ကျနော်နှင့် ဆိုင်ကယ် (Chapter 2)

in #myanmar6 years ago

FB_IMG_1527335451652.jpg

ပုံဟောင်းဘီးကလေးကို (၂) နှစ်လောက် စီးပြီး သကာလ ထို ဘီးလေးကို ကျနော် ရောင်းထုတ်လိုက်၏။ ပိုက်ဆံ နည်းနည်း ထပ်စုပြီး နောက်ထပ် ဆိုင်ကယ် တစီး ထပ်ဝယ်ဖို့ ပြင်ဆင်ရ၏။ လက်ထဲရှိတဲ့ ငွေလေးနှင့် ဘယ်လို ဘီးမျိုး ၀ယ်ရမလဲကို ရွေးချယ် စဉ်းစားနေရ၏။ သို့နှင့် fino အော်တိုဘီးလေးကို ၀ယ်စီး ဖြစ်၏။ အမှန်တော့ ကျနော်သည် အော်တိုဘီးများကို မကြိုက်ပေ။ ဂီယာချိန်းစရာမလိုသဖြင့် ငပျင်းများသာ စီးသည့် ဘီးဟု ယူဆထား၏။ မည်သို့ပင် မနှစ်သက်ပေမယ့်လည်း ထိုဘီးကို ၀ယ်ဖြစ်သွား၏။ ၀ယ်ပြီးသွားနောက် တကယ်စီးဖြစ်တော့ ထိုဘီးကို ကျနော် နှစ်သက်သွား၏။ ဂီယာချိန်းစရာမလိုပဲ လီဗာလေးကိုသာ ထိုင်ပြီး ဆွဲပေး နေရုံဖြင့် လိုရာခရီးကို သက်တောင့် သက်သာ ရောက်နေနိုင်သည်ကိုး။ ကျနော် ငပျင်း တယောက် ဖြစ်သွားပြီ ဖြစ်၏။

ယခင်ဘီးထက် သက်တောင့်သက်သာ ဖြစ်ပေမယ့် ဆီက ယခင်ဘီးထက် ပို၍ ကုန်၏။ ဂီယာက သူ့သူ အော်တို ချိန်းသည်ဆိုတော့ အတက်လေး နည်းနည်း၊ အရှိန်လေး နည်းနည်း လျော့သွားလျှင် အနှီဘီးက သူ့သူ ဂီယာချိန်းနေသောကြောင့် သာမန် ဂီယာဘီးများထက် ဆီပိုကုန်၏။ ထို့ပြင် ကျနော် စာသွားသင်ရသည့် နေရာများသည် ကျနော့် အိမ်နှင့် အတော်အတန် လှမ်းသည့် နေရာများ ဖြစ်နေသောကြောင့် ကျနော့်မှာ ဆီဖိုးကြည့်ကြည့် တရက် တထောင်လောက် ကုန်နေတော့၏။

P80902-153815.jpg

ယခင်က သိပ်မကြိုက်ပေမယ့် လက်ထဲ ရောက်ပြီး မကြာမီမှာပင် ထိုဘီးကို နှစ်သက်သွား၏။ အနှီ ဆိုင်ကယ်၏ ပုံစံက ကျနော်ကြိုက်သည့် ကာတွန်းကားထဲက ဆိုင်ကယ်နှင့် တူနေ၏။ ထို့နောက် ကျနော်သည် ထိုဆိုင်ကယ်လေးကို sticker များ ကပ်ပြီး modify လုပ်တော့၏။ တချိန်တည်း တပြိုက်နည်ထဲ အားလုံးကို ကပ်ခြင်း မဟုတ်ပဲ ဖြည်းဖြည်းချင်းစီ နည်းနည်းချင်းစီ ကပ်ခြင်း ဖြစ်၏။ ရှေ့ခေါင်းလေး ကပ်လိုက်၊ နောက်ခြမ်းလေး ကပ်လိုက်၊ ဘေးခြမ်းလေး ကပ်လိုက်နှင့်ပေါ့။ မီးခွက်တွေကိုလည်း အလွတ်မပေးပဲ ကပ်ပြန်၏။ sticker အကပ်ကောင်းလွန်းသောကြောင့် sticker ဆိုင်က ညီလေးနှင့်တောင် အတော်ရင်းနှီးခင်မင်သွား၏။ သူကလည်း ကျနော့်ဆိုင်ကယ်ကို စေတနာထားပြီး သေချာလေး ကပ်ပေး၏။ ခင်မင်ရသော အကိုတယောက်ကတောင် ဆိုင်ကယ်ပြန်ရောင်းရင် ဆိုင်ကယ်ဖိုး မတောင်းနေနဲ့၊ sticker ဖိုးပဲ တောင်းတော့ကွာဟု စနောက်ရလောက်အောင် ကျနော် sticker ကပ်လွန်းခဲ့၏။

Sticker ကို ရိုးရိုး sticker မဟုတ်ပဲ မီးစုန်း sticker များ ကပ်၏။ ထို မီးစုန်း sticker က ညဖက် မီးရောက်ထိုးမိလျှင် ရောင်ပြန်၏။ လင်း၏။ ထိုမီးစုန်း sticker သည် တရုတ်နှင့် ယိုးဒယား ဆိုပြီး (၂) မျိုးလာ၏။ တရုတ်က ဈေးသက်သာ၏။ ဈေးကွာ သလို အရည်အသွေးကလည်း ကွာ၏။ တရုတ် sticker က ခဏလေးနှင့် ကွာခြင်း၊ ပျက်ခြင်း၊ အရောင်လွင့်ခြင်းများ ဖြစ်ပေမယ့် ယိုးဒယား sticker ကတော့ ချွန်သည့် အရာ တခု ခုနှင့် မထိုးမိ မထိမိ သရွေ့၊ ကိုယ်ကိုတိုင်က မခွာသရွေ့ မကွာမပျက်ပေ။ နေ၊ ရေ၊ လေ မိသော်လည်း sticker ၏ အရောင်သည် တော်တော်နှင့် မလျော့သွားပေ။ အချိန်ဘယ်လောက် ကြာသွားသွား အရောင်မလွင့်သွားပေ။ ထိုဆိုင်ကယ်လေးကို ပြန်ရောင်းလိုက်ချိန်ထိကို sticker များက အရောက်တောက်နေသေး၏။ ကျနော့် လက်ထဲမှာ အနှီ fino လေးသည် (၃) နှစ်လောက် နေခဲ့၏။ မနေ့ကတော့ ထို ဘီးလေးကို ရောင်းလိုက်၏။

P80902-153758.jpg

ငွေလိုနေသည်ထက် ဒီအတိုင်း မစီးဖြစ်တော့သောကြောင့် ရောင်းလိုက်ခြင်း ဖြစ်၏။ ပြီးခဲ့သော နှစ်က ကျနော် Honda Dream 125 တစီး ၀ယ်ထား၏။ fino ထက်စာလျှင် ထို 125 က ဆီစားသက်သာသောကြောင့် 125 ကို ပိုစီးဖြစ်၏။ ထို့ကြောင့် သိပ်ပြီး မစီးဖြစ်တော့သော fino လေးကို ရောင်းလိုက်၏။ ရောင်းသာ ရောင်းလိုက်ရသည် အမှန်တော့ သိပ်မရောင်းချင်ပေ။ သို့သော် စီးကလည်း မစီးဖြစ်ပေ။ ကြာလျှင် ဘီးဈေးက ဒီထက်ကျဖို့သာ ရှိ၏။ ယခင် ပုံဟောင်းဘီလေး ရောင်းလိုက်တုန်းကလည်း ထိုကဲ့သို့ ခံစားရ၏။ ယခု fino လေးကို ရောင်းတော့လည်း စိတ်မကောင်းပေ။ မကြာခဏ ထိုဘီးလေး ရပ်ထားခဲ့ဘူးသည့် နေရာလေးကို ကြည့်ကြည့်နေမိ၏။ သက်ရှိမပြောနှင့် သက်မဲ့တောင် သံယောဇဉ် တွယ်မိသွားလျှင် ဖြတ်ဖို့ မလွယ်လှပေ။

သံယောဇဉ် ဖြတ်ရခက်အောင်လည်း ကျနော် ၀ယ်စီးလိုက်သည့် ဆိုင်ကယ်တိုင်းသည် တာဝန်ကျေလွန်းကြ၏။ ကျနော်ကိုယ်တိုင်ကလည်း သူတို့ကို ရိုရိုသေသေနှင့် ဂရုစိုက်သလို သူတို့ကလည်း ကျနော့်ကို ပြန်ကြည့်ပေး၏။ အရပ်စကားနှင့် ပြောရလျှင် ညဉ်ကောင်းသည်ဟု ဆိုရပေမည်။ ဆိုင်ကယ်ဘီးပေါက်လျှင်တောင် လေထိုး ကျွတ်ဖာဆိုင်နှင့် ဘယ်တော့မှ အဝေးကြီးမှာ မပေါက်ပေ။ အနည်းငယ်တွန်းလိုက်ရုံနှင့် ရောက်သည့် နေရာတွေနားမှာသာ ပေါက်၏။ ကျနော်သည် တခါမျှ သူများကို မတိုက်ပေ။ ကျနော်က မတိုက်ရပဲ သူများကပဲ လာလာ တိုက်နေကြ၏။ လာလာတိုက်တယ် ဆိုရအောင်လည်း အကြိမ်အရေအတွက် အားဖြင့် လက် (၅) ချောင်းပင် မပြည့်ပေ။

တကယ်တမ်းပြောရလျှင် သူများလာတိုက်သည့် အကြိမ်ထက် စာလျှင် ကိုယ့်ဟာကို ဆိုင်ကယ် လဲနေသည်က များ၏။ မိုးရွာပြီး စလစ်ဖြစ်လို့၊ ရှေ့ဘီး ချိုင့်ထဲရောက်ပြီး လက်ကိုင်ယမ်းသွားလို့ စသည့် ကိစ္စလေးများကြောင့် ဆိုင်ကယ်လဲ၏၊ မှောက်၏။ သို့ပေမယ့် တအားကြီး ပျက်စီးသွားခြင်းမျိုး မရှိပဲ၊ ကာဘာများ ဆေးအနည်းငယ် ပွန်းသွားခြင်းမျိုးလောက်သာ ဖြစ်၏။ ကျနော့်လက်ထဲမှာ ကြီးကြီးမားမား ပျက်လို့ဆိုပြီး ပြင်ခဲ့ရတာမျိုးမရှိပေ။ ဆိုင်ကယ်ကို လုံးဝ ပုံကျသွားမှ ပြန်သည် ထက် နည်းနည်းကောင်းနေသေးကတည်းက သေချာ စစ်ဆေးပြီး လိုအပ်သည်များကို ဖြည်းဖြည်းချင်း၊ နည်းနည်းချင်းစီ ပြင်သွားသည်က ကျနော့် အကျင့် ဖြစ်၏။ ယခုတော့ (၃)နှစ်လောက် ကျနော့်အနားမှာ နေပြီး ကျနော် လိုရာခရီးကို ပို့ပေးခဲ့သော၊ ကျနော်နှင့် အဖော် အဖြစ် နေပေးခဲ့သော fino လေး ကျနော့် အနားမရှိတော့ပေ။ အခြားတပါးသော ပိုင်ရှင်လက်ထဲသို့ ရောက်သွားပြီ ဖြစ်၏။ မည်သို့ပင် ဆိုစေ ကျနော်သည် ကျနော့် fino လေးကို သတိရနေဦးမည်မှာ အသေအချာပင် ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

သုံးနှစ်​​လောက်​စီးခဲ့တဲ့ဆိုင်​ကယ်​ဆို​တော့သံ​ယောဇဉ်​ဖြစ်​​လောက်​ပါတယ်​....

ဟုတ်
ခုတောင် သတိတွေ ရနေတာ

ဖုန်း ကလိပြီးတော့ ဆိုင်ကယ် ကလိတော့ပြီ
တော်တော်ကလိနိုင်သူကြီးပါတကား...

fino လေးစီးရတာမိုက်တယ် ဒါမယ့်မစီးတတ်တာခက်ပါတယ်အုဒွန်ရာ

ငှယ့်
အဲ့ဆို သက်လျာကမောင်းပြီး ပြည့်က လိုက်စီး အဲ့လိုလား

အရာရာကို ကလိတတ်​သူကြီးပါဗျာ😁😁

အဟီး

Congratulations @donjaun! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemFest³ - SteemitBoard support the Travel Reimbursement Fund.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

စက်ဘီးလေး တစ်စီးသာရှိတုန်းက ဆိုင်ကယ်နောက်လိုက်တဲ့ ချစ်သူရယ်

ခြေထောက်နဲ့ဂီယာမချိန်းရရင် ဘယ်ဆိုင်ကယ်မှ မစီးချင်ဘူး... ဟီးဟီး အဲ့ဒါကြောင့် မန်းလေးရောက်တာ ၁ နှစ်ကျော်ပီ ခုထိ အိမ်က တရုတ်ကလစ် ဆိုင်ကယ်လေးကို စီးကိုမကြည့်တာ...။

ဖြစ်ရမယ်

သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် မိမိနဲ့ အတူနေပါများရင် သံယောဇဉ်တွယ်တတ်ကြတယ် ဦးဇင်းဆို ၄ တန်းလောက်ကတည်းက စီးခဲ့တဲ့ ကလေးစီး mountain စက်ဘီးလေး ၁၀ တန်းထိစီးခဲ့တယ် ခုဦးဇင်းဝတ်နေတာတောင် မရောင်းခိုင်းဘူး ဒီအတိုင်းပဲ ထားခိုင်းမိတယ် ရောင်းလိုက်ရမှာကို ရင်ထဲမှာ ခံစားရခက်နေတုန်းပဲ

တင်ပါ့ ဘုရား
သံယောဇဉ်က ဖြတ်ခက်တယ် နော့် ဘုရား

ဟုတ်တယ်....ရောင်းပီးပေမယ့် သတိရနေတုန်းပဲ။

ဟုတ်ပ

အဟိ ဝါသနာတူတယ်​ ကလိတာကို

ရိုက်လိုက်ပါဦး
🙌

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63326.84
ETH 2648.69
USDT 1.00
SBD 2.82