Where is free time? (Final Chapter)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ထမင်းစားရင်းနှင့် ကာတွန်းကလည်း ကြည့်သေး၏။ တူတော်မောင်က ပိုဆိုး၏။ နေ့လည် ပန်းချီသင်တန်း မသွားခင် လာသည့် ကာတွန်း စီးရီးကိုလည်း အလွတ်မခံပေ။ ထိုကာတွန်းကလည်း ပန်းချီ သင်တန်း သွားခါနီး အချိန်ထိ လာ၏။ နေ့လည် (၁၂) နာရီခွဲကျော်ကနေ (၁) နာရီ ထိုးခါနီးအထိ လာ၏။ သင်တန်းချိန် မှီအောင် မနည်းကြီး ပြောနေရသေး၏။ သင်တန်းချိန် နောက်ကျလျှင်လည်း ဆရာသမားက သူ့အမေကို ပြောသေး၏။ ကျနော့်ကို စောစောပို့ပေးဖို့ပေါ့။ မှတ်တောင်ထားရဦးမည်။ သူ့သူ ကာတွန်း ကြည့်ပြီး နောက်ကျသည်ကို ကျနော့်ကိုက လွှဲချလိုက်သေး။

နေ့လည် (၁) နာရီပို့။ (၂) နာရီခွဲ တခါ တယောက်ပို့၊ ညနေ (၅) နာရီကျတော့ ပြန်ကြိုနှင့် တော်တော်လေးကို ဟုတ်နေ၏။ ဆိုင်ကယ်လေး ခဏတဖြုတ် မောင်းရုံပဲ ဆိုပေမယ့် ထို ခဏ တဖြုတ်လေးတွေက သေးသေး သေးသေးနှင့် များနေတော့ လုပ်စရာ တခုခု ရှိနေလျှင် တော်တော်လည်း ဒုက္ခရောက်ရ၏။ လုပ်စရာများ၊ ချိန်းထားတာများ ရှိလျှင် သူတို့ကို ကြိုရမည့် အချိန်ကို ချိန်ပြီး ညှိပြီး လုပ်နေရ၏။ သွားချင်သလို သွားမရ၊ နေချင်သလို နေမရေပေ။ လူလွတ် တယောက် ဖြစ်ပေမယ့် အိမ်ထောင်သည် အလား နေထိုင်နေရသလိုပင်။ ကြာတော့ ကိုယ့်ကိုတောင် လူလွတ် ဆိုတာကို မေ့မေ့သွား၏။

တူမလေးကို အကြိုအပို့ အပြင်၊ တူမေလေး၏ အမေ (ကျနော့် အမ) ကိုလည်း ကြိုပို့ လုပ်ပေးရသေး၏။ လွန်ခဲ့သော ရက်ပိုင်းက ကျနော့် ယောက်ဖ ဆိုင်ကယ် တစီးနှင့် ချိတ်မိပြီး နံရိုး တချောင်း ကျိုးထားသဖြင့် တလ၊ နှစ်လလောက် တတ်နိုင်သလောက် ငြိမ်ငြိမ်လေး နေရမည်ဟု ဆရာဝန်က မှာထား၏။ ခါးနေရာနား ဖြစ်သဖြင့် ကျောက်ပတ်တီးလည်း စီးလို့ မရပေ။ ထို့ကြောင့် အမကြီး ရုံးသွား၊ ရုံးပြန်နှင့် သူသွားလိုသည့် နေရာများကို လိုက်ပို့ လိုက်ကြိုပေးနေရ၏။ ကျနော့် အမကြီးက ဆိုင်ကယ် မစီးတတ်ပေ။ အမငယ်က ဆိုင်ကယ် စီးတတ်နေလို့ တော်သေး၏။

P90215-153336.jpg

ကျနော့် အမကြီးကလည်း နေ့တိုင်း သွားစရာကို ရှိနေ၏။ တရက်တလေ လေးတောင် သွားစရာ မရှိသည့် နေ့ မရှိသေးပေ။ တခါတလေ ကလေး ကြိုရမည့် အချိန်နှင့် တိုက်နေတတ်သဖြင့် သူ့ကို အရင်ပို့ အရင်ကြိုထားရ၏။ ကိုယ့် အမကို မပို့ချင်၊ မကြိုချင်လို့ မဟုတ်ပေ။ ကျနော့်မှာလည်း ကျနော်၏ လုပ်စရာများ ရှိသေးသည် မဟုတ်လား။ ကျူရှင်ချိန်များ မရှိတိုင်း လုံးဝကြီး အားနေသည် မဟုတ်ပေ။ ကျူရှင်ချိန်များ မရှိတုန်းလေးတော့ ကျနော်လည်း စိတ်အေး လက်အေး နားချင်သေးသည် မဟုတ်လား။ ခုက လုပ်စရာများကိုလည်း ကောင်းကောင်း မလုပ်ရ၊ နားစရာ ရှိလျှင်လည်း ကောင်းကောင်း မနားရနှင့် ဖြစ်နေ၏။

သူငယ်ချင်းတွေနှင့် သွားဖို့ လာဖို့ လည်ဖို့ ပတ်ဖို့ကိုတောင် မလုပ်နိုင်ပေ။ နီးနီးနားနား ခရီးတိုလေး သွားဖို့ အရေးတောင် သူတို့ကို ကြိုပို့ လုပ်နေရသဖြင့် မဖြစ်နိုင်ပေ။ အပေါ်မှာ ဆိုခဲ့သည့်အတိုင်း အိမ်ထောင်သည်ကြီး တယောက်လိုကို ဖြစ်နေ၏။ လူလွတ် အိမ်ထောင်သည်ပေါ့လေ။ ယခုနှစ် ကျနော့် နွေရာသီ အားလပ်ရက်လေးများသည် ဒီအတိုင်း ကုန်ဆုံးသွားဖို့သာ ရှိ၏။ သူတို့ သင်တန်းက နွေတတွင်းလုံးကိုး။ သင်္ကြန်တွင်းလေး ခဏတော့ ကောင်းကောင်းလေး နားရမည် ထင်၏။ အမတွေနှင့် တူ၊ တူမတို့၏ ကျေးဇူးကြောင့် ကျနော်၏ နွေရာသီလေးသည် ယခင်လို အားအားယားယား မဟုတ်ပဲ တကုတ်ကုတ်နှင့်တော့ အလုပ်ရှုပ်နေရပြီ ဖြစ်၏။

Don Jaun

MSC 31

Sort:  

ဘယ်မှာ မှ မလွတ်လပ်ဘူး
နိဗ္ဗာန်က လွဲ၍ပေါ့

Posted using Partiko Android

Inn ဗျာ။ ဟုတ်သား။

ကိစ္စ များမြောင် ဤလူ့ဘောင်

Posted using Partiko Android

ဟုတ်ပ

Hey @donjaun! Glad to meet you here! Have you tried Partiko? It’s a really cool Steem app! You download it, login using your Steem account, and boom, you can use Steem on your phone!

What’s even cooler is that they reward you Partiko Points for using it, and you can cash it out for STEEM!

Join using this link: https://partiko.app/referral/vintage-m , and you will get 1000 Points as a bonus! Let’s see who can reach 30000 Points first!


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60133.79
ETH 2686.90
USDT 1.00
SBD 2.49