Take Care

in #myanmar5 years ago

t5n9axz4v5.jpg

မိုးက ရက်ဆက် ရွာ၏။ ရာသီဥတု အခြေအနေကြောင့်အပြင် ဖျားလေ့ ဖျားထ ရှိသော ရာသီ ဖြစ်သဖြင့် အများစု ဖျားကြ၏။ ကလေး သူငယ်များက ပိုပြီး ဖျားကြ၏။ မိုးကြောင့် အအေးမိ ဖျားခြင်းထက် ခြင်ကိုက်သော်ကြောင့် သာပြီး ဖျားကြ၏။ ကလေးများကို ခြင်မကိုက်အောင် သတိထားပေးဖို့ လို၏။ ဂရုစိုက်ဖို့ လို၏။ သွေးလွန် တုပ်ကွေးဖြစ်လျှင် အန္တရာယ် များလှ၏။ အသက် အန္တရာယ် ပါ စိုးရိမ်ရသည် မဟုတ်လား။

တလောကပင် ကျနော့် သူငယ်ချင်း၏ သမီးငယ်လေး သွေးလွန်တုပ်ကွေး ဖြစ်၏။ ဆေးရုံ တင်ရသည် အထိကို ဖြစ်ခြင်း ဖြစ်၏။ သေသေချာချာ ကြပ်မတ်ကုသနိုင်သဖြင့် သက်သာ သွားခြင်း ဖြစ်၏။ ဒါတောင် ဆေးရုံ တပတ်လောက် တက်လိုက်ရ၏။ သူငယ်ချင်းတို့ လင်မယားမှာလည်း စိတ်မော၊ လူမောတွေ ဖြစ်သွားရ၏။ ကလေး က (၂) ယောက် ရှိသဖြင့် နောက်တယောက်ကိုပါ ဂရုစိုက် စောင့်ရှောက်ပေးရသေးသည်ကိုး။ ထို့ကြောင့် အမေက ဆေးရုံမှာ သမီးနှင့် အချိန်ပြည့်နေပြီး အဖေကတော့ သားကို ဂရုစိုက်ပေါ့။

ကျနော်တို့ သူငယ်ချင်း တစုလည်း ဆေးရုံသို့ သွားပြီး အားပေးခဲ့၏။ ယခုတော့ ဆေးရုံက ဆင်းရပြီ ဖြစ်၏။ ကလေးလည်း လုံးဝ ပျောက်သွားပြီ ဖြစ်၏။ မဖြစ်အောင် ဂရုစိုက်ထားဖို့ လို၏။ မဖြစ်ခင် ဆိုသည့် စကားက အပြောသာ လွယ်၏။ တကယ့် တကယ် ကြုံလာပါက ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိ ဖြစ်လေ့ ရှိ၏။ ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းသည် ဆိုပြီး ပြောကြသည် မဟုတ်လား။ တဦးတယောက်ထဲက ကာကွယ်လို့ မရပေ။ ခြေကိုက်ခြင်းကြောင့် ဖြစ်ရသည့် ရောဂါများကို ကြိုတင် ကာကွယ်နိုင်ဖို့ တဦး တယောက်ထဲ လုပ်လို့ မရပေ။

မိမိ အိမ် တခုတည်း ကွက်ပြီး ကာကွယ်လို့ မရပေ။ မိမိ ပတ်ဝန်းကျင်ကပါ ပါဝင်ကြဖို့လို၏။ ရပ်ကွက်၊ မြို့၊ တိုင်းပြည်နယ်မှသည် နိုင်ငံအဆင့်ထိ လုပ်ဆိုင်နိုင်ဖို့ လို၏။ သွားရင်းလာရင်းနှင့် ကလေး ဆေးခန်းများ၌ ဆေးခန်း ပြရန် စောင့်နေသည့် ကလေးများ များစွာ တွေ့ရ၏။ အခြား ရာသီထက် မိုးရာသီမှာ ဖျားနာသည့် ကလေး ပိုများသည် မဟုတ်လား။ ရာသီအဖျားဆိုလျှင် သိပ် ပြဿနာ မရှိလှပေမယ့် အထက်မှာ ပြောခဲ့သည့်အတိုင်း သွေးလွန်တုပ်ကွေး ဆိုပါက သတိထားဖို့ လို၏။

ထို့ကြောင့် သွေးလွန် တုပ်ကွေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း၊ ဗဟုသုတများ ဝေမျှခြင်း၊ ကြိုတင် ကာကွယ်ခြင်းများ လုပ်ဆောင်ကြဖို့ လို၏။ သို့မှသာ ကျနော်တို့၏ ကလေးငယ်များ သွေးလွန်တုပ်ကွေး ဖြစ်ခြင်းမှ ကင်းဝေးပြီး ကျန်းမာ ပျော်ရွှင် ရပေလိမ့်မည်။

Don Jaun

MSC 31

Sort:  

ဤရာသီ၌ ဆရာဝန်တို့ ငွေရွှင်၏

Posted using Partiko Android

ဟုတ်ပ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.034
BTC 63521.22
ETH 3319.09
USDT 1.00
SBD 3.91