Home (Chapter 7)

in #myanmar4 years ago

IMG_4862-01.jpeg

ကျနော့် အမ (မမကြီး) က မချစ်တတ်လို့ မဟုတ်ပေ။ သို့ပေမယ့် ခက်တာက သူက ချစ်ခြင်း မေတ္တာကို မဖော်ပြတတ်ခြင်း ဖြစ်၏။ သူ့သမီးကို ချစ်ပေမယ့် အမြဲတမ်း နီးပါး အော်ငေါက်နေတော့ ကလေးက သူ့အနား ကပ်ချင်ပေမယ့် မကပ်ပေ။ ကျနော့်တူမလေးက သူ့ မောင် (ကျနော့် တူလေး) သားအမိကို အားကျတာလည်း မပြောနှင့် ထိုသားအမိက တတွဲတွဲ တလုံးလုံးနှင့် မလား။ ကျနော့် မမကြီး အချစ်ကို မပြတတ်တာကို မပြောနှင့်။ သူ ကျနော့်ကို ချစ်မှန်း သိပေမယ့် ကျနော့်မှာ သူ့ကို ကြောက်လာခဲ့ရတာ (၁၀) တန်း အထိ ဖြစ်၏။

State ကျောင်းသား ဘဝမှာတုန်းက စာကျက် စာပြန်လျှင် အမေနှင့် မငယ်နား စာပြန်လျှင် သာသာယာယာ ချောချောချူချူပင်။ မထစ်မငေါ့ မမေ့မလျော့နှင့် ပြန်နိုင်၊ ဆိုနိုင်၏။ မမကြီးနား ပြန်ရ၊ ဆိုရလျှင်တော့ ရနေသည့်စာတွေပင် မေ့သွား ထစ်သွားတော့၏။ ထိုမျှထိ လွှမ်းမိုးနိုင်သော၊ ကြောက်ရသော မမကြီး ဖြစ်၏။ ခု ကျနော့်တူမလေးမှာလည်း ထိုသို့ ဖြစ်နေသည် ထင်တ၏။ ကလေးက သူ့အမေကို ချစ်သည်ထက် ကြောက်သည်က ပိုများ များနေမလားဟု ကျနော် တွေးနေမိ၏။

IMG_20200303_235516.jpg

ထို့ကြောင့် မကြာခဏ ကျနော့် အမ (မမကြီး) ကို သတိပေးနေရ၏။ ကလေးကို တအား မငေါက်၊ မဆူဖို့ကိုပေါ့။ တူမလေးကလည်း အမေကို သိပ် မတလှပေ။ စကတည်းက မမကြီး ဆူငေါက်လေ့ ရှိသည့်ပြင် နောက်ပိုင်း လွိုင်လင်ကို ပြောင်းရတော့ ကလေးက အမေနှင့် ဝေးနေသဖြင့် ယခင်ထက် ပိုစိမ်းသွား၏။ တူမလေး၏ အဓိကက သူ့မောင် ဖြစ်၏။ မငယ် လွိုင်ကော် ပြောင်း ရမည်ဆိုတော့ အရင်ဆုံး ငိုတာက ကျနော့် တူမလေး ဖြစ်၏။ သူ့ မောင်နှင့် ခွဲရတော့မည် ဆိုပြီး သူ့ခမျာ ဝမ်းနည်း ပက်လက်နှင့် ငိုနေတော့၏။ မနည်းကို ချော့ယူရ၏။

သူ စိတ်ဝင်စားသည့် English သင်တန်း၊ Math သင်တန်းတွေနှင့် ချော့ယူမှပဲ အငို တိတ်တော့၏။ တူမလေးက ထိုသို့ သဲသဲ လှုပ်သလောက် တူတောင်မောင်က ပြောင်းပြန်၊ သူ့အမ တဝက်လောက်တောင် သူက သူ့ အမကို မချစ်ဟု ပြောလို့ ရ၏။ ဆရာသမားက သူ့ အမေနှင့်သာ ဆိုလျှင် သူ့ ဦးလေး ကျနော်နှင့် သူ့အဖွား (ကျနော့် အမေ) မရှိလည်း ဖြစ်၏။ သူ့ အသက် သူ့ အမေ ဖြစ်ပြီး၊ တူမလေး၏ အသက်က သူ ဖြစ်၏။ ထို့ကြောင့်ပင် အမေနှင့် ကျနော့်မှာ ကလေးတွေ အတွက် အထူးသဖြင့် တူမလေး အတွက် စိတ်မကောင်း ဖြစ်ရခြင်း ဖြစ်၏။

ကလေးတွေ ကိစ္စပြီးနောက် ကိုယ်တွေ အတွက် ပူရပြန်၏။ ကိုယ်တွေ အတွက် ဆိုပေမယ့် အမေ့ အတွက်ပါ။ ကျနော့်မှာ အမေ့အတွက် ဘာတွေ လုပ်ပေး၊ ဘာတွေ ကူပေးနိုင်မလဲ ဆိုပြီး တွေးရ ပူရ ပြန်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Downvote challenge - Add up to 3 funny badges to your board
Use your witness votes and get the Community Badge
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57743.27
ETH 3083.77
USDT 1.00
SBD 2.42