Sea Game (Chapter 1)

in #myanmar5 years ago

t5n9axz4v5.jpg

ဒီနေ့တော့ အိပ်ရေးပျက်ရသည့် အကြောင်းအရာများကို ခဏနားပြီး လက်ရှိ ကျင်းပနေသည့် ဆီးဂိမ်း ပြိုင်ပွဲ အကြောင်းကို ပြောလိုလှ၏။ အခြားတော့ မဟုတ် မြန်မာ ဘောလုံး အသင်းကြောင်း ဖြစ်၏။ မြန်မာ U 22 ဘောလုံး အသင်းဖြစ်၏။ ဒီနေရာမှာ အမျိုးသမီး အသင်းထက် အမျိုးသား အသင်းအကြောင်းကို အရင်ပြောလို၏။ အမျိုးသမီး အသင်းက တပွဲပဲ ကစားထားရသေးသည်ကိုး။ အုပ်စု အနေအထားအရလည်း အမျိုးသမီးအသင်းက (၃) သုံး တအုပ်စုသာ ဖြစ်သဖြင့် နောက်ထပ် တပွဲသာ ကစားဖို့ လိုသည်ကိုး။ အုပ်စု အဖွင့်ပဲ ဖိလစ်ပိုင်နှင့် သရေ ကျထား၏။

အမျိုးသား အသင်းသည် အုပ်စု (က) ကြီးတွင် မလေးရှား၊ ဖိလစ်ပိုင် (အိမ်ရှင်)၊ တီမော၊ ကမ္ဘောဒီးယားတို့နှင့် တအုပ်စုထဲ ကျနေရာက်နေ၏။ အုပ်စု (ခ) မှာတော့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ လာအို အစရှိသည့် အသင်းများ ယှဉ်ပြိုင်နေကြ၏။ အုပ်စု (ခ) ၏ စုဖွဲ့ထားမှုအရ မရဏအုပ်စုဆိုပြီး သတ်မှတ်ထားကြ၏။ တကယ်လည်း မှန်နေသည်ကိုး။ လာအို အသင်းအနေနှင့်တော့ အုပ်စု တက်ဖို့က မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ပေ။ ကျန် အသင်း (၄) သင်းကပဲ အုပ်စု ပ၊ ဒု လုရမည့် သဘောသာ ရှိ၏။

895vfxm4iv.jpg

လက်ရှိ ကျနော် ဒီစာကို ရေးနေချိန်မှာတော့ မြန်မာအသင်းသည် အုပ်စုပွဲစဉ် သုံးပွဲ ကစားထားနိုင်ခဲ့ပြီ ဖြစ်၏။ မလေးရှားနှင့် (၁-၁) သရေ၊ အိမ်ရှင် ဖိလစ်ပိုင်ကို (၂-၁)၊ တီမော အသင်းကိုတော့ (၃-၁) နှင့် အနိုင်ရထားပါတယ်။ အုပ်စု တက်ဖို့တော့ အတော်လေး အခြေအနေ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စု ဗိုလ်နှင့် တက်နိုင်ဖို့ အုပ်စု နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ကမ္ဘောဒီးနှင့် ပွဲစဉ်ကို အနိုင် သို့မဟုတ် သရေ ကစားထားနိုင်ဖို့ လိုပါတယ်။ အနိုင်ဆိုလျှင်တော့ ပိုကောင်းတာပေါ့။ ယှဉ်ပြိုင်ကစားပြီးသွားခဲ့သည့် ပွဲစဉ်တွေကို ကြည့်ရရင် အားရစရာ အခြေအနေ၊ စွဲမက်စရာ ခြေစွမ်းမျိုး သိပ်ပြီး မတွေ့နေရပါဘူး။

(၃) ပွဲကစားပြီး (၃) ပွဲလုံး ပေးဂိုး ရှိနေခဲ့ပါတယ်။ ထို ပေးလိုက်ရသည့် ဂိုးတွေကလည်း တဖက်အသင်းက ထိုးဖောက်သွင်းယူသွားတာမျိုး မဟုတ်ပါဘူး။ ဆိုလိုတာက သူတို့ ကိုယ်ပိုင်အားထုတ်မှုမျိုးနှင့် သွင်းယူသွားနိုင်တဲ့ ဂိုးမျိုးတွေ မဟုတ်ပါဘူး။ မြန်မာအသင်း နောက်တန်းရဲ့ အမှားတွေကနေ တဆင့် ဂိုးတွေ ရယူသွားနိုင်ခဲ့တာပါ။ နောက်တန်းက သိသိသာသာကို အမှား များနေခဲ့၏။ တဖက်အသင်းသားတွေရဲ့ ဖိအားပေးမှုကြောင့် မှားယွင်းခဲ့ရသည်ဆိုလျှင်လည်း ဟုတ်သေး၏။ ခုဟာက ကိုယ့်အချင်းချင်း အပေးအယူမှာ လွဲနေခြင်း ဖြစ်၏။

မြန်မာအသင်း ပြန်ပေးလိုက်ရသည့် ဂိုးအားလုံး နောက်တန်းလူ အချင်းချင်း ဘောလုံး ပေးရမှ အမှားအယွင်း ဖြစ်ပြီး တဖက်အသင်းမှ ဘောလုံးကို ဖြတ်ယူသွားကာ ဂိုးအဖြစ်သွင်းယူူသွားကြခြင်း ဖြစ်၏။ ထိုအချက်ကတော့ တကယ့်ကို စိတ်မကျေနပ်စရာ ကောင်းလှ၏။ ရှေ့တန်းနှင့် အလယ်တန်း ကစားပုံက ကောင်းပေမယ့် နောက်တန်းက ယခုလို အမှားမျိုးကို ထပ်မံ ကျူးလွန်နေလျှင် နောက်ပိုင်း ပွဲစဉ်များတွင် ခက်ခဲနိုင်၏။ နောက်ထပ် ယှဉ်ပြိုင်ရမည့် ပွဲစဉ်များက အရေးလည်း ပါသလို၊ အရေးလည်း ကြီးလှ၏။ အမှားလည်း မခံပေ။ ထို့ပြင် နောက်တဆင့်မှာ ယှဉ်ပြိုင်ရမည့် အသင်းများက ကိုယ်ထက် ခြေတလှမ်းသာနေသော အသင်းများ ဖြစ်၏။ ယခုလို အမှားမျိုးကိုသာ ကျူးလွန်မိပါက တဖက်အသင်း အကြိုက် ဖြစ်သွားနိုင်၏။ သက်ဆိုင်ရာ အသင်း တာဝန်ရှိသူများ အနေနှင့် ယခုအမှားကို သေချာလေး ပြင်ဆင်နိုင်ခဲ့လျှင်တော့ နောက်ပိုင်း ယှဉ်ပြိုင်ရမည့် ပွဲစဉ်များ အတွက် ပိုကောင်းသွားနိုင်၏။ ဘယ်လိုများ ပြောင်းလဲ လာနိုင်သည်ကိုတော့ နောက်ပိုင်းပွဲစဉ်များကို ဆက်လက်စောင့်ကြည့် အားပေးရပေလိမ့်ဦးမည်။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 58447.77
ETH 3173.14
USDT 1.00
SBD 2.43