Summer (Chapter 2)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဝင်ခွင့် ဖြေပြီး ပြန်တော့လည်း မပြီးသေးပေ။ အောင်သည့် ကလေးများက ထို ကိုယ်ပိုင်ကျောင်းကို တက်ခွင့် ရမည် မဟုတ်လား။ ထိုအောင်သည့် ကလေးများသည် စာများ ထပ်ပြီး သင်ရပြန်၏။ မိမိ အိမ် မိမိ အရပ်မှာပဲ ဖြစ်၏။ သင်ကြားရမည့် စာများကို သူတို့က စာရွက်ထုတ်ပေးလိုက်၏။ ဘာတဲ့ မှတ်ချက်တောင် ပါသေး။ မိမိမြို့မှာ ရှိသည့် အကောင်းဆုံး ဆရာနှင့် သင်လာခဲ့ပါတဲ့။ (၃) ပုံ (၂) ပုံလောက် ကိုယ့်ခြေ ကိုယ့်လက်နှင့် လုပ်လာခဲ့ရပြီး သူတို့က (၃) ပုံ (၁) ပုံလောက်လေး လုပ်ပေးဖို့လောက်သာ ကျန်သည် မဟုတ်လား။ ကျနော်ကတော့ အညွှန့်ခူးစားသည်ဟု မြင်မိ၏။

ထားပါလေ။ သူ့အရပ်နှင့် သူ့ဇာတ် အဆင်ပြေနေသည်ကို ကျနော်က ကြားထဲက ဘာ နာနေစရာ ရှိမည်နည်း။ ကလေးတွေ အတွက် စိတ်မကောင်းသည်ကတော့ အမှန်ပင်။ ရသည့် တလခွဲ အချိန်လေးကို ရသလို၊ ရလောက် သင်ယူသွားရ၏။ သင်ပေးရသည့် ကျနော်တို့လို ဆရာများ အတွက် သိပ်ပြဿနာ မရှိလှပေမယ့်။ သင်ယူရသည့် သူတို့ အဖို့တော့ ပင်ပန်းလှ၏။ ကျနော်တို့ အတွက်လည်း နည်းနည်းတော့ ခေါင်းစားရ၏။ သင်စရာ ရှိသည်များကို ထိုရသည့် အချိန်လေးအတွင်းမှာ ကလေး နားလည်သွားအောင်၊ သိရှိသွားအောင် သင်ပေးရမည်ကိုး။ ထို့ပြင် ကလေး၏ ခံနိုင်စွမ်း၊ သင်ယူနိုင်စွမ်းနှင့်လည်း ချိန်ဆရသေး၏။

ပြီးခဲ့သည့် (၂) နှစ် ဆက်တိုက် နွေရာသီမှာ ကျနော် မနားလိုက်ရပေ။ ဒီတနှစ်တော့ မသိသေးပေ။ သင်လိုသည်ဆိုပြီး ပြောသူ ရှိလာလျှင်တော့ သင်ပေးရဦးမည် ဖြစ်၏။ စနစ်ကို မည်သို့မှ မကြိုက်ပေမယ့်လည်း ဒီ စနစ်ကြီးမှာပဲ အသားကျအောင် နေထိုင်ရင်း ကလေးတွေကို တက်နိုင်သလောက် ထိန်းကျောင်း တည့်မတ်ပေးရဦးမည် မဟုတ်လား။ တလက်စတည်း အနှီ စနစ်ကြီး ပြောင်းလဲသွားနိုင်အောင် တတတ်တအား ပါဝင် လုပ်ဆောင် ရဦးပေလိမ့်မည်။

P90215-134338.jpg

အတန်းကြီးများကတော့ ထားပါတော့၊ အတန်းငယ်များကပါ ထိုကဲ့သို့ကြီး ဖြစ်နေပြန်တော့ သိပ်မဟုတ်သေးပေ။ နောက်တတန်းအတွက် ကျူရှင် ကြိုထားနေခြင်း ဖြစ်၏။ အိမ်က အမများကိုတော့ မှာထားရ၏။ ကျနော့် တူလေးနှင့် တူမလေးကို ကျူရှင် မထားသေးရန် ဖြစ်၏။ ဒါတောင် သူတို့က တချက်တချက်မှာ ကျူရှင်ထားချင်သည့် အသံက ထွက်လာသေး၏။ ကျနော်က ပြင်းပြင်းထန်ထန် ပြောထားလို့သာ သူတို့် မထားကြခြင်း ဖြစ်၏။ ဟုတ်တယ်လေ KG ဖြေပြီးစ ကလေးကို တတန်းစာ ကြိုသင်ခိုင်းမည် ဆိုပဲ။ အတော်လေး ဆိုး၏။

ကြိုတင် ပြင်ဆင် အောင်ပွဲဝင်ဆိုပေမယ့် တချို့ကိစ္စတွေကတော့ ကြိုတင် ပြင်ဆင်စရာ လိုမည် မထင်ပေ။ ကလေးအတွက် ကလေး အတွက် ဆိုပြီး ကလေးကို ချစ်သလို မဖြစ်ပဲ နှစ်သလို ဖြစ်သွားတတ်၏။ (၁၀) လောက် ကျောင်းမှာ စည်းကမ်းအတိုင်း လိုက်နာပြီး သင်ကြားထားခဲ့ပြီး မဟုတ်လား။ (၃) လလုံး မဟုတ်တောင်၊ (၂) လလောက်တော့ ကလေးများကို နားစေချင်၏။ ခုဟာက တလလောက်လေးပဲ ပေးနားပြီး April လောက်ဆို ကျူရှင် ပို့ချင်နေပြီ ဖြစ်၏။ မိဘကလည်း သူတို့ မှန်သည်၊ ကလေးကလည်း နားချိန် လိုချင်သည်၊ ဆရာတွေ အနေနှင့်လည်း မိဘက လုပ်ချင်လာပြန်တော့ ဘာလုပ်လို့ လုပ်ပေးရမှန်း မသိပေ။ မိဘတွေ၏ လိုချင်မှု၊ လိုအပ်ချက်ကို ဖြည့်ပေးရင်း ကလေးကိုလည်း နားလည်မှုကို ယူပေးရ ပြန်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

နေ့ပူညချမ်း တပေါင်းလ သရမ်းချက်ကတော့....

Posted using Partiko Android

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!
Vote for @Steemitboard as a witness to get one more award and increased upvotes!

ဟုပ်​တယ်​တချို့မိဘ​တွေက အချစ်​မှားကြတယ်

ခုခေတ်ကလေးတွေ သနားတယ်ဗျာ ကိုယ်တွေတုန်းက
နွေကျောင်းပိတ်ရင် ကျွမ်းပစ်အောင်ကဲနေရတာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63955.40
ETH 3139.68
USDT 1.00
SBD 3.87