Raining

in #myanmar5 years ago

t5n9axz4v5.jpg

မကြာမီ သတင်းကျွတ်တော့မည်။ ခုချိန်ထိတော့ မိုးက မကုန်သေးပေ။ မိုးလေ ကင်းလွတ် သီတင်းကျွတ်ဆိုသည့် စကား မမှန်နိုင်တော့တာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ မိုးလေ မလွတ်ပေမယ့် အအေးကတော့ မပေါ့ပေ။ ညဖက်ညဖက် စအေးလာနေပြီ ဖြစ်၏။ ယခုနောက်ပိုင်း နေ့လည်ခင်းဖက် အတော်ပူ၏။ ဘာတဲ့ တော်သလင်းနေ ပုဇွန်သေ ဆိုသလား။ ပြောလည်း ပြောရလောက်အောင်ပင် နေ့လည်ခင်း နေက အတော်လေး ပူ၏။

မိုးက မိုးတွင်းအချိန်အခါတုန်းကလောက် သိပ်မရွာတော့ပေမယ့် ရွာတော့ ရွာနေသေး၏။ ယခင်လို ခန့်မှန်း လို့ မရ ရွာတာမျိုး မဟုတ်ဘဲ ခန့်မှန်းလို့ ရပြီ ဖြစ်၏။ ဒါလည်း တမျိုးတော့ ကောင်းသား။ အပြင်သွားလျှင် ယခင်လို မိုးကာ တကားကားနှင့် သွားနေစရာ မလိုတော့ပေ။ စတိုင် မလိုင်လေး ပြန်ထုတ်လို့ ရတာပေါ့လေ။ မိုးတွင်း မဟုတ်ပေမယ့် တချက်ချက်မှ ထထရွာသည့် မိုးက ခပ်ကြီးကြီး ရွာလေ့ ရှိ၏။ ဘယ်လောက်ထိများ ရွာလို့လည်း မေးက ရေကြီး၊ ရေမြုပ်သည်အထိ ရွာတတ်သည်ဟု ပြောလို့ ရ၏။

ထိုသို့ ကျနော် ပြောပါက မင်းဟာက ဟုတ်လို့လားကွာ၊ တောင်ကြီး ရေကြီးရတယ်လို့ဟု ပေါ့။ မှန်ပါသည်၊ ဟုတ်ပါသည် မတော်တဆများ မိုးအကြီးကြီးရွာလျှင် ရေမြုပ်သည့် နေရာ ရှိ၏။ မိုးကြီးကြီး ရွာက အချို့ ရပ်ကွက်လေးတွေ ရေမြုပ်၏။ တရပ်ကွက်လုံး မဟုတ်ပေမယ့် ရေမြောင်းဘေးရှိ အိမ်များ ရေမြုပ်လေ့ ရှိ၏။ ယခင် နှစ်များတုန်းက ရေကြီးသည် ဆိုပေမယ့် ခုလောက်ထိကြီးတော့ မဆိုးလှပေ။ ခုက တော်တော်ကို အခြေအနေဆိုးသည်ဟု ပြောလို့ ရ၏။ ယခင် လမ်းတွေ မကောင်းခင်၊ ရေမြောင်းတွေ မကြီးခင်၊ မကောင်းခင်၊ မသပ်ရပ်ခင်တုန်းက ရေကြီးသည်ဆိုပြီး သိပ်မကြားရပေ။ မြောင်းရေလျှံလေ့ ရှိပေမယ့် ကြီးသည်ဟုတော့ ပြောလို့ မရပေ။

တခါတလေ တော့လည်း တွေးမိ၏။ ကိုယ့်ရဲ့ ရှိတဲ့ ဥာဏ်ရည် သေးသေးလေးနဲ့ပေါ့။ နှစ်စဉ် ခုလို ကြုံကြုံနေရသည်ကို တာဝန်ရှိသူများက ဘာလို့ တစုံတရာ တစုံတခုမှ မလုပ်ကြတာလဲပေါ့။ လုပ်ရဲ့သားနဲ့ ကျနော်ပဲ မသိတာလားပေါ့။ တခုခု လုပ်လျှင် တခုခုတော့ ထူးရမှာ အသေအချာပင်။ ဘာမှ မလုပ်လို့ ဘာမှ မထူးခြားခြင်း ဖြစ်မည် ထင်၏။ ထို့ကြောင့် မိုးကြီးကြီး ရွာတိုင်း ရေလျှံ ရေမြုပ်နေရ တာပေါ့။ တာဝန် ရှိသူများ အနေနှင့် ယခု ကိစ္စကို အဖြေရှာသင့်၏။ ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်သင့်၏။ ယခုတော့ ထိုရေမြောင်းဘေး အိမ်လေးတွေမှာ မိုးကြီးတိုင်း လန့်လန့်နေရ၏။ ဘယ်အချိန်များ ရေတွေ အိမ်ထဲ ၀င်လာမလဲကိုပေါ့။

Don Jaun

MSC 31

Sort:  

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 700 posts. Your next target is to reach 750 posts.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

The new SteemFest⁴ badge is ready
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58397.49
ETH 2619.60
USDT 1.00
SBD 2.42