Uni Uni Code

in #myanmar4 years ago

t5n9axz4v5.jpg

Unicode မယ် Unicode မယ်နဲ့ ခုထိ မပြောင်းရသေးပေ။ ကျနော့် ပတ်ဝန်းကျင်မှ သူငယ်ချင်း အများစု unicode ပြောင်းသုံး ကုန်ကြပြီ ဖြစ်၏။ အနည်းစုကတော့ မပြောင်းကြသေးပေ။ Operator တွေက ပို့သည့် message မှလွဲ၍ ကျန်စာများကို ဖတ်လို့ ရနေသေးသည်ကိုး။ အဓိကက facebook messenger မှာ ZawGyi နဲ့ပဲ ရေးရေး Unicode နဲ့ပဲ ရေးရေး ဖတ်လို့ရနေသေး၏။ App (၂) ခုလုံး latest ဖြစ်နေဖို့တော့ လို၏။ ဘာနဲ့ ရေးရေး Facebook က မိမိ phone နှင့် ကိုက်ညီမည့် font ကို တပါတည်း ပြောင်းပေး၏။ ထို့ကြောင့် unicode နဲ့ ရေးထားလည်း ZawGyi phone တွေက ဖတ်လို့ ရနေသေး၏။ ထို့ပြင် ZawGyi နှင့် ရေးထားသည့် စာများကိုလည်း Unicode သမားတွေ ဖတ်လို့ ရနေသေး၏။

ထို့ကြောင့်ပဲ ခုချိန်ထိ Unicode မပြောင်းရသေးခြင်း ဖြစ်၏။ ရိုးရိုး message app ကနေ အရေးကြီး message ပို့မည့်သူလည်း မရှိသေးဘူးကိုး။ မတော်တဆ ပို့လာရင်လည်း Uni to ZawGyi app နှင့် ပြောင်းပြီး ဖတ်လို့ ရ၏။ ထိုထို အချက်များကြောင့်ပဲ ကျနော် Unicode မပြောင်းရသေးခြင်း ဖြစ်၏။ အမှန်တကယ်တော့ ကျနော် Unicode မပြောင်းရသေးသည့်၊ မပြောင်းဖြစ်သေးသည့် အဓိက အချက်က သတ်သတ် ရှိသေး၏။ Phone update မရသေးလို့ ဖြစ်၏။

mgy6jv2i33.jpg

ကျနော့် phone က root ဖောက်မှ Unicode သုံးလို့ရပေလိမ့်မည်။ root လုပ်လိုက်လျှင် OTA update (တိုက်ရိုက် update) မရတော့ပေ။ Update firmware တခုလုံး download လုပ်ပြီး manual တင်မှသာ ရမယ် ဖြစ်၏။ ထိုသို့ တင်လျှင် root ပျောက်သွားပြီး အခန့်မသင့်လျှင် data တွေပါ ပျောက်သွား၊ ပျက်သွားနိုင်၏။ ယခု အခါ flyme update က beta အဆင့် ချပေးနေပြီ ဖြစ်။ ကျနော့် phone က flyme 7.3.0 ဖြစ်၏။ ခု beta update က flyme 8 အတွက် ဖြစ်၏။ တချို့ ph model တွေမှာတော့ daily beta update ရနေပြီ ဖြစ်၏။ ကျနော့် phone model အမျိုးအစားကတော့ မရေသေးပေ။ (၁၁) လပိုင်းထဲ ရမည်ဟုတော့ ပြော၏။

ထို့ကြောင့် root မလုပ်သေးဘဲ စောင့်နေခြင်း ဖြစ်၏။ Update တင်ပြီးမှ တပါတည်း root လုပ်လိုက်လျှင် ပိုပြီး ကောင်းသည်ကိုး။ (၂) ခါလည်း အလုပ် မရှုပ်တော့ဘူးပေါ့။ flyme 8 ရပြီး flyme 9 ထွက်လာဖို့က တော်တော် လေး ကြာပေလိမ့်ဦးမည်။ Meizu က update ကြာသည့် phone အမျိုးအစား ဖြစ်၏။ ကိုယ်က facebook နှင့် messenger မှာ ZawGyi ကော Unicode ကော ဖတ်လို့ ပြောလို့ ရနေသေးသဖြင့် unicode မပြောင်းသေးပေမယ့် အဆင်မပြေ ဖြစ်ရသည့် နေရာက ရှိသေး၏။ အခြား မဟုတ် Steemit မှာ ဖြစ်၏။ Steemit က ကျနော့် အမျိုးတွေ အားလုံးနီးပါး unicode ကုန်ကြပြီ ဖြစ်၏။ ကိုဟင်၊ ကိုဟိန်း၊ ဦးထွေး အစရှိသည့်သူများ Unicode ကုန်ကြပြီ ဖြစ်၏။

ကိုဟင်တောင် မနေ့က ကျနော့် ပိုစ့် အောက်မှာ လာမန့်ထား၏။ Unicode မသုံးသေးဘူးလားတဲ့။ သုံးတော့ သုံးပါမည်။ အထက်မှာ ကျနော် ပြောခဲ့ သလိုပေါ့။ update လုပ်ပြီးမှ ဆိုတော့ (၂) လလောက်တော့ ကြာဦးမည် ထင်၏။ လောလောဆယ် ကြားထဲ တင်မည့် ပိုစ့်များကို uni to zawgyi converter သုံးပြီး unicode အဖြစ် ပြောင်းတင် ရပေလိမ့်ဦးမည်။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64455.55
ETH 3147.84
USDT 1.00
SBD 3.94