၏စိတ်အားမကြာခဏ
သံပတ်ပေးမိသည်။
စာရေးသူ၏ဘဝ၌အဘိုးနှင့်အဘွားသည်မိမိ၏စံပြုထိုက်
သည့်ပုဂ္ဂိုလ်များပင်ဖြစ်သည်။အဘိုးအဘွားတို့၏အတိတ်
ပုံရိပ်သည်မိမိ၏ဘဝပန်းချီအားလှပစွာရေးခြယ်တတ်စေ
ရန်ညွှန်ပြပေးသည့်ပုံရိပ်များပင်ဖြစ်ပါတော့သည်ဟုတွေး
မိရင်းဖြင့်၎င်းတို့၏ဘဝတစ်စိတ်တစ်ပိုင်းအားဖော်ကျူးသည့်စာစုလေးအားရေးသားတင်ပြလိုက်ရပါတော့
သည်။
"မဆုတ်မနစ်သည့်
ဇွဲလုံ့လဖြင့်
ဘဝပန်းချီအား
လှပစေရန်ရေးခြယ်တတ်ကြပါစေ။"ဟုဆုတောင်းရင်းဖြင့် အတွေးတစဖြင့် အိအိခိုင်ရေးသားဖော်ကျူးသည်။
MSC No.173
CRedited image fromhttps://pixabay.com/en/flower-background-watercolor-floral-3318965/
ဝင်ငွေထွက်ငွေမျှမှ
ဟုတ်ကဲ့
တော်လိုက်တဲ့ ဖိုးနဲ့ဖွား ..
ကိုယ်နိုင်တာထက်ပိုသုံးတတ်သူတွေ ဘယ်တော့မှကိုအဆင်မပြေတာ
ဟုတ်ကဲ့
အမတို့ အဘွားဆို လက်ချုပ်အပ်တစ်ချောင်းကို နှစ်ပေါင်း ၃၀သုံးသတဲ့ အုန်းဆီပုလင်းထဲမှာ အပ်တွေကို စိမ်ထားတာလေ
မတုယူစရာပါပဲမမရေ။
အသုံး အဖြုန်း မကွဲရင် လုံးလုံးမွဲတတ်သည်
ဟုတ်ပါတယ်ရှင်။
အသုးံနဲ့အဖြုန်းခွဲခြားတတ်ရင်တိုးတက်လာမှာပါ
ဟုတ်ပါတယ်ရှင်။
upvote for me please? https://steemit.com/news/@bible.com/2sysip
သုံးတာနဲ့ဖြုန်းတာကွဲလွဲဖို့ကအရေးကြီးတာပေါ့မမရေ သတိထားရမယ်။
ဟုတ်တယ်မောင်လေးရေ။
အသုံးနဲ့အဖြုန်းခွဲခြားတတ်မှ အဆင်ပြေပြေနေကြလေမည်။
ဟုတ်ပါ့ကိုထွေးရေ။
ရှေးခေတ်လူကြီးတွေ တော်တယ်သမီး
ဟုတ်ကဲ့အန်တီ