MVP

in #myanmar5 years ago

t5n9axz4v5.jpg

တရက်သားက ပြောပြ ဖြစ်သည့် ML အကြောင်း ဆက်ပြောပါဦးမည်။ Mage အမျိုးအစား hero ကို လေ့ကျင့်နေ ဖြစ်နေ၏။ Valir နှင့် Guinevere ဖြစ်၏။ Valir ကို ပို လေ့ကျင့်ဖြစ်၏။ မနေ့က Classic ဆော့နေရာကနေ Rank ပြောင်းဆော့ ကြည့်၏။ Valir ကို စမ်းကြည့်ချင်လို့လည်း ပါ၏။ ယခု ရာသီမှာ Valir ကို ပြင်ဆင် ဖြည့်စွက်မှုများ လုပ်ပေးထား၏။ Support role ကနေ Damage role ကို သိသိသာသာကြီး ပြောင်းသွား၏။

ထို့ကြောင့် ယခင်ထက်စာလျှင် သူ့ damage တွေက ပိုကြမ်းသွား၏။ ပိုပြီးတော့လည်း ထိရောက်၏။ ထို့ကြောင့် Rank level အမြင့် Epic အဆင့်များတွင် bun ခံရသည့် အဆင့်သို့ပင် ရောက်သွား၏။ ယခင်က Valir ကို ဘယ်သူမှ မ bun ကြပေ။ ယခုတော့ bun ယူရသည့် အထိပင်။ သူကလည်း သူပဲကိုး။ ယခု အသစ် ပြင်ဆင်ပြောင်းလဲ ပေးလိုက်သည့် skill ကြီးက ကြောက်ဖို့ ကောင်းလှ၏။ တဖက် ကစားသမားများကို တော်တော်ကြီး ဒုက္ခ ပေး၏။

s3t113m1k0.jpg

မနေ့က Rank မှာ ပွဲတိုင်း နီးပါးလောက် သူနှင့် ဆော့ပြီး အနိုင်ရခဲ့၏။ ပွဲတိုင်း အနိုင်ရသည့် အပြင် အကောင်းဆုံး ကစားနိုင်သူပါ ဖြစ်ခဲ့၏။ တပြိုက်နက်ထဲ (၄) ယောက် သတ်နိုင်သည့် ပွဲတောင် တပွဲ ပါခဲ့သေး၏။ ကျနော့် Rank ဆော့ကစားခဲ့သည့် သက်တမ်း တလျှောက် ထိုမျှထိ နိုင်ပွဲ မဆက်ဘူးပေ။ ထို့ပြင် ပွဲတိုင်း နီးပါးလည်း MVP မရဘူးပေ။ ရှေ့ရက်တွေ ဆော့ကစားစဉ်တုန်းက တောက်လျှောက် ရှုံးခဲ့ပြီး အခုချိန်မှာတော့ တဖြည်းဖြည်း နိုင်ပွဲ ပြရလာခဲ့ပြီ ဖြစ်၏။

ဤသည်ကပင် ဂိမ်း၏ သဘော သဘာဝပင် ဖြစ်မည် ထင်၏။ မည်သူမှ အမြဲ မနိုင်သလို၊ အမြဲလည်း မရှုံးဘူး မဟုတ်လား။ မည်သို့ပင် ဆိုစေ ယခု ML ဂိမ်းကိုတော့ နေ့စဉ်ကို ဆော့ကစား ဖြစ်နေ၏။ လက်ရည်လည်း တော်တော် တက်လာ၏။ အချိန်လည်း ကုန်တာကိုး။ အားချိန် အများစု ထိုဂိမ်းဆော့ရင်းနှင့်သာ ကုန်လွန်သွား၏။ တခါတလေ ကြပြန်တော့ မဆော့ဘဲ အခြားသူများ တင်ထားသည့် video များကို လိုက်ကြည့်ပြီးတော့လည်း နည်းနာယူ ဖြစ်၏။ ကိုယ့်ထက် ဆရာကျသူများ၏ ဆော့ကစားပုံများကို ကြည့်၊ မှတ်ထားပြီး ပြန်လေ့ကျင့်ပေါ့။

လောလောဆယ် တော့ Valir မှ Valir ဖြစ်လို့ နေတော့၏။ ဆော့လို့လည်း ကောင်းသည်ကိုး။ တိုက်ပွဲထဲကို နဖူးတွေ့ ဒူးတွေ့ ၀င်ပါစရာ မလိုဘဲ တိုက်ပွဲ ခပ်လှမ်းလှမ်းကနေ ရန်သူ့ အခြေအနေ ကြည့်ပြီး ပစ်နေရုံပဲကိုး။ နောက်နေ့မှ ဆက်ပြောပြပါဦးမည်။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62837.64
ETH 2542.11
USDT 1.00
SBD 2.65