Goodbye

in #myanmar5 years ago

t5n9axz4v5.jpg

ဒီနေ့ စိတ်မကောင်းစရာ သတင်း ကြားသိရ၏။ steemit မှာ လျှောက်လှမ်းနေသည့် မြန်မာ တယောက် steemit ကို ကျောခိုင်းသွားခြင်း ဖြစ်၏။ steemit တခုတည်းကို ကျောခိုင်းသွားခြင်း မဟုတ်။ သူ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ ခင်သူများ အားလုံးကိုပါ တပါတည်း နှုတ်ဆက်ပြီး ထွက်ခွာသွားခြင်း ဖြစ်၏။ အပြီးအပိုင်ကို နှုတ်ဆက် ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။ သူ့ steemit account name က @aggamun ဖြစ်၏။ ကျနော်နှင့်တော့ မရင်းနှီးပေ။ သို့ပေမယ့် သူ့ပိုစ့်များကို ကျနော် ဖတ်ဖြစ်၏။ ထို့အတူ သူလည်း ကျနော့် ပိုစ့်များကို ဖတ်လေ့ ရှိ၏။

အပြန်အလှန် vote, comment လေးများ ပေးရင်းနှင့် steemit မှာတော့ အထိုက်အလျောက် အတန်အသင့် သိရှိ ရင်းနှီးသည်ဟုတော့ ပြောလို့ ရ၏။ သူသည် စာရေးအား ကောင်း၏။ ကျနော်တို့လို အသင်းအဖွဲ့နှင့် သွားနေသူ မဟုတ်ဘဲ တကိုယ်တော် သမား ဖြစ်၏။ (အစောပိုင်းတုန်းက အသင်းအဖွဲ့ တခုခုနှင့် အတူ ချီတက်၏။ ထို အဖွဲ့ နာမည်လေးကိုတော့ မမှတ်မိပါ။ နောက်ပိုင်း ထိုအသင်းအဖွဲ့လေး ဘာကြောင့်ရယ် မသိ မရှိတော့ပေမယ့် သူကတော့ တကိုယ်တည်း ခရီးဆက် ချီတက်ဆဲ။) ခုလို steem ဈေးက မပြောပလောက်သည့် ပမာဏလေးမှာ စာရေး မပျက် ပိုစ့်တင် မပျက်သည်ကို ကြည့်ခြင်းဖြင့် စာရေးသားခြင်းကို တကယ်စိတ်ဝင်စားသည့် သူ ဟုတော့ ကျနော် မှတ်ချက်ချမိ၏။

1g7b42nf0s.jpg
ကိုရန်နိုင် ကောင်းရာသုဂတိ လားပါစေ

တခြား မကြည့်နှင့် ကျနော်တို့လို promotion နှင့် ချီတက်နေသည့် MSC ထဲမှာတောင် စာ ပုံမှန်ရေး၊ ပိုစ့် ပုံမှန် တင်သူက လက်ချိုးရေလို့ရသည့် အခြေအနေမှာ ရှိသည်ကိုး။ ယခု သူကတော့ ဘာအကူအညီမှ မရပေမယ့် ဆက်လက် ချီတက်နေသည်ကို ကြည့်ပြီး ချီးကျူးမိ၏။ အံသြမိ၏။ ကိုယ်ဆိုလျှင်ကော promotion မရှိတော့လျှင် vote များများ မရတော့လျှင်၊ အကျိုးအမြတ် တစုံတရာ မရတော့လျှင် ဆက်ရေး ဖြစ်ပါ့မလား ဆိုပြီး မေးကြည့်မိ၏။ ရေရာ သေချာသည့် အဖြေ တစုံတရာတော့ မရလာပေ။ အတန်ငယ် တွေဝေမိမည်မှာတော့ အမှန်ပင်။

ဒီနေ့ သူ ဆုံးသွားပြီ ဆိုသည့် သတင်းကို ကိုစော ထံက သိရတော့ အတော်လေးကို စိတ်မကောင်း ဖြစ်ရ၏။ တော်တော်လည်းကို အံသြမိ၏။ သူ့အသက်က (၃၀) သာ ရှိသေး၏။ ကျနော့် ထက် (၃) နှစ် ငယ်၏။ သူ၏ facebook account ထဲကို ၀င်ကြည့်မိတော့ သူ့ပုံစံလေးက နာတာရှည် ရောဂါ တခုခုကို ခံစားနေရသည့်ပုံပင်။ သူ ဆုံးသွားသည့် သတင်းကို သူ့ အသိမိတ်ဆွေ သူငယ်ချင်း၊ ဆွေမျိုးသားချင်းများက ၀မ်းနည်းစွာ ရေးသားကြ တင်ကြသည်ကို ကြည့်ခြင်းဖြင့် သူသည် လူချစ်လူခင် ပေါသူ၊ စိတ်သဘောထားကောင်းသူဟု မှတ်ချက်ချလို့ ရ၏။

သူ နှင့်အတူ steemit မှာ လျှောက်လှမ်းသူများကပါ ၀မ်းနည်းကြောင်း မှတ်တမ်းလေးများ ရေးတင်ထားသည်ကို ကြည့်ခြင်းဖြင့် သူသည် ပြင်ပ ဘ၀မှာကော online မှာပါ သူတပါးကို ကူညီပေးသူ တယောက် ဖြစ်သည်ကို တွေ့ရပြန်၏။ လူတော် လူကောင်း တယောက် ဆုံးရှုံးသွားရ ပြန်ပြီပေါ့။ သေခြင်းနှင့် တရားနှင့် ပတ်သက်ပြီးတော့လည်း တရားကျ နှလုံးသွင်းမိပြန်၏။ သူက နောက်ဆုံး အချိန်ထိ အားလုံးကို တရားပြသွားခဲ့၏။ အရာရာသည် မမြဲပါတကား။ သူ ကောင်းရာ သုဂတိသို့ လားပါစေသား ဆုတောင်းလိုက်ရပါ၏။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အဲ့ဒီ့အကိုက steemitမှာ တော်တော်ကြိုးစားတာ။ဆုံးသွားတာ စိတ်မကောင်းစရာပဲ။ထင်တောင်မထင်ထားဘူး။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63490.29
ETH 2598.32
USDT 1.00
SBD 2.78