ဂျင်းရွှေ

in #myanmar6 years ago

FB_IMG_1527335451652.jpg

မနေ့က သူငယ်ချင်း၏ phone ဆိုင်သို့ အသိတယောက်လာသွား၏။ ကျနော် သူငယ်ချင်း၏ ဆိုင်ရောက်တော့ သူတို့ မရှိတော့။ ကျနော်နှင့် ရှေ့ဆင့် နောက်ဆင့်လေး လွဲသွား၏။ ကျနော့်အသိသည် သူ့အသိနှင့် လာခြင်း ဖြစ်၏။ phone လာပြခြင်း ဖြစ်၏။ phone ဆိုင်ကို phone လာပြတာများ အထူးအဆန်း လုပ်လို့ဟု ပြောစရာ ရှိ၏။ လာပြသည့် phone က iphone 8+ ဖြစ်၏။ အသစ်မဟုတ် second hand ဖြစ်၏။ သို့သော် အသစ်အတိုင်း နီးပါး ဖြစ်၏။ နိုင်ငံခြားသား တယောက်ထံကနေ ၀ယ်လိုက်ခြင်း ဖြစ်သည်ဟု ဆို၏။ ထို phone နှင့် ပတ်သက်ပြီး သူငယ်ချင်းဆိုင်သို့ သူတို့လာမေးခြင်း ဖြစ်၏။ သူငယ်ချင်းက phone ကိုတောင် ကိုင်မကြည့်ပဲ အမြင်နှင့်တင် clone (အတု) ကြီးဟု ဖြေပေးလိုက်၏။ သူတို့ စိတ်ညစ်စွာ ပြန်သွားကြ၏။

ကျနော့်အသိရဲ့ သူငယ်ချင်း၏ အဒေါ်မှ ထို phone ကို ၀ယ်ထားခြင်း ဖြစ်၏။ မနေ့ ရှေ့တနေ့က ထိုအဒေါ်သည် အိမ်မှာ ရှိနေ၏။ ၀န်ထမ်းအိမ်ယာလိုမျိုး လိုင်းခန်းမှာ နေကြသည် ဆို၏။ ထိုလိုင်းခန်း ရှေ့၌ ဓါတ်ဆီဆိုင်၊ မုန့်ဆိုင်၊ ဆိုင်ကယ် ပြင်ဆိုင် စသည်ဖြင့် တပိုင်တနိုင် ဆိုင်သေးလားများ ရှိ၏။ ထိုအဒေါ်နှင့် အခြားအသိများသည် ထိုဆိုင်များထဲက တဆိုင်ဆိုင်မှာ ထိုင်နေကြလိမ့်မည်။ ထိုစဉ် နိုင်ငံခြားသား (တရုတ်) တယောက် ယောက်လာပြီး ငွေလိုလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ သူ့ phone လေး ရောင်းချင်ကြောင်း ပြော၏။ iphone 8+ 256 GB ဖြစ်ကြောင်း၊ အလွန်ကောင်းကြောင်း မိမိမှာ အရေးပေါ် အသုံးလိုနေသောကြောင့်သာ ပြန်ရောင်းရခြင်း ဖြစ်ကြောင်း ထော့နင်းထော့နင်း English စကားဖြင့် ပြော၏။

FB_IMG_1539949025432.jpg
photo from Facebook

Iphone ဆိုသည်နှင့် ထိုအဒေါ်သည် ခေါင်းထောင်သွား၏။ ဘယ်လောက်လဲ ဆိုတော့ ဟိုနိုင်ငံခြားသားက (၄) သိန်းဟု ဆို၏။ 8+ ကို (၄) သိန်းကတော့ တအားတန်လွန်းနေသည် ထင်မိ၏။ Iphone အကြောင်း သေချာ မသိသော်လည်း ဈေးကြီးမှန်းတော့ သိ၏။ သူမ ကြားထားတာတော့ 8+ သည် (၁၀) သိန်း နှင့် (၁၅) သိန်း ကြား ရှိသည် ဆို၏။ second ဆိုလျှင် (၈) သိန်း၊ (၉) သိန်းလောက်တော့ ရပေလိမ့်မည်။ ထိုကဲ့သို့သော် phone ကို (၄) သိန်းနှင့် ရမည် ဆိုတော့။ သို့သော် နည်းနည်းတော့ ထပ်စစ်ကြည့်ဦးမယ်ဟု တွေးပြီး (၃) သိန်းရလျှင် ယူမည် ဟု ဆိုလိုက်၏။ ထိုအခါ ထိုနိုင်ငံခြားသားလည်း အတန်ငယ် စဉ်းစားပြီးနောက် သက်ပြင်းရှည်ကြီးချကာ အိုကေ ဟု ဆိုပြီး အရောင်းအ၀ယ် ဖြစ်သွားကြ၏။

ထိုအဒေါ်၏ တူတော်မောင် ပြန်လာတော့ သူမ iphone 8+ 256 GB ကြီးကို (၃) သိန်းနှင့် ၀ယ်ထားကြောင်း ကြွား၏။ phone အကြောင်း အတန်ငယ် သိသော တူမောင်က အဒေါ်၏ phone ကို တောင်းယူ ကြည့်၏။ သိပ်တော့ မသင်္ကာချင်ပေ။ သို့သော်မယ့် i-devices များနှင့် အလှမ်း ဝေးသူ ဖြစ်ရကား၊ အသိ (ကျနော့် သူငယ်ချင်း) ကို ထပ်မေးရပြန်၏။ ကျနော့် သူငယ်ချင်းကတော့ clone ဟု ယူဆ၏။ သို့နှင့် ပိုသေချာအောင် phone ဆိုင်သို့ လာခဲ့ကြခြင်း ဖြစ်၏။ ယခုတော့ သူတို့ (၂) ယောက်၏ အထင်သည် သေချာသွားတော့၏။ အဒေါ်သည် iphone clone ကို မှားဝယ်မိလေပြီ။ ခေတ်စကားနှင့် ပြောရလျှင် ဂျင်းမိသွားပြီ ဖြစ်၏။

FB_IMG_1539949009738.jpg
photo from Facebook

ထိုသတင်းကို ကြားရတော့ ထို အဒေါ်အတွက် စိတ်မကောင်းလည်း ဖြစ်သလို၊ အားမလို အားမရလည်း ဖြစ်မိ၏။ online မှာ ထိုကဲ့သို့ နိုင်ငံခြားသား ပုံစံဖြင့် (တကယ်နိုင်ငံခြားသား ဟုတ်လျှင်လည်း ဟုတ်မည်) laptop လိမ်ရောင်းလိုက်၊ phone လိမ်ရောင်းလိုက် လုပ်နေကြသည်ကို မသိကြ၊ မကြားမိကြဘူးလား။ Facebook သုံးသူ အဖို့၊ အနည်းနှင့်အများတော့ ထိုသတင်းကို ကြားမိမည်ဟု ကျနော်ထင်၏။ ဈေးက တအားကြီး သက်သာလွန်း၊ တန်လွန်းနေလျှင် တခုခုတော့ တခုခုပဲဟု သံသယ၀င်သင့်၏။ မ၀ယ်ခင် တက်သိနားလည် ကျွမ်းကျင်သူကို အရင်ပြသင့်၏။ ယခုတော့ မိမိလောဘစိတ်က မိမိကို ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီ မဟုတ်လား။

နိုင်ငံခြားသားကြီးဟ၊ Iphone ကြီးဟ ဆိုသည့် အချက်များက သူမ၏ အမှန်မြင်နိုင်စွမ်းကို မှုန်ဝါးသွားစေ၏။ မြန်မာနိုင်ငံရှိ အချို့သော လူအချို့သည် မြန်မာအချင်းချင်းကိုသာ အထင်မကြီးချင်နေကြမည် နိုင်ငံခြားသား ဆိုလျှင်တော့ လွှတ်အထင်ကြီး ချင်ကြ၏။ ထိုအထင်ကြီးစိတ် အခံနှင့် ယုံကြည်မိတော့၏။ ထို့ပြင် iphone 8+ ကို ဈေးသက်သက်သာသာနှင့် ရမည် ဆိုသည့် နောက်ဆက်တွဲ လောဘက သူမကို ပိုဆိုးသွားစေတော့၏။ အသားလွတ် အထင်ကြီးသည့် စိတ်၊ ယုံကြည်လွန်းသည့် စိတ်နှင့် လောဘ စိတ်တို့သည် ဆုံးရှုံးမှုများကို ဖြစ်ပေါ်၊ ဖြစ်ပွားစေတော့၏။ ကိစ္စရပ်တိုင်းကို သေချာဝေဖန်ပိုင်းခြားနိုင်မှသာ နစ်နာ ဆုံးရှုံးမှုများကို ရှောင်လွှဲနိုင်မည် ဖြစ်၏။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

Don Jaun

MSC 31

Sort:  

နိုင်ငံခြားသားလည်းမှာလည်း ဂျင်းနဲ့ပါ

ဟုတ်တယ်

ဂျင်းမိသွားပြီ​လေ တန်​တာကို ကြိုက်​တာကိုဗျာ 😳

Posted using Partiko Android

အေးဗျာ

😊😊

Posted using Partiko Android

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of posts published
Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Resteem and Resteemed added

Support SteemitBoard's project! Vote for its witness and get one more award!

‌သြော်မလွယ်‌ပါ့လား ဗျာ ။ နှေ မြာစရာ။

ဟုတ်တယ်

နှေ မြာလိုက်တာ ဆိုင်သွားဝယ်ရင် အဲ့ဈေးဆို အသစ်စက်စက်ရတယ်နော်

ဟုတ် တခြား အမျိုးအစား တော့ ရမယ်ဗျ။ 8+ အသစ်တော့ အဲ့ဈေးနဲ့မရဘူးရယ်။ second ဆိုလည်း အဲ့ဈေးနဲ့ မရဘူး။

ငမ့် လိမ်နည်း အသစ်တွေပါလားဟင်😏

Posted using Partiko Android

ဟုတ်ပ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60063.85
ETH 2313.06
USDT 1.00
SBD 2.46