Weekend Movie:: Sanju

in #myanmar6 years ago

FB_IMG_1527335451652.jpg

Weekend Movie:: Sanju

တခါတလေ ဘ၀မှာ ထင်မှတ်မထားသလို ဖြစ်လာတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ လုပ်သလို ဖြစ်မလာတဲ့ အခါ၊ ဖြစ်သလို လုပ်ပြီး၊ ဖြစ်သလို နေလိုက်ဖို့ ကျနော်တို့ အများစု တွေးမိတတ်ကြပါတယ်။ မွန်းကြပ်မှုတွေ များလာတဲ့အခါ ဖောက်ထုတ်ပစ်ဖို့ ထွက်ပေါက်လိုပါတယ်။ မိမိရှာဖွေတွေ့ရှိတဲ့ ထွက်ပေါက်က မှန်ကန်ဖို့ လိုပါတယ်။ စိတ်ညစ်ညူးမှုတွေ ပြေပျောက်သွားပေမယ့် မှားယွင်းသော ဖြေရှင်းမှု နည်းလမ်းတွေက နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်စေပေလိမ့်မည်။

Bollywood မင်းသားတဦး ဖြစ်တဲ့ Sanjay “Sanju” Dutt (Ranbir Kapoor) တယောက် သူ့ သူငယ်ချင်း တရေးဆရာ တဦး ရေးသားပေးထားတဲ့ အတ္ထုပ္ပတိ စာအုပ်ကို လက်ခံ ရရှိဖို့ ရှိပါတယ်။ အုပ်ရေ အများကြီးတော့ မထုတ်ရသေးပါဘူး။ နမူနာ အနေနှင့်ပဲ ထုတ်ဝေ၊ ရေးသားထားတာပါ။ တခြားသူ အကြောင်း မဟုတ်ပါဘူး။ သူ့ (Sanju) ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း ရေးပေးထားတာက အဆင်မပြေပါဘူး။ Sanju ကို India ရဲ့ ဖခင်ကြီး Mahatma Gandi နှင့် ဥပမာပေးပြီး ခိုင်းနှိုင်းရေးဖွဲ့ထားတဲ့ အဖွဲ့ကြောင့်ပါ။ ဆန့်ကျင်ဖက် အရာ (၂) ခုကို ခိုင်းနှိုင်း ရေးဖွဲ့ထားသလို ဖြစ်နေခဲ့ပါတယ်။

ဒါနဲ့ပဲ Sanju ရဲ့ အမျိုးသမီး Manyata Dutt (Dia Mirza) က Sanju ကို အခြား အတ္ထုပ္ပတိ စာရေးဆရာ တဦးနှင့် ဆက်သွယ်ဖို့ အကြံပေးခဲ့ပါတယ်။ တခြားသူ မဟုတ်ပါဘူး။ လန်ဒန်မှာ နေပြီး အတ္ထုပ္ပတိ ရေးရာမှာ ကျွမ်းကျင်ပြီး နာမည်ကြီးတဲ့ Winnie Diaz (Anushka Sharma) နှင့် ဆက်သွယ်ကြည့်ဖို့ သူမက အကြံပေးခဲ့တာ ဖြစ်ပါတယ်။ Sanju တယောက် ဘာလို့ သူ့ အတ္ထုပ္ပတိ စာအုပ် ထွက်ပေါ်လာဖို့ ဒီလောက်ထိ လောနေရတာလဲ။ တခြား မဟုတ်ပါဘူး … တလအတွင်း Sanju တယောက် ထောင် (၅) နှစ်ကျခဲ့ရမှာ ဖြစ်ပါတယ်။ မွန်ဘိုင်းမြို့ ဗုံးကွဲမှုမှာ Sanju တယောက် ပါဝင်နေလို့ပါ။

Sanju-Movie.jpg
photo from Google

Sanju တယောက်ကတော့ ဒီကိစ္စမှာ သူ မပါဝင်ဖူးလို့ အသေအချာ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှ သူ့ကို မယုံကြပါဘူး။ အားလုံး မယုံနိုင်အောင်လည်း သူ့ဘ၀ ဖြတ်သန်းခဲ့ရမှုက အနိမ့်အမြင့် အတက်အကျ များလှပါတယ်။ ခု အတ္ထုပ္ပတိ စာအုပ် ထုတ်ဝေဖို့ အသည်းအသန် လုပ်ဆောင်နေရတာကလည်း ပြစ်ဒဏ်ကို ရှောင်လွဲချင်လို့ မဟုတ်ပါဘူး။ သူ့အကြောင်းကို လူအများ ဖတ်နိုင်အောင်၊ သူ့အပေါ် အမြင်စောင်းနေမှုကို ဖြေလျော့ ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်တာပါ။ အနုပညာ နယ်ပယ်မှာ နာမည်ကြီး သရုပ်ဆောင် တဦး ဖြစ်တဲ့ Sanju ကို အားလုံးက အကြမ်းဖက် သမားဟု တညီတညွှတ်ထဲ ၀ိုင်း သမုတ်ပြီး ခေါ်ဆိုနေကြပါတယ်။

Sanju တယောက် Winnie နှင့် တွေ့ဆုံခဲ့ပြီး သူ့အကြောင်း အတ္ထုပ္ပတိ ရေးပေးဖို့ တောင်းဆိုပါတယ်။ Winnie က မရေးပေးနိုင်ကြောင်း ပြောပါတယ်။ Sanju က လက်မလျှော့ခဲ့ပါဘူး။ သတင်းစာ၊ ဂျာနယ်ထဲလောက်မှာသာ မြင်ဖူး၊ ဖော်ပြဖူးတဲ့ သူ့အကြောင်းလေး နည်းနည်းလောက်နှင့် သူ့ကို ထိုကဲ့သို့ မငြင်းပယ်သင့်ကြောင်း Sanju တယောက် Winnie ကို တောင်းဆိုခဲ့ပါတယ်။ Sanju ရဲ့ ထက်သန်မှုတွေကြောင့် Winnie တယောက် နက်ဖြန်ညနေမှ ထပ်ဆုံပြီး စကားပြော ကြည့်ပြီးမှ ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ပြောပါတယ်။

Sanju နှင့် မတွေ့ခင် Winnie ကို လူတယောက် လာတွေ့ခဲ့ပါတယ်။ Zubin Mistry (Jim Sarbh) ဆိုတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာ တဦး ဖြစ်ပါတယ်။ သူက Winnie ကို Sanju ရဲ့ အတ္ထုပ္ပတိကို မရေးပေးဖို့ ပြောဆိုပါတော့တယ်။ ဘာလို့လဲ Winnie ကမေးတော့ Sanju ဟာ လူကောင်း တယောက် မဟုတ်ကြောင်း မူးယစ်ဆေးလည်း သုံးဖူးကြောင်း အကြမ်းဖက်မှုများတွင်လည်း ပါဝင်ပတ်သက်မှု ရှိနေကြောင်း၊ ထို့ပြင် Sanju ဟာ လိမ်ညာသူ တဦးသာ ဖြစ်ကြောင်း၊ မယုံလျှင် ညနေ ဆုံချိန်မှာ (ကန်တော့ဗျာ) မိန်းမ ဘယ်နှယ်ယောက်နှင့် အိပ်ဖူးလဲလို့ မေးကြည့်လိုက်၊ (၂၀၀) အောက်လို့ ဖြေရင် ဒီကောင် စလိမ်ပြီပဲဟု သတင်းစကားပေးလိုက်၏။

S81111-16575428(1).jpg
photo from Google

Winnie တယောက် ညနေချိန်ကို မစောင့်တော့ပဲ Sanju ၏ အိမ်သို့ လိုက်သွားတော့၏။ Zubin ချပေးလိုက်သည့် မေးခွန်းကို မေးတော့ မိန်းမ (၃၀၀) ကျော်လောက်နှင့် အိပ်ဖူးကြောင်း ဖြေလေ၏။ Zubin ကို သိလားဟု ဆိုတော့ Sanju က သိကြောင်း၊ တချိန်က မိတ်ဆွေ ဖြစ်ကြောင်း ဖြေ၏။ သို့နှင့် Winnie တယောက် Sanju အကြောင်းကို စိတ်ဝင်စားသွားပြီး Sanju ပြောပြသည့် သူ့ဘ၀ အကြောင်းအရာများကို နားထောင်လေတော့၏။

Sanju တယောက် တကယ်ပဲ အကြမ်းဖက်သမားလား၊ ဗုံးပေါက်ကွဲမှုကော သူ ပါဝင် ပတ်သက်ခဲ့သလား၊ သူ့ဘ၀ရဲ့ အလှည့်အပြောင်း အချိုးအကွေ့တွေက ဘယ်လို ဖြစ်မလဲ၊ ဘယ်လောက်တောင် ကြမ်းတမ်းခဲ့တာလဲ၊ အခက်အခဲတွေကို သူဘယ်လို မဖြတ်ကျော်ခဲ့သလဲ ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားပါလို့

ဒီဇာတ်ကားနှင့် ပတ်သက်ပြီး ကျနော် ပေးလိုက်တဲ့ အမြည်းက (၅) ပုံ ပုံရင် (၁) ပုံလောက်ပဲ ရှိပါသေးတယ်။ အမှန်တကယ်တော့ ထပ်ပြောပြချင်ပါသေးတယ်။ သတ်သတ်မယ့် ချန်ထားခဲ့တာပါ။ တကယ်ကြည့်တဲ့အခါ အရသာ ပျက်သွားမှာ စိုးလို့ပါ။ Sanju ဘ၀ကို အပြောင်းလဲကြီး ပြောင်းလဲ စေမယ့် Kamlesh (Vicky Kaushal) အကြောင်းကိုလည်း မိတ်ဆွေတို့ တွေ့မြင် ရှုစားရဦးမှာပါ။ အချိုးအကွေ့များလွန်းတဲ့ Sanju ရဲ့ ဘ၀ထဲမှာ Kamlesh တယောက် တစိတ်တပိုင်း မက အပြည့်အ၀ နီးပါး ပါဝင်နေခဲ့ပါတယ်။ သူတို့် သူငယ်ချင်း (၂) ယောက်ရဲ့ ဂရုစိုက်မှု၊ ချစ်ခင်မှုတွေက အံ့မခန်းပါပဲ။ အမှန်တော့ Kamlesh က ပိုမို ဂရုစိုက်ပေးခဲ့သူပါ။ Sanju က ဆိုးတာကိုး။ ဆိုးတဲ့ ကလေးကို ပိုပြီး ဂရုစိုက်ပေးလေ့ရှိတာက သဘာဝပဲ မဟုတ်လား။ ထောင်ကျနေတဲ့ Sanju ရဲ့ ရေဒီယို အသံလွှင့်မှုကို Winnie နှင့် Kamlesh တို့ နားထောင်ကျတဲ့ အခန်းကတော့ ကျနော့်ကို မျက်ရည်ဝဲစေတဲ့ အထိပါပဲ။ တကယ်ပါ ကျနော့် စိတ်နှလုံးကို ကိုင်လှုပ်နိုင်တဲ့ ဇာတ်ကားတွေကို ပြောရမယ်ဆိုရင် Bollywood ကားတွေက ထိပ်ဆုံးက ပါနေပါလိမ့်မယ်။

Director
Rajkumar Hirani

Cast
Ranbir Kapoor, Paresh Rawal, Vicky Kaushal, Manisha Koirala, Dia Miza, Sonam Kapoor, Anushka Sharma, Jim Sarbh

Don Jaun

MSC 31

Sort:  

ဘောလီဝုတ်ကားတွေ အတော်ကြည့်ကောင်းလာတယ်နော့

အဟုတ်ပဲ အကို

စပွိုင်လာကျီး 😁

အဟီး

အိန္ဒိယကား‌တွေဆို သီချင်းဆိုတာ ကတာကြည့်‌လို့‌ကောင်းတယ်‌။

ဟုတ်ပ

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemFest3 and SteemitBoard - Meet the Steemians Contest

Support SteemitBoard's project! Vote for its witness and get one more award!

ကြည့်​အုံးမယ်​ဗျာ

Posted using Partiko Android

ကြည့်ပါဗျာ။ ကောင်းတယ်။

Bollywood ဇာတ်ကားတွေဟာ အရမ်းကောင်းပြီး ကြိုက်နှစ်သက်စရာ ဇာတ်ကားတွေများပါတယ်။ဒီကားလေးကို အစ်ကိုပြောပြထားတာ အတော်ကောင်းမယ်ဗျာ။ကြည့်အုံးမယ်ဗျာ။

ဟုတ်

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64344.88
ETH 2629.39
USDT 1.00
SBD 2.83