Unicode (Final Chapter)

in #myanmar5 years ago

t5n9axz4v5.jpg

Facebook မှာ Zawgyi ကို bun ဖို့က ခက်သည်ဟု ထင်ရပေမယ့် လွယ်လွယ်လေးပင်။ တာဝန်ရှိသူများက Facebook ဘုတ်အဖွဲ့ကို လှမ်း အကူအညီတောင်းလိုက်လျှင် ရနိုင်သည် မဟုတ်လား။ လွန်လေခဲ့ပြီးသော နှစ်ကာလများကတည်းက Unicode ပြောင်းလဲဖို့ ကြိုးစားနေခဲ့တာ ကြာပြီ မဟုတ်လား။ သို့ပေမယ့် သေသေချာချာ အင်တိုက် အားတိုက် မလုပ်ဆောင် ကြသဖြင့် မအောင် မြင်လာခြင်း ဖြစ်၏။ ယခု တကြိမ်မှာတော့ မည်သို့ ဖြစ်မည် မသိပေ။

အပေါ်ပိုင်းမှာတင် ပြောဆိုနေလို့ မရဘဲ အောက်ခြေထိ ရောက်အောင် ပြောဆို ပြောင်းလဲပေးနိုင်ပါမှ အဆင်ပြေပေလိမ့်မည်။ အများစုက Unicode ကို ခုထိ လက်မခံကြသေးဘူးကိုး။ ကျနော်ကတော့ Unicode ကို လက်ခံပါ၏။ ကြိုဆိုပါ၏။ October (1) ရက်နေ့မှာ အားလုံး က Unicode ကြမည် ဆို၏။ အမှန်တော့ ထိုရက် မတိုင်ခင်ကတည်းက Unicode နေကြပြီ ဖြစ်၏။ ကျနော်ကတော့ မကုတ်နိုင်သေးပေ။

ဆိုခဲ့ပြီးသည့်အတိုင်း ကျနော့် ph က Unicode ကို ဒီအတိုင်း အလွယ်လေး ပြောင်းလို့ မရပေ။ သို့ဆိုလျှင် ခက်နေလို့လား ဆိုပြန်တော့လည်း မခက်ပေ။ သို့ဆိုလျှင် ဘာကို စောင့်နေသနည်းပေါ့။ Update ကို စောင့်နေခြင်း ဖြစ်၏။ update ရပြီးသွားလျှင်တော့ root permission on ပြီး Zawgyi ကနေ Unicode သို့ ပြောင်းလဲ သုံးစွဲမည် ဖြစ်၏။ ခုနေ root permission on ပြီး ပြောင်းလိုက်လျှင် update ကို တိုက်ရိုက် တင်လို့ မရတော့ပေ။ သီးခြား download ဆွဲပြီးမှပဲ တင်လို့ ရမည် ဖြစ်၏။

mgy6jv2i33.jpg

Unicode ပြောင်းလဲရေး တာဝန်ခံများက ကျနော်တို့လို ph အမျိုးအစားများအတွက် root permission on စရာမလိုဘဲ root permission ကို သွားထိစရာမလိုဘဲ Unicode ပြောင်းလို့ ရအောင် လုပ်ပေးလျှင်တော့ အတော်လေး ကောင်းပေလိမ့်မည်။ သို့ပေမယ့် ဒါကလည်း ဖြစ်လာဖို့ မလွယ်သည့် ကိစ္စ ဖြစ်၏။ ထိုသို့ မဖြစ်လာလျှင်လည်း ကိုယ့်ကို Unicode ပြောင်းရုံသာ။ အားလုံးက ကုတ်ကုန်လျှင် ကိုယ်လည်း လိုက်ကုတ်မှ ရမည်ကိုး။ နို့ဆိုလျှင် ကိုယ်တယောက်ထဲ ဖတ်မရ၊ ပြုမရ ဖြစ်နေပေလိမ့်မည်။

ကိုယ့်ပို့တာလည်း သူတို့ ဖတ်မရ၊ သူတို့ ပို့တာလည်း ကိုယ်ဖတ်မရ ဖြစ်နေပေလိမ့်မည်။ converter များနှင့် ဖတ်လျှင် ရပေမယ့် အလုပ် ပိုသည် မဟုတ်လား။ တနိုင်ငံလုံး အတိုင်း အတာ အနေနှင့် ကုတ်နိုင်လျှင်တော့ ကောင်းပါ၏။ ထိုသို့ မဟုတ်ဘဲနှင့်တော့ Unicode တိုက်ပွဲသည် အောင်မြင်နိုင်ဖို့ မလွယ်လှပေ။ အားလုံး တက်ညီ လက်ညီနှင့် လုပ်ဆောင် ပါက အောင်မြင်လိမ့်မည်ဟု မျှော်လင့်ရပါ၏။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ခု ဖုန်းတွေမှာ root ဖောက်ရတဲ့အဖြစ်မျိုးမရှိသလောက်နည်းသွားပါပြီ root ဖောက်ရတယ်ဆိုတာလည်း android version 4 and 5 လောက်တွေပဲလုပ်ရမှာပါ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62922.70
ETH 2543.02
USDT 1.00
SBD 2.83